မြန်မာပရိတ်သတ်များရဲ့အားပေးမှုအခိုင်အမာ ရရှိထားတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကျော် ဒေဝ ခေါ် Dave Luduc ဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ အမေရိကန်နိုင်ငံသား ဆိုင်းရပ် ဝါရှင်တန် နဲ့ ထိုးသတ်ပြီး အလဲထိုးနဲ့ အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။

ဒီလိုအနိုင်ရရှိခဲ့ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့စိတ်ဓာတ်ခွန်အားကို ရယူခဲ့တာဖြစ်တယ်လို့ WLC ရဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံဒေဝကပြောခဲ့ပါတယ်။

ဒီပြိုင်ပွဲနဲ့ အောင်ပွဲကို ကျွန်တော့်ကို ကြင်နာစွာ မွေးစားပေးထားတဲ့ မြန်မာနိုင်ငံအတွက် မြှုပ်နှံထားခဲ့တာပါ။ ကျေးဇူးအများကြီးတင်ပါတယ် ကျွန်တော့်ရဲ့ ဈာန်ဝင်စားမှုအတွက် စိတ်ခွန်အားယူရတဲ့သူကတော့ ဗိုလ်ချုပ်အောင်ဆန်းပါ လို့ လက်ဝှေ့ချန်ပီယံဒေဝက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားတာပဲဖြစ်ပါတယ်။

အမေရိကန်လက်ဝှေ့သမားဆိုင်းရပ်စ်ဟာ မြန်မာနိုင်ငံကို မကြာခဏ လာရောက်ပြီး မြန်မာ့ထိပ်တန်းလက်ဝှေ့သမားများကို စိန်ခေါ်ထိုးသတ်ကာ အခက်တွေ့စေခဲ့သူ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တောင့်တင်းကျစ်လစ်ပြီး မွေ့ထိုင်းနဲ့ ကစ်ဘောက်ဆင်ပညာကို ကျွမ်းကျင်တဲ့ ဆိုင်းရပ်စ်ကို လက်ဝှေ့ကျော် ဒေဝက ကြိုးဝိုင်းအတွင်းမှာ လက်ရည်အသာစီးနဲ့ ထိုးသတ်ပြီးအနိုင်ယူခဲ့တာပါ။

ဒီလက်စားချေပွဲမှာဆိုင်းရပ်စ်က ၂၀၁၇ ကျွန်တော်တို့ပထမဆုံးတွေ့ခဲ့တုန်းကထက် ပိုကြံ့ခိုင်လာခဲ့တယ်။ ဒါပေမယ့် ပြိုင်ပွဲစည်းကမ်းတွေကအကောင်းဆုံးလိုက်နာပြီး ကျွန်တော် အနိုင်ယူခဲ့နိုင်ပါတယ်။မြန်မာ့ဂုဏ်သိက္ခာအတွက် ကျွန်တော်ယှဉ်ပြိုင်ထိုးသတ်ခဲ့တာပါ။

အားလုံးရဲ့ ဝန်းရံအားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ လို့ကနေဒါနိုင်ငံသားဖြစ်ပေမယ့် မြန်မာ့လက်ဝှေ့ကိုချစ်မြတ်နိုးသူ ဒေဝကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာမြန်မာ့ရိုးရာလက်ဝှေ့ပွဲတွေမှာ မြန်မာပြည်ကိုယ်စားပြုထိုးသတ်နေတဲ့ ဒေဝဟာ ထိုင်းနိုင်ငံရဲ့ကမ္ဘာကျော် မွေ့ထိုင်းဖိုက်တာတွေကို ထိုးသတ်ဖို့စိန်ခေါ်ထားပြီး မြန်မာ့လက်ဝှေ့ဟာ မွေ့ထိုင်းထက်သာတယ်ဆိုတာကိုပြသချင်တယ်လို့ ကြွေးကြော်ထားသူဖြစ်ပါတယ်။

ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးကျေးဇူးတင်ပါတယ်…

zawgyi

ျမန္မာပရိတ္သတ္မ်ားရဲ႕အားေပးမႈအခိုင္အမာ ရရွိထားတဲ့ ျမန္မာ့႐ိုးရာလက္ေဝွ႔ေက်ာ္ ေဒဝ ေခၚ Dave Luduc ဟာ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ အေမရိကန္ႏိုင္ငံသား ဆိုင္းရပ္ ဝါရွင္တန္ နဲ႔ ထိုးသတ္ၿပီး အလဲထိုးနဲ႔ အႏိုင္ရရွိခဲ့တာပဲျဖစ္ပါတယ္။

ဒီလိုအႏိုင္ရရွိခဲ့ဖို႔အတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕စိတ္ဓာတ္ခြန္အားကို ရယူခဲ့တာျဖစ္တယ္လို႔ WLC ရဲ႕ ကမာၻ႔လက္ေဝွ႔ခ်န္ပီယံေဒဝကေျပာခဲ့ပါတယ္။

ဒီၿပိဳင္ပြဲနဲ႔ ေအာင္ပြဲကို ကြၽန္ေတာ့္ကို ၾကင္နာစြာ ေမြးစားေပးထားတဲ့ ျမန္မာႏိုင္ငံအတြက္ ျမႇဳပ္ႏွံထားခဲ့တာပါ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ကြၽန္ေတာ့္ရဲ႕ ဈာန္ဝင္စားမႈအတြက္ စိတ္ခြန္အားယူရတဲ့သူကေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပါ လို႔ လက္ေဝွ႔ခ်န္ပီယံေဒဝက သူ႔ရဲ႕လူမႈကြန္ရက္မွာ ေရးသားထားတာပဲျဖစ္ပါတယ္။

အေမရိကန္လက္ေဝွ႔သမားဆိုင္းရပ္စ္ဟာ ျမန္မာႏိုင္ငံကို မၾကာခဏ လာေရာက္ၿပီး ျမန္မာ့ထိပ္တန္းလက္ေဝွ႔သမားမ်ားကို စိန္ေခၚထိုးသတ္ကာ အခက္ေတြ႕ေစခဲ့သူ ျဖစ္ပါတယ္။ ခႏၶာကိုယ္ေတာင့္တင္းက်စ္လစ္ၿပီး ေမြ႕ထိုင္းနဲ႔ ကစ္ေဘာက္ဆင္ပညာကို ကြၽမ္းက်င္တဲ့ ဆိုင္းရပ္စ္ကို လက္ေဝွ႔ေက်ာ္ ေဒဝက ႀကိဳးဝိုင္းအတြင္းမွာ လက္ရည္အသာစီးနဲ႔ ထိုးသတ္ၿပီးအႏိုင္ယူခဲ့တာပါ။

ဒီလက္စားေခ်ပြဲမွာဆိုင္းရပ္စ္က ၂၀၁၇ ကြၽန္ေတာ္တို႔ပထမဆုံးေတြ႕ခဲ့တုန္းကထက္ ပိုႀကံ့ခိုင္လာခဲ့တယ္။ ဒါေပမယ့္ ၿပိဳင္ပြဲစည္းကမ္းေတြကအေကာင္းဆုံးလိုက္နာၿပီး ကြၽန္ေတာ္ အႏိုင္ယူခဲ့ႏိုင္ပါတယ္။ျမန္မာ့ဂုဏ္သိကၡာအတြက္ ကြၽန္ေတာ္ယွဥ္ၿပိဳင္ထိုးသတ္ခဲ့တာပါ။

အားလုံးရဲ႕ ဝန္းရံအားေပးမႈေတြအတြက္ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ လို႔ကေနဒါႏိုင္ငံသားျဖစ္ေပမယ့္ ျမန္မာ့လက္ေဝွ႔ကိုခ်စ္ျမတ္ႏိုးသူ ေဒဝကသူ႔ရဲ႕လူမႈကြန္ရက္မွာေရးသားေဖာ္ျပခဲ့ပါတယ္။

ႏိုင္ငံတကာျမန္မာ့႐ိုးရာလက္ေဝွ႔ပြဲေတြမွာ ျမန္မာျပည္ကိုယ္စားျပဳထိုးသတ္ေနတဲ့ ေဒဝဟာ ထိုင္းႏိုင္ငံရဲ႕ကမာၻေက်ာ္ ေမြ႕ထိုင္းဖိုက္တာေတြကို ထိုးသတ္ဖို႔စိန္ေခၚထားၿပီး ျမန္မာ့လက္ေဝွ႔ဟာ ေမြ႕ထိုင္းထက္သာတယ္ဆိုတာကိုျပသခ်င္တယ္လို႔ ေႂကြးေၾကာ္ထားသူျဖစ္ပါတယ္။

ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးေက်းဇူးတင္ပါတယ္…