



ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ခိုင်နှင်းဝေကတော့ လူရော စိတ်ပါ အပြစ်ပြောစရာမလိုအောင် လှပသိမ်မွေ့သူလေးတစ်ယောက် ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ပထမအကြိမ် အိမ်ထောင်ရေးမှာတော့ ကံမကောင်းခဲ့ပေမယ့် လက်ရှိမှာတော့ သူမကို အရမ်းချစ်ပြီး သူမရဲ့ ရပ်တည်မှုတိုင်းကို နံဘေးကနေ အပြည့်အဝ ကူညီဖေးမပေးနေတဲ့ ချစ်သူကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေရဲ့ ချစ်သူ ကိုဇင်မြင့်အောင်ကလည်း ခိုင်နှင်းဝေနဲ့ စိတ်ကူကိုယ်တူရှိပြီး ပရဟိတစိတ်ပြင်းထန်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက နေနဲ့လ၊ ရွှေနဲ့မြလိုက်ဖက်လွန်းတဲ့ စုံတွဲအဖြစ် သက်မှတ်ထားကြတာ ဖြစ်ပါတယ်။

မင်းသမီး ခိုင်နှင်းဝေရဲ့ ချစ်သူကတော့ ခိုင်နှင်းဝေရဲ့ အလုပ်တွေအပေါ် နားလည်မှုအပြည့်ရှိပြီး သူကိုယ်တိုင်လိုက်ပါကူညီပေးသလို ခိုင်နှင်းဝေအပေါ် ကလေးတစ်ယောက်လို ချွဲတတ်သူ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ခိုင်နှင်းဝေက သူမကို ကားပေါ်မှာတောင် ထမင်းခွံ့ကျွေးခိုင်းပြီး အချွဲပိုတဲ့ ချစ်သူကို ဂေဟာက ကလေး (၄၃) ယောက်အပြင် နောက်ထပ် ကလေးတစ်ယောက်ရနေပြီဆိုတဲ့ သဘောမျိုးနဲ့ “၄၄ ယောက်မြောက်” ဆိုပြီး စနောက်ကျီစယ်လာတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေတို့ ချစ်သူနှစ်ယောက်ကတော့ သမီးရည်းစားချစ်သူတွေဆိုပေမယ့် နှစ်ယောက်တည်း ကြည်နူးရမယ့်အချိန်ဆိုတာမရှိသလောက် နည်းပါးပြီး အလုပ်တွေလုပ်ရင်းနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ကြင်နာနေရတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ ခိုင်နှင်းဝေတို့ ချစ်သူနှစ်ယောက် အခုလိုပဲ အမြဲထာဝရ ကြင်နာစွာ ချစ်သွားနိုင်ကြပါစေနော်။ ဖတ်ရှုပေးတဲ့ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယဗနာ်…။

Source: Khine Hnin Wai’s fb
Credit– Cele Connections