စ်ပရိသတ်ကြီးရေ အဆိုတော် R ဇာနည်ကတော့ ဂီတလောမှာ ဆယ်စုနှစ်ကျော်တိုင် အောင်မြင်မှုရရှိနေသလို တစ်ဖက်မှာလည်း သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ R ဇာနည်က သူ့ရဲ့ အောင်မြင်နေဆဲအချိန်မှာတင် မော်ဒယ်လ် ဝမ်းနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သားနှစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို တည်ဆောက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း R ဇာနည်ရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် သူ့ရဲ့ ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကို အားကျချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။
ဇန်နဝါရီလ (၇) ရက်နေ့ကတော့ ပရိသတ်တွေချစ်တဲ့ R ဇာနည်ကို လူ့လောကထဲရောက်အောင် မွေးဖွားပေးခဲ့တဲ့ R ဇာနည်မိခင်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ R ဇာနည်ကတော့ သူ့ရဲ့ အချစ်ရဆုံးမေမေအတွက် “Happy Birthday 🥳🎉🎈🎂🙏🏻🎊🎁❤️ မေမေ အသက်ရှည်ကျန်မာပျော်ရွှင်ပါစေ အရမ်းချစ် 😘အာဘွား🥰” ဆိုပြီး မေမေ့နားမှာ ကလေးလေးတစ်ယောက်လိုကပ်ရင်း အချွဲပိုမွေးနေ့ဆုတောင်းပေးလာတာပဲ ဖြစ်ပါတယ်။
အဆိုတော်R ဇာနည်ကတော့ ဘယ်လောက်ပဲ အသက်တွေကြီးကြီး ကလေးအဖေတစ်ယောက်ပဲဖြစ်ဖြစ် မိခင်နားရောက်သွားရင်တော့ သားတစ်ယောက်ရဲ့ ခံစားချက်အပြည့်နဲ့ ကလေးလေးတစ်ယောက်လို ပြန်ဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ R ဇာနည်တစ်ယောက် အခုလိုပဲ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို အမြဲထာဝရပိုင်ဆိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။
Source: Zarni Myonyunt ‘s fb
Credit– Cele Connections