ခ်စ္ပရိသတ္ႀကီးေရ ျပည္သူခ်စ္ သရုပ္ေဆာင္ မင္းသားေခ်ာ ေဇရဲထက္ကေတာ့ နယ္ျမိဳ့ေလးတစ္ျမိဳ့ကေနျပီး အနုပညာအလုပ္ေတြကို လုပ္ကိုင္ခဲ့ရာမွ နိုင္ငံေက်ာ္မင္းသားတစ္ေယာက္ျဖစ္လာတာပဲ ျဖစ္ပါတယ္။ ဗီဒီယိုမင္းသားလု့ိ ေခၚရေလာက္ေအာင္ ဗီဒီယိုဇာတ္ကားေတြမ်ားစြာမွာ သရုပ္ေဆာင္နိုင္ခဲ့တဲ့ ေဇရဲထက္က လက္ရိွမွာေတာ့ ဇာတ္ကားေတြမရိုက္ကူးျဖစ္တာ နွစ္နဲ့ခ်ီျပီး ၾကာျမင့္ခဲ့ျပီပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ သူ့ကိုခ်စ္တဲ့ ပရိသတ္ေတြကေတာ့ ေဇရဲထက္ အနုပညာအလုပ္ေတြ လုပ္လုပ္၊ မလုပ္လုပ္ အခ်စ္မေလ်ာ့ပဲ အားေပးေနၾကစျမဲျဖစ္ပါတယ္။

အသက္သံုးဆယ္ေက်ာ္အရြယ္ကို ေရာက္ရိွေနျပီျဖစ္တဲ့ ေဇရဲထက္က သူ့အတြက္ ခ်စ္ရတဲ့ ခ်စ္သူတစ္ေယာက္ရိွေၾကာင္း ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္းခ်ျပထားျပီးသားျဖစ္ပါတယ္။ ခ်စ္သူနဲ့ ပက္သတ္ရင္ အရမ္းကိုခ်စ္တတ္လြန္းတဲ့ ေဇရဲထက္က ဒီကေန့မွာလည္း ခ်စ္သူရဲ့လက္ကို ျမဲျမဲဆုပ္ကိုင္ထားတဲ့ ဓာတ္ပံုေလးနဲ့ “ကြ်န္ေတာ္က သူ့အတြက္ ေနာက္ကြယ္က အားတစ္ခုအေနနဲ့ အျမဲရိွေနမွာပါ” ဆိုျပီး ခ်စ္သူကို ခ်စ္တဲ့အေၾကာင္း ေျပာလာတာ ေတြ့ရပါတယ္။

မင္းသားေခ်ာ ေဇရဲထက္ကေတာ့ သူကိုယ္တိုင္လည္း အရြယ္တစ္ခုေရာက္ရိွလာခဲ့ျပီမို့ ခ်စ္သူတစ္ေယာက္တည္းကို ျမတ္ျမတ္နိုးနိုးတန္ဖိုးထားျပီး ခ်စ္တတ္တဲ့ စိတ္ထားေလးက တကယ့္ကို ေလးစားဖြယ္ရာပါပဲ။ ပရိသတ္ၾကီးလည္း ေဇရဲထက္တုိ့ ခ်စ္သူနွစ္ေယာက္ အျမန္ဆံုးေရႊလက္တြဲေပါင္းဖက္နိုင္ဖို့ ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Zay Ye Htet’s fb

ချစ်ပရိသတ်ကြီးရေ ပြည်သူချစ် သရုပ်ဆောင် မင်းသားချော ဇေရဲထက်ကတော့ နယ်မြို့လေးတစ်မြို့ကနေပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ရာမှ နိုင်ငံကျော်မင်းသားတစ်ယောက်ဖြစ်လာတာပဲ ဖြစ်ပါတယ်။ ဗီဒီယိုမင်းသားလို့ ခေါ်ရလောက်အောင် ဗီဒီယိုဇာတ်ကားတွေများစွာမှာ သရုပ်ဆောင်နိုင်ခဲ့တဲ့ ဇေရဲထက်က လက်ရှိမှာတော့ ဇာတ်ကားတွေမရိုက်ကူးဖြစ်တာ နှစ်နဲ့ချီပြီး ကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကိုချစ်တဲ့ ပရိသတ်တွေကတော့ ဇေရဲထက် အနုပညာအလုပ်တွေ လုပ်လုပ်၊ မလုပ်လုပ် အချစ်မလျော့ပဲ အားပေးနေကြစမြဲဖြစ်ပါတယ်။

အသက်သုံးဆယ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဇေရဲထက်က သူ့အတွက် ချစ်ရတဲ့ ချစ်သူတစ်ယောက်ရှိကြောင်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားပြီးသားဖြစ်ပါတယ်။ ချစ်သူနဲ့ ပက်သတ်ရင် အရမ်းကိုချစ်တတ်လွန်းတဲ့ ဇေရဲထက်က ဒီကနေ့မှာလည်း ချစ်သူရဲ့လက်ကို မြဲမြဲဆုပ်ကိုင်ထားတဲ့ ဓာတ်ပုံလေးနဲ့ “ကျွန်တော်က သူ့အတွက် နောက်ကွယ်က အားတစ်ခုအနေနဲ့ အမြဲရှိနေမှာပါ” ဆိုပြီး ချစ်သူကို ချစ်တဲ့အကြောင်း ပြောလာတာ တွေ့ရပါတယ်။

မင်းသားချော ဇေရဲထက်ကတော့ သူကိုယ်တိုင်လည်း အရွယ်တစ်ခုရောက်ရှိလာခဲ့ပြီမို့ ချစ်သူတစ်ယောက်တည်းကို မြတ်မြတ်နိုးနိုးတန်ဖိုးထားပြီး ချစ်တတ်တဲ့ စိတ်ထားလေးက တကယ့်ကို လေးစားဖွယ်ရာပါပဲ။ ပရိသတ်ကြီးလည်း ဇေရဲထက်တို့ ချစ်သူနှစ်ယောက် အမြန်ဆုံးရွှေလက်တွဲပေါင်းဖက်နိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Credit – Cele Connections