ခ်စ္ပရိသတ္ႀကီးေရ ျမန္မာအိုင္ေဒါလ္ ၿပိဳင္ပြဲကေနတဆင့္ ပရိသတ္အားေပးမႈ အခိုင္အမာရရွိခဲ့ၿပီး အႏုပညာလမ္းေၾကာင္းေပၚ မွာ ေလွ်ာက္လွမ္းေနတဲ့ Benjamin Sum ကေတာ့ ကိုယ္ပိုင္သီခ်င္းေလးေတြနဲ႔အတူ ပရိသတ္ေတြ ရဲ႕ အားေပးမႈကို တခဲနက္ ထပ္မံရရွိခဲ့ပါတယ္ ။ ဒါ့အျပင္ (၂၀၂၀) ကေတာ့ သူ႔အတြက္ ကံေကာင္းတဲ့ႏွစ္တစ္ႏွစ္လို႔ေတာင္ဆိုရမွာပါ ။

Benjamin ကေတာ့ ၂၀၂၀ မွာ ကိုဗစ္ေရာဂါ ေၾကာင့္ အားလုံးမွာအခက္အခဲေလးေတြရွိခဲ့ၾကေပမယ့္ ေက်းဇူးေတာ္ေၾကာင့္ ဆုငါးဆုကိုရရွိခဲ့တဲ့အေၾကာင္းကို ပရိသတ္ေတြကို လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ေျပာျပလာခဲ့ပါတယ္ ။ ေတးေရးဆရာမ်ား၊ ပါဝင္တီးခတ္ေပးၾကသူမ်ား၊ သီခ်င္းေတြကိုနားဆင္ေပးၾကသူမ်ား၊ သက္ဆိုင္ရာဆုခ်ီးျမႇင့္ေပးၾကသူမ်ား နဲ႔ ကြၽန္ေတာ့္ကိုအဖက္ဖက္မွကူညီေပးၾကသူမ်ားအားလုံးကို ေက်းဇူးအထူးတင္ရွိေၾကာင္းကိုလည္း ေရးသားေဖာ္ျပခဲ့ပါတယ္ ။

ဒီႏွစ္ ၂၀၂၁ႏွစ္ မွာလည္းကြၽန္ေတာ္ဆက္လက္ၿပီး အမ်ားႀကီးႀကိဳးစားသြားပါမွာျဖစ္ေၾကာင္း ပရိသတ္ေတြကို ကတိစကားဆိုခဲ့ပါတယ္ ။ Benjamin Sum ရဲ႕ ပရိသတ္ေတြကေတာ့ အႏုပညာလမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းကာစမွာပဲ ဆုငါးဆု ရရွိခဲ့တဲ့ အတြက္ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း မွတ္ခ်က္ေလးေတြ ေရးသားခဲ့ၾကပါတယ္ ။

Source : Benjamin Sum
credit (Cele Gabar)

ချစ်ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါလ် ပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့ပြီး အနုပညာလမ်းကြောင်းပေါ် မှာ လျှောက်လှမ်းနေတဲ့ Benjamin Sum ကတော့ ကိုယ်ပိုင်သီချင်းလေးတွေနဲ့အတူ ပရိသတ်တွေ ရဲ့ အားပေးမှုကို တခဲနက် ထပ်မံရရှိခဲ့ပါတယ် ။ ဒါ့အပြင် (၂၀၂၀) ကတော့ သူ့အတွက် ကံကောင်းတဲ့နှစ်တစ်နှစ်လို့တောင်ဆိုရမှာပါ ။

Benjamin ကတော့ ၂၀၂၀ မှာ ကိုဗစ်ရောဂါ ကြောင့် အားလုံးမှာအခက်အခဲလေးတွေရှိခဲ့ကြပေမယ့် ကျေးဇူးတော်ကြောင့် ဆုငါးဆုကိုရရှိခဲ့တဲ့အကြောင်းကို ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပြောပြလာခဲ့ပါတယ် ။ တေးရေးဆရာများ၊ ပါဝင်တီးခတ်ပေးကြသူများ၊ သီချင်းတွေကိုနားဆင်ပေးကြသူများ၊ သက်ဆိုင်ရာဆုချီးမြှင့်ပေးကြသူများ နဲ့ ကျွန်တော့်ကိုအဖက်ဖက်မှကူညီပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းကိုလည်း ရေးသားဖော်ပြခဲ့ပါတယ် ။

ဒီနှစ် ၂၀၂၁နှစ် မှာလည်းကျွန်တော်ဆက်လက်ပြီး အများကြီးကြိုးစားသွားပါမှာဖြစ်ကြောင်း ပရိသတ်တွေကို ကတိစကားဆိုခဲ့ပါတယ် ။ Benjamin Sum ရဲ့ ပရိသတ်တွေကတော့ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းကာစမှာပဲ ဆုငါးဆု ရရှိခဲ့တဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။

Source : Benjamin Sum
credit (Cele Gabar)