နိုင်ငံကျော် လူရွှင်တော်တစ်ေ ယာက်ဖြစ်သလို ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်လည်းဖြစ်တဲ့ ဒိန်းဒေါင်ကတော့ သူ့ရဲ့ မရိုးနိုင်တဲ့ ပြက်လုံးတွေနဲ့ ပရိသတ်တွေ ဘဝအမော ပြေပျောက်အောင် ဖန်တီးပေးနေတာပဲ ဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေကြောင့် အနုပညာလောကနဲ့ ခဏတာ အဆက်အသွယ်ပြတ်တောက်သွား

တဲ့ ဒိန်းဒေါင်ကတော့ အခုဆိုရင် အနုပညာအလုပ်တွေနဲ့ အတူတူ သူကိုယ်တိုင်ဦးစီးတည်ထောင်ထားတဲ့ ချွန်တွန်းပရဟိတအသင်းကိုလည်း ဦးစီးနေတာပဲ ဖြစ်ပါတယ်။ လက်ရှိ ကိုဗစ်ကာလမှာလည်း ဒိန်းဒေါင်က သူ့ရဲ့ အသင်းနဲ့အတူတူ အခက်အခဲဖြစ်နေတဲ့သူတွေကို ကူညီပေးနေတာပဲ ဖြစ်ပါတ ယ်။

မနေ့က နိုဝင်ဘာလ (၁၆) ရက်နေ့မှာတော့ ဒိန်းဒေါင်က သူကိုယ်တိုင်ကြုံေ တွ့ခဲ့ရတဲ့ ထူးခြားဖြစ်စဉ်လေးကို “ချွန်တွန်းတို့ရဲ့Luckyနတ်သမီးလေးတစ်ပါး ကားပေါ်မှာမွေးဖွားခြင်းကျွန်တော်တို့ပရဟိတအသင်းအဖွဲ့လေးရဲ့ ကားပေါ်မှာထူးထူးခြားခြား ပထမဆုံးမွေးဖွားခြ င်းအတွက် ဝမ်းသာပီတိမျက်ရည်ကျမိပါတယ်ဗျာ

၇ ရက်သားသမီးများအားလုံးနှင့် အလှုရှင်များအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့ ဆုတောင်းမေတ္တာများ ပို့သအပ်ပါသည်ခင်မျာ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စ ာမျက်နှာမှာ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒိန်းဒေါင်ကတော့ သူတို့ရဲ့ ပရဟိတအသင်းကားပေါ်မှာပဲ ကိုယ်ဝန်ဆောင်မီးဖွားခဲ့တဲ့ ထူးထူးခြားခြာ းဖြစ်စဉ်ကြောင့် ပီတိမျက်ရည် ကျခဲ့ရတယ်လို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Top Stars ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါ တယ်နော်။

unicode




