Source: G Fatt’s fb
မင်္ဂလာပါ ပရိသတ်ကြီးရေ ပရိသတ်တွေချစ်တဲ့ နိုင်ငံကျော် အနုပညာရှင်တွေကတော့ လက်ရှိ မြန််မာ့ပြည်တွင်းရေးအတွက် လှုပ်ရှားနေကြတာပဲ ဖြစ်ပါတယ်။ လူငယ်အဆိုတော် G Fatt ကလည်း လက်ရှိ မြန်မာပြည်တွင်းမှာဖြစ်ပျက်နေတဲ့ ပြည်သူ့အစိုးရကို ဖမ်းစီးထားတဲ့ စစ်အာဏာရှင်တွေကို ငြိမ်းချမ်းစွာ ဆန္ဒပြနေတာပဲ ဖြစ်ပါတယ်။
မနေ့က ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာတော့ နေပြည်တော် သပြေကုန်းမှာ ဆန္ဒပြရင်း ဦးခေါင်းကို သေနတ်ကျည်ဆန်ထိမှန်သွားတဲ့ မြသွဲ့သွဲ့ခိုင်တစ်ယောက် ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး G Fatt က သူ့ရဲ့ညီမအရွယ်သာရှိသေးတဲ့ မြသွဲ့သွဲ့ခိုင်အတွက် အခုလိုပဲ ဆုတောင်းပေးထားတာကိုတွေ့ရပါတယ်။
“ညီမ​လေး​ရေ သံသရာက မလွတ်သ​ရွေ့ ဒီလိုနိုင်ငံမှာ လူပြန်မဝင်စားပါ​စေနဲ့​တော့ကွယ် . အကိုတို့ ညီမ​လေးကို အာဇာနည်အဖြစ် ​လေးစားဂုဏ်ပြု​နေမှာပါ ညီမ​လေးက ၁၉နှစ်တဲ့..ဘဝမှာ ကိုယ်ရူးသွပ်ချင်ရာကို တစ်စိုက်မက်မက်ရူးသွပ်လို့ရတဲ့အရွယ်​ပေါ့ကွယ်
​ကောင်းရာဘုံဘဝမှာ ​ရောက်ရှိ နားခိုပါ​စေကွယ်။ အကိုပြုဖူးသမျှကုသိုလ်​တွေ အမျှပါကွယ် မိသားစုနဲ့ထပ်တူ​ကြေကွဲရပါတယ် .. ညီမ​လေး ​အော်ဟစ်​တောင်းတ ခဲ့တဲ့ ဒီမိုက​ရေစီ ၊ သမ္မတကြီးနဲ့ အ​မေစု လွတ်​မြောက်​ရေး အစ်ကိုတို့ ဆက်တိုက်ပွဲဝင်​တောင်းဆိုသွားမယ်ညီမ​လေး​ရေ ..”ဆိုပြီး ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။
G Fatt ကတော့ ကွယ်လွန်သူလေး မြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပေးထားတဲ့ ဆုတောင်းစကားလေးကတော့ ဖတ်ရသူတွေရင်ထဲမှာပါ စို့နစ်ပြီး ဝမ်းနည်းသွားစေတာ အမှန်ပါပဲ။ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက္ပါတယ်နော်….။
Source: G Fatt’s fb
Credit – Cele Connections