မဂၤလာပါ ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ မင္းသား ေဒါင္းကေတာ့ ပီျပင္ေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္ မႈေတြေၾကာင့္ ပရိသတ္ေတြရဲ့အထူးႏွစ္သက္အားေပးမႈကို ရရွိထားတာလည္း ျဖစ္ပါတယ္။ သူကေတာ့ ေဖေဖာ္ဝါရီလအစကတည္းက ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကေန ရပ္တည္ေပးေနတာလည္း ျဖစ္ပါတယ္။ သူေရာက္ရွိေနတဲ့ ေနရာကေနလည္း လူထု လႈပ္ရွားမႈေတြကို တက္တက္ႂကြႂကြ ပါဝင္ေပးေန တာလည္း ျဖစ္ပါတယ္။

ေဒါင္းကေတာ့ က်ဆုံးသြားတဲ့ သူရဲေကာင္းေတြအတြက္ တတ္နိုင္တဲ့ဘက္ကေန အလႉေငြေတြ လႉဒါန္းေပး ေနတာလည္း ျဖစ္ပါတယ္။ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ေက်ာင္းသားေတြအတြက္ လူမႈကြန္ယက္မ်ားမွတစ္ဆင့္ Speak out လုပ္ေပးေနတာကိုလည္း ျမင္ေတြ႕ေနရတာပါ။ အခုလို တတ္နိုင္တဲ့ဘက္ကေန ကူညီေပးေနတဲ့ ေဒါင္းရဲ့လုံျခဳံမႈ အတြက္ ပရိသတ္ေတြက အထူးစိုးရိမ္ပူပန္ေနၾကတာလည္း ျဖစ္ပါတယ္။

​လတ္တေလာ ေဒါင္းရဲ့လုံၿခံမႈအတြက္ကေတာ့ စိတ္ပူစရာမလိုပါဘူးေနာ္။ ပရိသတ္ေတြ စိုးရိမ္ေနမွာသိတဲ့ အတြက္လည္း Stylist တစ္ေယာက္က သူ႔ရဲ့ Instagram Story မွာ ေဒါင္းရဲ့ဗီဒီယိုဖိုင္တစ္ခုကို ေဝမၽွေပးထားတာပဲ ျဖစ္ပါတယ္။ သူ႔ရဲ့ လုံျခဳံေရးအေျခအေနေၾကာင့္ ဘယ္ေနရာေရာက္ေနတယ္ဆိုတာကိုေတာ့ ေသခ်ာမသိရေသးပါဘူး။ ဒါေပမယ့္ အခုလို ေအးခ်မ္းစြာနဲ႔ ရွိေနတာကို ျမင္ေတြ႕လိုက္ရတာေၾကာင့္ အနည္းငယ္ေတာ့ သူ႔အတြက္ စိုးရိမ္ေနတာေတြ ေလ်ာ့ၾကသြားေစမွာပါ။ ေဒါင္းကို စိတ္ပူေနၾကတဲ့ ျပည္သူေတြ စိတ္ခ်မ္းသာ သြားေအာင္ ဒီဗီဒီယိုဖိုင္ေလးကို တစ္ဆင့္ျပန္လည္ ကူးယူ တင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Daung’s Facebook page and Photo Crd-Original Uploader

မင်္ဂလာပါ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသား ဒေါင်းကတော့ ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင် မှုတွေကြောင့် ပရိသတ်တွေရဲ့အထူးနှစ်သက်အားပေးမှုကို ရရှိထားတာလည်း ဖြစ်ပါတယ်။ သူကတော့ ဖေဖော်ဝါရီလအစကတည်းက ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးနေတာလည်း ဖြစ်ပါတယ်။ သူရောက်ရှိနေတဲ့ နေရာကနေလည်း လူထု လှုပ်ရှားမှုတွေကို တက်တက်ကြွကြွ ပါဝင်ပေးနေ တာလည်း ဖြစ်ပါတယ်။

ဒေါင်းကတော့ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ အလှူငွေတွေ လှူဒါန်းပေး နေတာလည်း ဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေအတွက် လူမှုကွန်ယက်များမှတစ်ဆင့် Speak out လုပ်ပေးနေတာကိုလည်း မြင်တွေ့နေရတာပါ။ အခုလို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေတဲ့ ဒေါင်းရဲ့လုံခြုံမှု အတွက် ပရိသတ်တွေက အထူးစိုးရိမ်ပူပန်နေကြတာလည်း ဖြစ်ပါတယ်။

​လတ်တလော ဒေါင်းရဲ့လုံခြံမှုအတွက်ကတော့ စိတ်ပူစရာမလိုပါဘူးနော်။ ပရိသတ်တွေ စိုးရိမ်နေမှာသိတဲ့ အတွက်လည်း Stylist တစ်ယောက်က သူ့ရဲ့ Instagram Story မှာ ဒေါင်းရဲ့ဗီဒီယိုဖိုင်တစ်ခုကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လုံခြုံရေးအခြေအနေကြောင့် ဘယ်နေရာရောက်နေတယ်ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် အခုလို အေးချမ်းစွာနဲ့ ရှိနေတာကို မြင်တွေ့လိုက်ရတာကြောင့် အနည်းငယ်တော့ သူ့အတွက် စိုးရိမ်နေတာတွေ လျော့ကြသွားစေမှာပါ။ ဒေါင်းကို စိတ်ပူနေကြတဲ့ ပြည်သူတွေ စိတ်ချမ်းသာ သွားအောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Daung’s Facebook page and Photo Crd-Original Uploader