



ချစ်ပရိသတ်ကြီး သရုပ်ဆောင် မျိုးစန္ဒီကျော်ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ပြက္ခဒိန်ကြော်ငြာတွေ ရိုက်ကူးခြင်းကနေတဆင့် နာမည်ကြီးလာတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ မျိုးစန္ဒီကျော်ကတော့ လက်ရှိမှာ သမီးလေး ဂျူဝယ်လ်ကို ရင်အုပ်မကွာစောင့်ရှောက်ထားပြီး အနုပညာအလုပ်၊ စီးပွားရေးအလုပ်တွေကိုလည်း လုပ်ကိုင်နေလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၇) ရက်နေ့ကတော့ မျိုးစန္ဒီကျော်ရဲ့ မွေးနေ့လေးပဲဖြစ်ပြီး မျိုးစန္ဒီကျော်က သူမရဲ့မွေးနေ့မှာ ချစ်ရတဲ့ချစ်သူဆီက တန်ဖိုးမဖြတ်နိုင်တဲ့ မွေးနေ့လက်ဆောင်လေးရရှိခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။

“7.1.2021 ❣️ဒီနှစ်မွေးနေ့အတွက် အချစ်ကပေးတဲ့ ❣️ 🎁ကိုယ့်အတွက် လက်ဆောင် 🎁 🤎သစ်သားပေါ်မှာ မီးနဲ့ဆွဲထားတဲ့ ကိုယ့်ပုံတူ ပန်းချီကားလေး 🤎 ခက်ခက်ခဲခဲနဲ့ ဆွဲရတဲ့ ပန်းချီမို့ အမှားမခံနိုင် တခါတည်းနဲ့အမှားမရှိအောင်ဆွဲရတဲ့ပန်းချီ 💝အရမ်းနှစ်သက် သဘောကျပါတယ် 💝 အမြဲတမ်း တန်ဖိုးထားပြီး ဂရုစိုက်ပေးလို့ ကျေးဇူးတင်ရတယ်။ နေ့ရက်တိုင်း စိတ်ချမ်းသာအောင် ပျော်အောင်ထားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ နောက်လည်း ဂျိုးကို အမြဲတမ်း အများကြီးအလိုလိုက်နိုင်ပါစေနော် 💜🧡💋” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

မျိုးစန္ဒီကျော်ကတော့ သူမကို နေ့ရက်တိုင်းမှာ စိတ်ချမ်းသာအောင် ပျော်အောင်ထားတဲ့ ချစ်သူကြောင့် အမြဲတမ်း ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ မျိုးစန္ဒီကျော်တစ်ယောက် ချစ်ရတဲ့သမီးလေး၊ ချစ်ရတဲ့ချစ်သူနဲ့ အမြဲတမ်းပျော်ရွှင်တဲ့ဘဝလေး ပိုင်ဆိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယဗနာ်…။

Source: Myo Sandy Kyaw’s fb
Credit – Cele Connections