ကိုယ်ပိုင်သီချင်းတွေနဲ့ ပဲရှေ့ဆက်တော့မယ့် The Voice Myanmar ပြိုင်ပွဲဝင် ထိုက်ကြီး

Cele weekly ပရိသတ်ကြီး ရေအပတ်စဉ်တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်တင်ဆက်နေတဲ့ The Voice Myanmarသီချင်းဆိုပြိုင်ပွဲကြီးကတော့ မနေ့ညက Episode-12 ပထမဆုံး Knockouts Round ပွဲကို Live လွှင့်တင်ဆက်ခဲ့ပြီဖြစ်ပါတယ်။

Team အာဇာနည်၊ Team ရန်ရန်ချမ်း နဲ့ Team နီနီတို့က ပြိုင်ပွဲဝင် Team တစ်ဖွဲ့စီက လေးယောက်စီ စုစုပေါင်း ပြိုင်ပွဲဝင်(၁၂) ယောက်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်တချို့နှုတ်ဆက်ထွက်ခွာခဲ့ရတာပဲဖြစ်ပါတယ်။

ဟိုးအရင်ကတည်းက အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရထားသလို The Voice Myanmar ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Team အာဇာနည်အဖွဲ့ဝင် အဆိုတော်ထိုက်ကြီးကတော့ မနေ့ကယှဉ်ပြိုင်မှုမှာ နှုတ်ဆက်ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်ခဗျာ။

Team အာဇာနည်အဖွဲ့ထဲက ပြိုင်ပွဲဝင်ထိုက်ကြီး၊ ဆလိုင်းတေးလျန်၊ G နဲ့ N Oo L တို့က ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ထိုက်ကြီးကတော့ ကိုယ့်ရဲ့ဘုရင်မ သီချင်းနဲ့ အမိုက်စားသီဆိုဖျော်ဖြေနိုင်ခဲ့ပေမယ့် ပရိသတ်တွေ မျှော်လင့်ထားသလို နောက်တဆင့်တက်လှမ်းခွင့်မရခဲ့ပါဘူး CeleWiki ပရိသတ်ကြီး တို့ရေ…..

အခုလို ဖြစ်သွားတဲ့အပေါ် ထိုက်ကြီးကတော့ အားလုံးကိုတောင်းပန်ပါတယ်ဗျာ…. ကြိုးစားတိုင်းလည်းမဖြစ်လာတော့ကံပေါ့ဗျာ… ကျနော့်ပေတံကျိုးသွားလည်းပြန်ဆက်မယ်…. ကိုယ်ပိုင်သီချင်းတွေနဲ့ရှေ့ဆက်မယ်ဗျာနားလည်ပေးကြပါနော် ဆိုပြီး အားပေးနေတဲ့ ပရိသတ်ကြီးကို တောင်းပန်စကားဆိုခဲ့ပါတယ်။

The Voice Myanmar က နှုတ်ဆက်ထွက်ခွာခဲ့ရပေမယ့် ရှေ့ဆက်လျှောက်မယ့်ဂီတခရီးလမ်းမှာ ပရိသတ်တွေက အားပေးဖို့အသင့်ပါပဲတဲ့နော်။အဆုံးထိဖတ်ရှုပေးတဲပ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွင်တဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေခဗျာ။

Zawgyi

ကိုယ္ပိုင္သီခ်င္းေတြနဲ႔ ပဲေရွ႕ဆက္ေတာ႔မယ့္ The Voice Myanmar ျပိုင္ပြဲ၀င္ ထိုက္ၾကီး

Cele weekly ပရိသတ္ႀကီး ေရအပတ္စဥ္တနဂၤေႏြေန႔တိုင္း ထုတ္လႊင့္တင္ဆက္ေနတဲ့ The Voice Myanmarသီခ်င္းဆိုၿပိဳင္ပြဲႀကီးကေတာ့ မေန႔ညက Episode-12 ပထမဆုံး Knockouts Round ပြဲကို Live လႊင့္တင္ဆက္ခဲ့ၿပီျဖစ္ပါတယ္။

Team အာဇာနည္၊ Team ရန္ရန္ခ်မ္း နဲ႔ Team နီနီတို႔က ၿပိဳင္ပြဲဝင္ Team တစ္ဖြဲ႕စီက ေလးေယာက္စီ စုစုေပါင္း ၿပိဳင္ပြဲဝင္(၁၂) ေယာက္ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ၿပိဳင္ပြဲဝင္တခ်ိဳ႕ႏႈတ္ဆက္ထြက္ခြာခဲ့ရတာပဲျဖစ္ပါတယ္။

ဟိုးအရင္ကတည္းက အဆိုေတာ္တစ္ေယာက္အေနနဲ႔ ပရိသတ္အားေပးမႈအခိုင္အမာရထားသလို The Voice Myanmar ၿပိဳင္ပြဲႀကီးမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ Team အာဇာနည္အဖြဲ႕ဝင္ အဆိုေတာ္ထိုက္ႀကီးကေတာ့ မေန႔ကယွဥ္ၿပိဳင္မႈမွာ ႏႈတ္ဆက္ထြက္ခြာခဲ့ရၿပီျဖစ္ပါတယ္ခဗ်ာ။

Team အာဇာနည္အဖြဲ႕ထဲက ၿပိဳင္ပြဲဝင္ထိုက္ႀကီး၊ ဆလိုင္းေတးလ်န္၊ G နဲ႔ N Oo L တို႔က ပါဝင္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး ထိုက္ႀကီးကေတာ့ ကိုယ့္ရဲ႕ဘုရင္မ သီခ်င္းနဲ႔ အမိုက္စားသီဆိုေဖ်ာ္ေျဖႏိုင္ခဲ့ေပမယ့္ ပရိသတ္ေတြ ေမွ်ာ္လင့္ထားသလို ေနာက္တဆင့္တက္လွမ္းခြင့္မရခဲ့ပါဘူး CeleWiki ပရိသတ္ႀကီး တို႔ေရ

အခုလို ျဖစ္သြားတဲ့အေပၚ ထိုက္ႀကီးကေတာ့ အားလုံးကိုေတာင္းပန္ပါတယ္ဗ်ာ…. ႀကိဳးစားတိုင္းလည္းမျဖစ္လာေတာ့ကံေပါ့ဗ်ာ… က်ေနာ့္ေပတံက်ိဳးသြားလည္းျပန္ဆက္မယ္…. ကိုယ္ပိုင္သီခ်င္းေတြနဲ႔ေရွ႕ဆက္မယ္ဗ်ာနားလည္ေပးၾကပါေနာ္ ဆိုၿပီး အားေပးေနတဲ့ ပရိသတ္ႀကီးကို ေတာင္းပန္စကားဆိုခဲ့ပါတယ္။

The Voice Myanmar က ႏႈတ္ဆက္ထြက္ခြာခဲ့ရေပမယ့္ ေရွ႕ဆက္ေလွ်ာက္မယ့္ဂီတခရီးလမ္းမွာ ပရိသတ္ေတြက အားေပးဖို႔အသင့္ပါပဲတဲ့ေနာ္။အဆုံးထိဖတ္ရႈေပးတဲပ ပရိတ္သတ္ႀကီးလဲ သာယာေပ်ာ္႐ြင္တဲ့ ေန႔တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစခဗ်ာ။