


Credit ; (CeleChitThu)

မင်္ဂလာပါ ပရိသတ်ကြီးရေ အဆိုတော်မင်းသားတစ်လက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက် ဘူးထင်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ အနုပညာနဲ့ပတ်သက်လာရင် ဘက်စုံထူးချွန်တဲ့သူတစ်ဦးပါပဲနော်။ သူရဲ့ ထွက်ရှိသမျှ သီချင်းတွေ ဟာဆိုရင်လည်း ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတာပဲဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ လတ်တလောမှာ ဖျော်ဖြေရေးပွဲအမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဇန်နဝါရီလ(၃၀)ရက်နေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်က”မနှစ်က ဒီအချိန် ပိတောက်ကဖို့ အသည်းအသန်လုံးပန်းနေတာပေါ့ ဒီနှစ် သင်္ကြန်မှာ ပြန်ပြခွင့်ရရင်သိပ်ကောင်းမှာပဲ ကျနော်တို့ အားလုံး ဆုတောင်းနေကြပါတယ် “လို့ဆိုပြီး ကြိုးစားထားတဲ့ ဇာတ်ကားကြီးဖြစ်တဲ့ ပိတောက်ဂီတဇာတ်ကားကို ဒီနှစ်သင်္ကြန်မှာ ပြခွင့်ရဖို့ဆုတောင်းနေကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာ ခဲ့တာပဲဖြစ်ပါတယ်။

ကိုဗစ်ကြောင့် ရပ်နားထားခံရတဲ့ ဇာတ်ကားကြီးကို ပြန်လည်ပြသခွင့်ရဖို့အတွက် ဆုတောင်းစကားဆို လာတာလေးကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါ တယ်နော်…။

Source….Sai Sai Kham Leng’s Facebook
Credit ; (CeleChitThu)