


Source – Cynthia Kyaw
Credit – CeleGabar

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင်စင်ဒီယာကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တော် စင်ဒီယာကတော့ သူ့ရဲ့ချစ်သူနဲ့ ရွှေလက်တွဲ လိုက်ပြီဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်…။

စင်ဒီယာ ကတော့ သူ့ရဲ့ချစ်သူနဲ့ မနေ့က ဒီဇင်ဘာလ (၂)ရက်နေ့က တရာရုံးမှာ ထိပ်မြှားလက်ထပ်မော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေပြီတော့ ချစ်သူလေးနဲ့ ရွှေလက်တွဲလက်မှတ်ရေးထိုးခဲ့တဲ့အကြောင်းကို “ဟုတ်ကဲ့ ယူလိုက်ပါပြီ” လို့ မင်္ဂလာလက်မှတ်ရေး ထိုးခဲ့တဲ့ ပုံလေးတွေနဲ့အတူမျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်…။

Congratulations ပါ စင်စင်ရေ…. ချစ်ရတဲ့ ခင်ပွန်းနဲ့ ရာသက်ပန်ရိုးမြေကျပေါင်းဖက်နိုင်ပြီး ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေလည်း ပိုင်ဆိုင်နိုင်ပါစေလို့ မင်္ဂလာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေလည်း စင်ဒီယာတို့ ဇနီးမောင်နှံအတွက် မင်္ဂလာဆုမွန်ကောင်းတွေေ တာင်းပေးခဲ့ကြပါဦးနော်…။

Source – Cynthia Kyaw
Credit – CeleGabar