


Credit – Cele Sone

ချစ်လှစွာသောပရိတ်သတ်ကြီးရေ နိုင်ငံကျော်သရုပ်ဆောင်မင်းသားချော တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် နေဒွေးကတော့ အနုပညာလှုပ်ရှားမှုတွေကို ဆယ်စုနှစ်ကျော်တိုင်အောင် လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ပါတယ်။ မိဘကို လုပ်ကျွေးနေတဲ့ သားလိမ္မာလေး ဖြစ်တာကြောင့် ဘယ်အလုပ်မဆို လုပ်ကိုင်တိုင်း အောင်မြင်မှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။ အလှူရေစက်လက် နဲ့မကွာဆိုတဲ့ စကားအတိုင်း လိုအပ်တဲ့ နေရာတိုင်းသို့ကိုယ်တိုင်သွားရောက် ကုသိုလ်ယူနေသူတစ်ယောက်ပဲဖြစ်ပါတယ်..။

လတ်တလောအခြေအနေတွေမှာလည်း စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ ပြည်သူများအတွက် အခြေခံ စားသောက်ကုန်ပစ္စည်းများကို လှူဒါန်းပေးနေတာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။ ဒါ့အပြင် အနုပညာလောကသားထဲက သက်ကြီးရွယ်အိုများကိုလည်း ပြန်လည်ကြည့်ရှုကာ မွန်မြတ်တဲ့ အလှူလေးတွေ လည်း မကြာခဏ ပြုလုပ်လျက်ရှိပါတယ်..။

အခုလည်း တစ်ချိန်က ဗီဒီယိုကားတွေရိုက်ခဲ့စဉ် အပြင်တိုက်ကနေခေါ်ရိုက်ပေးခဲ့ဖူးတဲ့ ဒါရိုက်တာ ဦးခင်စောမျိုး အတွက် အခြေခံစားသောက်ကုန်များအပြင် အလှူငွေများနဲ့ သွားရောက်ကန်တော့ကာ ကုသိုလ်ပြုခဲ့ပြန်ပါတယ် ။ အလှူနဲ့ ပတ်သက်ပြီး “ နေမကောင်းပေမဲ့ ကိုယ့်ထက်ကျန်းမာရေးချို့တဲ့ နေတဲ့ ဗီဒီယိုကာ းတွေရိုက်ခဲ့စဉ်က အပြင်တိုက်ကနေခေါ်ရိုက်ပေးခဲ့ဖူးတဲ့ ဒါရိုက်တာ ဦးခင်စောမျိုး အတွက် ဆန် , ဆီ နှင့် အလှုငွေ နဲ့ကန်တော့ခဲ့ပါတယ် အမြန်ဆုံးကျန်းမာပါစေ အသက်ရှည်ပြီး အနုပညာအလုပ်တွေအတူတွဲလုပ်ချင်ပါသေး တယ်လေးလေးရေ “ ဟုဆိုပြီး ရေးသားထားရာ ပရိသတ်ကြီးအတွက်နေဒွေးရဲ့ အလှူလေးကို ဝေမျှပေးရင်း ဒီထက်မက လှူဒါန်းနိုင်ပါစေ ဆုတောင်းပေး လိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Photo – Nay Dway