အခုခေတ်မိန်းကလေးတွေတောင် ကြွေသွားရလောက်စေမယ့်အထိ သဘာဝကျကျ ချောမောခန့်ညားခဲ့တဲ့
ငယ်ဘဝပုံရိပ်အချို့ကို ချပြလာတဲ့ ကျော်ကျော်ဗိုလ်ရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။
ဇာတ်မင်းသားကြီး ဦးဝင်းဗိုလ်ရဲ့ သားဖြစ်သူ ကျော်ကျော်ဗိုလ်ကတော့ ဇာတ်သဘင်မျိုးရိုးကနေ
ဆင်းသက်လာသူတစ်ယောက်ဆိုပေမယ့် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အဖြစ်သာ
ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ကတော့ သရုပ်ဆောင်တစ်ယောက်ပီပီ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ
စိတ်ရောကိုယ်ပါနစ်ပြီး သရုပ်ဆောင်ခဲ့တာကြောင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကြီးတစ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
ကျော်ကျော်ဗိုလ်ကတော့ အနုပညာအလုပ်တွေနဲ့အတူတူ သူ့ရဲ့ မိသားစုဘဝလေးကိုလည်း ခိုင်မာတည်တံ့အောင်
တည်ဆောက်ထားတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဆိုလည်း မမှားပါဘူး။အခုဆိုရင် အသက် (၄၂) နှစ်အရွယ်ကို
ရောက်ရှိနေပြီဖြစ်တဲ့ ကျော်ကျော်ဗိုလ်ကတော့ ဆေးလိပ်ဖြတ်ခဲ့ပြီးနောက်ပိုင်းမှာ အရင်ကထက် ပိုပြီး နုပျိုလာခဲ့တာ
ပရိသတ်ကြီးလည်း သတိထားမိကြမယ် ထင်ပါတယ်။ ဒီနေ့မှာတော့ ကျော်ကျော်ဗိုလ်က သူ့ရဲ့ လူပျိုပေါက်အရွယ်က
ဓာတ်ပုံတွေကို ပရိသတ်တွေအတွက် အမှတ်တရ ချပြလာတာကို တွေ့ရပါတယ်။ ကျော်ကျော်ဗိုလ်ကတော့
အခုခေတ်လူငယ်တွေတောင် လိုက်မမှီတဲ့အထိ သဘာဝကျကျ ချောမောခန့်ညားခဲ့တာကို ပရိသတ်ကြီးလည်း
သတိထားမိကြမယ် ထင်ပါတယ်။ကျော်ကျော်ဗိုလ်ကတော့ ယောကျာ်းတစ်ယောက်ပီပီ မျက်လုံး မျက်ခုံးကောင်းကောင်းနဲ့
တကယ့်ကို ကြွေချင်စရာကောင်းလောက်အောင် ချောမောခဲ့တာပဲနော်။ ပရိသတ်ကြီးလည်း ကျော်ကျော်ဗိုလ်ရဲ့
မြင်ရခဲတဲ့ ငယ်ဘဝအမှတ်တရပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့
Cele top stars ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို
ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။