ခ်စ္လွစြာေသာ ပရိတ္သတ္ႀကီးေရ လူရႊင္ေတာ္ တိုင္းေက်ာ္ ကေတာ့ ဟာသျပက္လုံးမ်ားျဖင့္ ပရိသတ္ေတြရဲ့ဘဝအေမာေတြ ေျပေပ်ာက္ေအာင္ လုပ္ေဆာင္ ေပးခဲ့သူတစ္ဦး ျဖစ္ပါတယ္။ သူကေတာ့ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကေန ရပ္တည္ေပးခဲ့သူျဖစ္ၿပီး အခုလက္ရွိမွာလည္း ေတာ္လွန္ေရးတိုက္ပြဲ မ်ား အတြက္ လြတ္ေျမာက္နယ္ေျမတြင္ စစ္သင္တန္းတက္ေရာက္ေနတာ ျဖစ္ပါတယ္..။

မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း တိုင္းေက်ာ္ရဲ့ လူမႈကြန္ယက္တြင္ ပြဲကစဥ္အခ်ိန္တုန္းက ဇာတ္မင္းသားေခ်ာ ဟန္ဇာမိုးဝင္းေျပာခဲ့တဲ့စကားတစ္ခြန္းကို အမွတ္တရအျဖစ္နဲ႔ ျပန္လည္ ေျပာျပလာတာ ျဖစ္ပါတယ္။ သူတို႔ ဟားငါးေကာင္အဖြဲ႕ ပြဲကၿပီး အျပန္ရန္ကုန္ၿမိဳ႕အဝင္ မဂၤလာဒုံက်ိဳက္ကၠေလာ့ ဘုရားပြဲမွာ ကိုဟန္ႀကီးပြဲကေနတာနဲ႔ ၾကဳံဆုံတဲ့အတြက္ ပြဲခင္းထဲသို႔႐ုံဝင္ေၾကးေပးၿပီး သြားၾကည့္ျဖစ္ခဲ့ပါတယ္။ သူဇာတ္႐ုံထဲအေရာက္မွာစတိတ္ရွိုးအစီအစဥ္တြင္ ကိုဟန္ႀကီးေဖ်ာ္ေနစဥ္ သီခ်င္းေလးပုဒ္ေျမာက္အေရာက္မွာ မူးေနတဲ့ ပရိသတ္တစ္ဦးကစင္ေပၚ ထိထက္လာကာ ေဖ်ာ္ေျဖေနတဲ့ အႏုပညာရွင္ေတြ အေႏွာင့္အယွက္ျဖစ္ေစတဲ့အထိ မူးမူး႐ူး႐ူးနဲ႔ ကေနတာျဖစ္ပါတယ္။ ဒီလိုျဖစ္ရပ္ေၾကာင့္ သီခ်င္းဆိုတာကိုရပ္ၿပီး ေႏွာင့္ယွက္ေနတဲ့ ပရိသတ္တစ္ဦးကို ဟန္ဇာမိုးဝင္းေျပာလိုက္တဲ့ စကားတစ္ခြန္းအား အခုလို ေရးသားေျပာျပလာတာ ျဖစ္ပါတယ္..။

” ကိုဟန္ႀကီး သီခ်င္း ဆိုေနတာကို ရပ္လိုက္ၿပီး ဟိုလူကိုေအးေအးေဆးေဆး ရပ္ၾကည့္လိုက္တယ္ ပြဲခင္းႀကီးခ်က္ခ်င္း ၿငိမ္သက္သြားသလို စင္ေပၚတက္ကတဲ့ ငမူးလည္း ေၾကာင္ေတာင္ေတာင္နဲ႔ သူမဟုတ္သလို ၿငိမ္သြားတယ္ မတ္တတ္ရပ္ႀကီး။ ကိုဟန္ႀကီး က ပုံမွန္စကားေျပာေနက်အသံတိုင္းအမူးသမား ကို ေျပာလိုက္တဲ့စကားကို ကၽြန္ေတာ္ တစ္သက္မေမ့ဘူး။ ဒီဇာတ္ခုံေလးအေပၚမွာကၽြန္ေတာ္ တို႔ လူ ၂၀ ၊ ၃၀ ေဖ်ာ္ေျဖၾကတယ္ တင္ဆက္ၾကတယ္ ဒီဇာတ္ခုံေလးကို အဖီဆြဲၿပီး လူ ၆၀ ၊ ၇၀ ေနၾက ၊ စားၾက ၊ အိပ္ၾက နဲ႔ ကၽြန္ေတာ္တို႔ ေနရတဲ့ ေနရာေလးက က်ဥ္းက်ဥ္းေလးပါဗ်ာ။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ ေနရာေလးကို မက္ေမာတယ္ တန္ဖိုးထားတယ္ အထိမခံနိုင္ဘူးဗ်ာ ဒဲ့ေျပာတာ ခင္ဗ်ားကို ေပးထား တဲ့ ေနရာကို ခင္ဗ်ားၾကည့္

ပရိသတ္ ဘက္ကို (လက္ညိဳးထိုးျပရင္း) အက်ယ္ႀကီး ေပးထားတာ ႀကိဳက္တဲ့ ေနရာ သြားက ကၽြန္ေတာ္ ေနရာ ကို မထိနဲ႔ဗ်ာ။ ပရိသတ္က ကိုဟန္ႀကီး စကားအဆုံး လက္ခုပ္တီးတဲ့အသံကို ကၽြန္ေတာ္ အခုထိၾကားေယာင္ေနဆဲ။ ထို အမူးသမား ကေတာ့ ကုပ္ကုပ္ေလး စင္ေပၚက ဆင္း သြားရွာေလရဲ့ ကိုယ့္ေနရာ ကိုယ္မေနေသာ လူ ဟု ပင္ေျပာရခက္ေသာ (… ) ကေတာ့ ဘယ္လိုဆင္းေပးမလည္းဟုကၽြန္ေတာ္ ေတြးရင္း..လြမ္းတယ္ ဘဲႀကီးေရ အတူကၾကမယ္ဗ်ာ ေအာင္ပြဲ နဲ႔ အတူ ( လြမ္းေတာ့လြမ္းတာေပါ့ ခဏ ေလး ေတာ့ ေစာင့္ ဦးေနာ္ ) ” ဟုဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ သူမွတ္သားထားတဲ့ စကားတစ္ခြန္းရဲ့တန္ဖိုးကို ပရိသတ္ေတြကို ျပန္လည္ေဝမၽွေပးလာတဲ့အတြက္ ခ်ီးက်ဴးစရာေကာင္းလွပါတယ္။ဖတ္ရႈ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာ
ယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Source and Photo Crd-Taingkyaw’s Facebook Account

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ လူရွှင်တော် တိုင်းကျော် ကတော့ ဟာသပြက်လုံးများဖြင့် ပရိသတ်တွေရဲ့ဘဝအမောတွေ ပြေပျောက်အောင် လုပ်ဆောင် ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးခဲ့သူဖြစ်ပြီး အခုလက်ရှိမှာလည်း တော်လှန်ရေးတိုက်ပွဲ များ အတွက် လွတ်မြောက်နယ်မြေတွင် စစ်သင်တန်းတက်ရောက်နေတာ ဖြစ်ပါတယ်..။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း တိုင်းကျော်ရဲ့ လူမှုကွန်ယက်တွင် ပွဲကစဉ်အချိန်တုန်းက ဇာတ်မင်းသားချော ဟန်ဇာမိုးဝင်းပြောခဲ့တဲ့စကားတစ်ခွန်းကို အမှတ်တရအဖြစ်နဲ့ ပြန်လည် ပြောပြလာတာ ဖြစ်ပါတယ်။ သူတို့ ဟားငါးကောင်အဖွဲ့ ပွဲကပြီး အပြန်ရန်ကုန်မြို့အဝင် မင်္ဂလာဒုံကျိုက်က္ကလော့ ဘုရားပွဲမှာ ကိုဟန်ကြီးပွဲကနေတာနဲ့ ကြုံဆုံတဲ့အတွက် ပွဲခင်းထဲသို့ရုံဝင်ကြေးပေးပြီး သွားကြည့်ဖြစ်ခဲ့ပါတယ်။ သူဇာတ်ရုံထဲအရောက်မှာစတိတ်ရှိုးအစီအစဉ်တွင် ကိုဟန်ကြီးဖျော်နေစဉ် သီချင်းလေးပုဒ်မြောက်အရောက်မှာ မူးနေတဲ့ ပရိသတ်တစ်ဦးကစင်ပေါ် ထိထက်လာကာ ဖျော်ဖြေနေတဲ့ အနုပညာရှင်တွေ အနှောင့်အယှက်ဖြစ်စေတဲ့အထိ မူးမူးရူးရူးနဲ့ ကနေတာဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်ကြောင့် သီချင်းဆိုတာကိုရပ်ပြီး နှောင့်ယှက်နေတဲ့ ပရိသတ်တစ်ဦးကို ဟန်ဇာမိုးဝင်းပြောလိုက်တဲ့ စကားတစ်ခွန်းအား အခုလို ရေးသားပြောပြလာတာ ဖြစ်ပါတယ်..။

” ကိုဟန်ကြီး သီချင်း ဆိုနေတာကို ရပ်လိုက်ပြီး ဟိုလူကိုအေးအေးဆေးဆေး ရပ်ကြည့်လိုက်တယ် ပွဲခင်းကြီးချက်ချင်း ငြိမ်သက်သွားသလို စင်ပေါ်တက်ကတဲ့ ငမူးလည်း ကြောင်တောင်တောင်နဲ့ သူမဟုတ်သလို ငြိမ်သွားတယ် မတ်တတ်ရပ်ကြီး။ ကိုဟန်ကြီး က ပုံမှန်စကားပြောနေကျအသံတိုင်းအမူးသမား ကို ပြောလိုက်တဲ့စကားကို ကျွန်တော် တစ်သက်မမေ့ဘူး။ ဒီဇာတ်ခုံလေးအပေါ်မှာကျွန်တော် တို့ လူ ၂၀ ၊ ၃၀ ဖျော်ဖြေကြတယ် တင်ဆက်ကြတယ် ဒီဇာတ်ခုံလေးကို အဖီဆွဲပြီး လူ ၆၀ ၊ ၇၀ နေကြ ၊ စားကြ ၊ အိပ်ကြ နဲ့ ကျွန်တော်တို့ နေရတဲ့ နေရာလေးက ကျဉ်းကျဉ်းလေးပါဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ နေရာလေးကို မက်မောတယ် တန်ဖိုးထားတယ် အထိမခံနိုင်ဘူးဗျာ ဒဲ့ပြောတာ ခင်ဗျားကို ပေးထား တဲ့ နေရာကို ခင်ဗျားကြည့်

ပရိသတ် ဘက်ကို (လက်ညိုးထိုးပြရင်း) အကျယ်ကြီး ပေးထားတာ ကြိုက်တဲ့ နေရာ သွားက ကျွန်တော် နေရာ ကို မထိနဲ့ဗျာ။ ပရိသတ်က ကိုဟန်ကြီး စကားအဆုံး လက်ခုပ်တီးတဲ့အသံကို ကျွန်တော် အခုထိကြားယောင်နေဆဲ။ ထို အမူးသမား ကတော့ ကုပ်ကုပ်လေး စင်ပေါ်က ဆင်း သွားရှာလေရဲ့ ကိုယ့်နေရာ ကိုယ်မနေသော လူ ဟု ပင်ပြောရခက်သော (… ) ကတော့ ဘယ်လိုဆင်းပေးမလည်းဟုကျွန်တော် တွေးရင်း..လွမ်းတယ် ဘဲကြီးရေ အတူကကြမယ်ဗျာ အောင်ပွဲ နဲ့ အတူ ( လွမ်းတော့လွမ်းတာပေါ့ ခဏ လေး တော့ စောင့် ဦးနော် ) ” ဟုဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ သူမှတ်သားထားတဲ့ စကားတစ်ခွန်းရဲ့တန်ဖိုးကို ပရိသတ်တွေကို ပြန်လည်ဝေမျှပေးလာတဲ့အတွက် ချီးကျူးစရာကောင်းလှပါတယ်။ဖတ်ရှု့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာ
ယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit; MMLoad