ခ်စ္ပရိသတ္ႀကီးေရ ျမန္မာ့ဂုဏ္ေဆာင္ လက္ေရြးစင္ေဘာလံုးသမား ေအာင္သူကေတာ့ ပရိသတ္ေတြခ်စ္ၾကရတဲ့ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ပိုးအိအိခန့္ရဲ့ နွလံုးသားကို ပိုင္ဆိုင္နိုင္ခဲ့တဲ့ ကံေကာင္းသူၾကီးတစ္ေယာက္ပါပဲ။ နဖူးစာရြာလည္ဆိုတဲ့စကားအတိုင္း အြန္လိုင္းကေန ခင္မင္ျပီး ခ်စ္ၾကိဳက္သြားခဲ့တဲ့ ေအာင္သူနဲ့ ပိုးအိအိခန္တို့က Long Distance Relationship တစ္ခုကို တည္ေဆာက္ခဲ့ၾကျပီး ျပီးခဲ့တဲ့ (၂၀၁၉) ခုနွစ္အတြင္းကပဲ မဂၤလာပြဲက်င္းပျပီး လက္ထပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ အိမ္ေထာင္သက္ (၂) နွစ္နီးပါးရိွေနျပီျဖစ္တဲ့ ေအာင္သူနဲ့ ပိုးအိအိခန့္တို့က အခုဆိုရင္ ခ်စ္စရာေကာင္းတဲ့ သားေလး သြင္ဦးဟန္ကို ပိုင္ဆိုင္နိုင္ခဲ့ျပီ ျဖစ္ပါတယ္။

ဇန္နဝါရီလ (၃) ရက္ေန့မွာေတာ့ လက္ေရြးစင္ေဘာလံုးသမား ေအာင္သူနဲ့ သ႐ုပ္ေဆာင္ မင္းသမီး ပိုးအိအိခန့္တို့က ခ်စ္သက္တမ္း (၃) နွစ္ျပည့္ခဲ့ျပီျဖစ္ျပီး အေနေအးျပီး ရွက္တတ္တဲ့ ေအာင္သူကေတာ့ သူ့ရဲ့ ခ်စ္ဇနီးကို အရိုးရွင္းဆံုး ခ်စ္စကားေလး ေျပာလာတာကို ေတြ့ရပါတယ္။ ေအာင္သူက “ေပ်ာ္ရႊင္စရာ (၃) နွစ္ျပည့္ နွစ္ပတ္လည္ေန့ေလးျဖစ္ပါေစ ခ်စ္ဇနီးေရ..အခုအခ်ိန္မွာ ကိုယ္လည္း မိသားစုအတြက္ ၾကိဳးစားေနသလို မင္းကလည္း ၾကိဳးစားေနတယ္ဆိုတာ ကိုယ္ျမင္ေတြ့ေနရပါတယ္။ အဲ့ဒါကိုယ္တို့မိသားစုေလးအတြက္ ေကာင္းမြန္အေရးၾကီးတဲ့အခ်က္တစ္ခ်က္ပါပဲ” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

ေအာင္သူကေတာ့ ခ်စ္သက္တမ္း (၃) နွစ္ျပည့္ေန့ေလးမွာ ခ်စ္ရတဲ့ဇနီး ပိုးအိအိခန့္ကို အရိုးရွင္းဆံုးနဲ့ ရိုမန့္တစ္အဆန္ဆံုး ခ်စ္စကားေလးေျပာလာတာပဲ ျဖစ္ပါတယ္။ ေအာင္သူနဲ့ ပိုးအိအိခန့္တို့ မိသားစုေလး အခုလိုပဲ အျမဲထာဝရေပ်ာ္ရႊင္နိုင္ၾကပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္…။

Source: Aung Thu’s fb
Credit – Cele Connections

ချစ်ပရိသတ်ကြီးရေ မြန်မာ့ဂုဏ်ဆောင် လက်ရွေးစင်ဘောလုံးသမား အောင်သူကတော့ ပရိသတ်တွေချစ်ကြရတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်ရဲ့ နှလုံးသားကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ကံကောင်းသူကြီးတစ်ယောက်ပါပဲ။ နဖူးစာရွာလည်ဆိုတဲ့စကားအတိုင်း အွန်လိုင်းကနေ ခင်မင်ပြီး ချစ်ကြိုက်သွားခဲ့တဲ့ အောင်သူနဲ့ ပိုးအိအိခန်တို့က Long Distance Relationship တစ်ခုကို တည်ဆောက်ခဲ့ကြပြီး ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်အတွင်းကပဲ မင်္ဂလာပွဲကျင်းပပြီး လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ထောင်သက် (၂) နှစ်နီးပါးရှိနေပြီဖြစ်တဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့က အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေး သွင်ဦးဟန်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဇန်နဝါရီလ (၃) ရက်နေ့မှာတော့ လက်ရွေးစင်ဘောလုံးသမား အောင်သူနဲ့ သရုပ်ဆောင် မင်းသမီး ပိုးအိအိခန့်တို့က ချစ်သက်တမ်း (၃) နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး အနေအေးပြီး ရှက်တတ်တဲ့ အောင်သူကတော့ သူ့ရဲ့ ချစ်ဇနီးကို အရိုးရှင်းဆုံး ချစ်စကားလေး ပြောလာတာကို တွေ့ရပါတယ်။ အောင်သူက “ပျော်ရွှင်စရာ (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့လေးဖြစ်ပါစေ ချစ်ဇနီးရေ..အခုအချိန်မှာ ကိုယ်လည်း မိသားစုအတွက် ကြိုးစားနေသလို မင်းကလည်း ကြိုးစားနေတယ်ဆိုတာ ကိုယ်မြင်တွေ့နေရပါတယ်။ အဲ့ဒါကိုယ်တို့မိသားစုလေးအတွက် ကောင်းမွန်အရေးကြီးတဲ့အချက်တစ်ချက်ပါပဲ” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

အောင်သူကတော့ ချစ်သက်တမ်း (၃) နှစ်ပြည့်နေ့လေးမှာ ချစ်ရတဲ့ဇနီး ပိုးအိအိခန့်ကို အရိုးရှင်းဆုံးနဲ့ ရိုမန့်တစ်အဆန်ဆုံး ချစ်စကားလေးပြောလာတာပဲ ဖြစ်ပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်တို့ မိသားစုလေး အခုလိုပဲ အမြဲထာဝရပျော်ရွှင်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Aung Thu’s fb
Credit – Cele Connections