ခ်စ္ပရိသတ္ႀကီးေရ တစ္ခ်ိန္က ဆံပင္ရွည္ရွည္၊ အျပံဳးလွလွေလးေတြနဲ့ ပရိသတ္ေတြရဲ့ အသည္းနွလံုးကို ဖမ္းစားနိုင္ခဲ့တဲ့ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ လင္းဇာနည္ေဇာ္ကေတာ့ ဒီေန့ဒီအခ်ိန္ထိ အနုပညာနယ္ပယ္ထဲမွာ နာမည္တစ္လံုးနဲ့ ရပ္တည္ေနဆဲပါ။ လင္းဇာနည္ေဇာ္ကေတာ့ အနုပညာအလုပ္ေတြကို ျပဳလုပ္သလို သူမရဲ့ ခ်စ္စရာေကာင္းတဲ့ သမီးေခ်ာေလး ျမဴလင္းကိုကိုကို ေစာင့္ေရွာက္ရင္း Single Mother တစ္ေယာက္အျဖစ္ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ လင္းဇာနည္ေဇာ္က သူမရဲ့ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေတြကို လုပ္ကိုင္ျပီး ေန့ရက္တုိင္းကို မိသားစုဝင္ေတြနဲ့ ေအးေအးေဆးေဆးျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။

လက္ရိွ ကိုဗစ္ကာလမွာေတာ့ အလုပ္ေတြပါးသြားခဲ့တဲ့ လင္းဇာနည္ေဇာ္က သူမရဲ့ သမီးေလး ျမဴလင္းကိုကိုအတြက္ပဲ အခ်ိန္ေတြေတာ္ေတာ္မ်ားမ်ား ကုန္ဆံုးျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာလည္း လင္းဇာနည္ေဇာ္တို့ သားအမိနွစ္ေယာက္က Master Chef Myanmar ျပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္တဲ့ မေအးသဇင္ဆီမွာ ကိတ္မုန့္ဖုတ္နည္းနဲ့ ပီဇာဖုတ္နည္းသင္ယူျပီး ကုိဗစ္ကာလကို အက်ိဳးရိွရိွ ျဖတ္သန္းေနၾကတာပဲ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ မင္းသမီး လင္းဇာနည္ေဇာ္တုိ့ သားအမိနွစ္ေယာက္ကေတာ့ ရုပ္ခ်င္းဆင္ရံုသာမက ဝါသနာခ်င္းလည္းထပ္တူက်တဲ့ သားအမိေတြပဲေနာ္။ ပရိသတ္ၾကီးလည္း လင္းဇာနည္ေဇာ္တို့ သားအမိနွစ္ေယာက္ရဲ့ ၾကည္နူးစရာ အမွတ္တရေတြကိုၾကည့္ျပီး ေက်နပ္ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္…။

Source: Lin Zarni Zaw ‘s fb
Credit – Cele Connections

ချစ်ပရိသတ်ကြီးရေ တစ်ချိန်က ဆံပင်ရှည်ရှည်၊ အပြုံးလှလှလေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့တဲ့ သရုပ်ဆောင် မင်းသမီးချော လင်းဇာနည်ဇော်ကတော့ ဒီနေ့ဒီအချိန်ထိ အနုပညာနယ်ပယ်ထဲမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေဆဲပါ။ လင်းဇာနည်ဇော်ကတော့ အနုပညာအလုပ်တွေကို ပြုလုပ်သလို သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးချောလေး မြူလင်းကိုကိုကို စောင့်ရှောက်ရင်း Single Mother တစ်ယောက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လင်းဇာနည်ဇော်က သူမရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ပြီး နေ့ရက်တိုင်းကို မိသားစုဝင်တွေနဲ့ အေးအေးဆေးဆေးဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

လက်ရှိ ကိုဗစ်ကာလမှာတော့ အလုပ်တွေပါးသွားခဲ့တဲ့ လင်းဇာနည်ဇော်က သူမရဲ့ သမီးလေး မြူလင်းကိုကိုအတွက်ပဲ အချိန်တွေတော်တော်များများ ကုန်ဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း လင်းဇာနည်ဇော်တို့ သားအမိနှစ်ယောက်က Master Chef Myanmar ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ မအေးသဇင်ဆီမှာ ကိတ်မုန့်ဖုတ်နည်းနဲ့ ပီဇာဖုတ်နည်းသင်ယူပြီး ကိုဗစ်ကာလကို အကျိုးရှိရှိ ဖြတ်သန်းနေကြတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းသမီး လင်းဇာနည်ဇော်တို့ သားအမိနှစ်ယောက်ကတော့ ရုပ်ချင်းဆင်ရုံသာမက ဝါသနာချင်းလည်းထပ်တူကျတဲ့ သားအမိတွေပဲနော်။ ပရိသတ်ကြီးလည်း လင်းဇာနည်ဇော်တို့ သားအမိနှစ်ယောက်ရဲ့ ကြည်နူးစရာ အမှတ်တရတွေကိုကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Lin Zarni Zaw ‘s fb
Credit – Cele Connections