



Credit– YaungChi

ချစ်လှစွာသောပရိတ်သတ်ကြီးရေ ပြည်သူချစ်ဟာသလူရွှင်တော် တစ်ယောက်ဖြစ်တဲ့ တိုင်းကျော်လို့ဆိုလိုက်တာနဲ့ ဟား (၅) ကောင် ညီအကိုတွေခေါ်ကြတဲ့ စောက်မှေး ဆိုတဲ့ စပ်ဖြဲဖြဲမျက်နှာလေး ပြေးမြင်မိမှာ အမှန်ပါပဲ။ ဟား (၅) အဖွဲ့ရဲ့ ခေါင်းဆောင်းတစ်ဦးဖြစ်ပြီး မိမိတို့လူရွှင်တော်အဖွဲ့ကို တစ်ညီတစ်ညွတ်ထဲရှိနေစေဖို့ ကိုယ်တိုင်ရှေ့ဆောင်လမ်းပြကောင်းသူ တစ်ဦးလည်းဖြစ်ပါတယ်..။

ပြည်သူချစ်တဲ့ ဟား (၅) အဖွဲ့ကတော့ လက်ရှိပရိတ်သတ်ေ တွကြားမှာ ပြောစမှတ်ပြုနေရတဲ့ ဟာသလူရွှင်တော်အဖွဲ့ပဲ ဖြစ်ပါတယ်။တောထဲမှာ မိမိတို့နေထိုင်ရပုံတွေကို ပရိတ်သတ်တွေကို ချပြလေ့ရှိပြီး ဇွဲမလျော့ပဲ ဆက်လက်တိုက်ပွဲဝင်တော်လှန်ကြဖို့ မကြာခဏ တိုက်တွန်းလေ့ရှိပါတယ်။ ညီအကိုရင်းကဲ့သို့ ချစ်ခင်ကြတဲ့ ဟား ၅ကောင်ညီအကိုတွေကတော့ အာဏာရှင်ကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့ တုန်းကလည်း အတူတူဖြစ်ပြီး ယခုလက်ရှိမှာလဲ ညီအကိုတွေ အတူတူ လွတ်မြောက်နယ်မြေမှာ သင်တန်းတက်ရောက်လျက်ရှိကြောင်း သူ့ရဲ့ ဖေ့ဘွတ်ပေါ်က တင်ထား တာလေးတွေကို ကြည့်ရင် သိနိုင်ပါတယ်နော်..။

ယနေ့မှာတော့ ဟား (၅) ကောင်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ တိုင်းကျော် တစ်ယောက် ပရိတ်သတ်တွေနဲ့ အဆက်အသွယ်မပြတ် လူမှုစာမျက်နှာမှာ စားလေးရေးဖို့ ပုံလေးတစ်ပုံတင်ဖို့ video လေးတစ်ပုဒ်တင်ဖို့ အရေး သူတို့အနေနဲ့ ဘယ်လို အခက်အခဲမျိုးတွေ ဘယ်လိုပေးဆပ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေကို ပြည်သူတွေရှေ့မှောက် လူရွှင်တော် ဝတ်စုံလေးနဲ့ အငြိမ့်ခုံပေါ်မှပဲ ပြောပြချင်ပါတယ်ဆိုပြီး ရင်ဖွင့်လာခဲ့ပါတယ်..။

ကိုတိုင်းကျော် တို့ ပြည်သူချစ် ဟား(၅) ကောင်ညီအကိုတွေ ဖြစ်ချင်တဲ့ အငြိမ့်ပဲ က ချင်ပါတယ်ဆိုတဲ့ ဆန္ဒလေး အမြန်ဆုံးပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ရင်း ပြည်သူတွေနဲ့ ထပ်တူ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိ အောင်မြင်ပါစေကြောင်း ဆုတောင်းရင်း သတင်းလေးကို သူ့ရဲ့ ချစ်ပရိတ်သတ်တွေသိအောင် ပြန်လည်ဖော်ပြပေးလိုက်ပါ တယ်နော်။ဖတ်ရှု့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source : Taing Kyaw’s Facebook