



Source: Wutt Hmone Shwe Yi’s fb

မင်းသမီးချောလေး အကယ်ဒမီ ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ကောင်းသလို ကျရာဇာတ်ရုပ်အပေါ် တာဝန်ကျေလွန်းတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။သရုပ်ဆောင်မင်းသမီး ဝတ်မှုံရွှေရည်ကတော့ (၂၀၂၀) ခုနှစ်မှာ သူမရဲ့ အနုပညာလှုပ်ရှားမှု တော်တော်များများကို ရပ်နားခဲ့ရပေမယ့် ပရိသတ်တွေနဲ့ အမြဲတမ်း အဆက်အသွယ်မပြတ်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့ (၂၀၂၁) ခုနှစ်အစမှာတော့ ဝတ်မှုံရွှေရည်က သူမဖြတ်သန်းခဲ့တဲ့ (၂၀၂၀) ခုနှစ်နဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောပြလာပါတယ်..။

“ Hello 2️⃣0️⃣2️⃣1️⃣ 🎉 အားလုံးပဲ မင်္ဂလာနှစ်သစ်လေး ဖြစ်ကြပါစေနော်။ ကစ်အတွက်တော့ (၂၀၂၀) က Covid ဖြစ်တာကလွဲရင် အစစအရာရာ blessing ဖြစ်ရတဲ့ နှစ်လေးတစ်နှစ်ပါ… ✨ အလုပ်အကိုင်တွေလည်း အဆင်ပြေပြီး ကစ်လုပ်ချင်တဲ့ Brand တွေနဲ့ အတူတကွ လက်တွဲလုပ်ဆောင်ခွင့် ရခဲ့ပါတယ်။ (၂၀၂၁) အတွက်လည်း ဆက်လက်လုပ်ဆောင်ဖို့ ထပ်မံ ကမ်းလှမ်းခံခဲ့ရပြီး တခြား အပြင်စီးပွါးရေးလုပ်ငန်းအ သစ်တွေလည်း စတင်ဖြစ်ခဲ့ပါတယ်။ အတွေ့အကြုံအသစ်တွေ၊ သင်ခန်းစာအသစ်တွေ လေ့လာခွင့်ရခဲ့တာမို့ ကိုယ့်ကိုယ်ကိုယ် Productive ဖြစ်တယ်လို့ ခံစားရတယ်။ အတူတကွ လက်တွဲလုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ကြတဲ့ စီးပွါးရေးလုပ်ငန်းရှင် တစ်ဦးတစ်ေ ယာက်ချင်းစီကိုလည်း ရင်ထဲကနေ ကျေးဇူးအထူးတင်ရှိပါတယ်.. ”

“ ကစ် ဘာလေးလုပ်လုပ် အမြဲတမ်း စောင့်ကြည့်အားပေးကြတဲ့ ကစ်ရဲ့ ပရိတ်သတ်အယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ 🙏 ကိုယ့်ကိုယ်ကိုယ် တစ်ရက်ထပ်တစ်ရက် Content ဖြစ်ဖို့ ကြိုးစားရင်း ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာ ဘာလဲဆိုတာလဲ ဆန်းစစ်လေ့လာပြီး ပြန်လည် သုံးသပ်ဖြစ်ခဲ့ပါတယ်။ မိသားစုမှာလည်း ပျော်ရွှင်စရာတွေနဲ့ ပြီးပြည့်စုံခဲ့ပြီး တခြားလူမှုရေးပိုင်းမှာလည်း စိတ်ချမ်းသာမှုတွေနဲ့ ပြည့်စုံခဲ့ရတဲ့ နှစ်လေး တစ်နှစ်ပါ… ကိုယ့်ကို ချစ်တဲ့သူတွေ၊ ကိုယ်ကချစ်ရတဲ့သူတွေနဲ့ နေ့ရက်တိုင်း စိ တ်ချမ်းချမ်းသာသာ ဖြတ်သန်းခဲ့ရတာမို့ အကုန်လုံးခြုံငုံ သုံးသပ်ရရင် အဆင်ပြေ ပျော်ရွှင်ခဲ့ရတဲ့ နှစ်လေးတစ်နှစ်ပါ… ❤️ စိန်ခေါ်မှုအသစ်တွေ၊ ခြေလှမ်းအသစ်၊ အလုပ်အသစ်တွေနဲ့ (၂၀၂၁) ကိုလည်း ဆက်လက်ဖြတ်သန်းဖို့ ရင်ခုန်စိတ်လှုပ်ရှားရင်း ကစ်ကတော့ Ready ဖြစ်နေပါပြီ ” ဟုဆိုပြီး ပြောလာပါတယ်..။

သရုပ်ဆောင်အကယ်ဒမီ ဝတ်မှုံရွှေရည်ကတော့ သူမရဲ့ (၂၀၂၀) ခုနှစ်မှာ အစစအရာရာ အဆင်ပြေချောမွေ့ခဲ့ပြီး ကြည်နူးစရာကောင်းတဲ့ နှစ်လေးတစ်နှစ် ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ (၂၀၂၁) ခုနှစ်မှာလည်း ကစ်ကစ်တစ်ယောက် ဒီထက်မက အောင်မြင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေနော်။ ဖ တ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – Cele Connections