ခ်စ္ပရိသတ္ႀကီးေရ အဆုိေတာ္ၾကီး အိအိရဲ့ သမီးရင္းျဖစ္သူ ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ မိခင္ျဖစ္သူရဲ့ နာမည္ကို အသံုးခ်ျခင္းမရိွပဲ သူမကိုယ္တိုင္ Myanmar Idol သီခ်င္းဆိုျပိဳင္ပြဲမွာ ပါဝင္ယွဥ္ျပိဳင္ရင္း လူသိမ်ားလာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ အသက္နွစ္ဆယ္စြန္းစြန္းအရြယ္မွာတင္ ျပိဳင္ပြဲဝင္ျပိဳင္ခဲ့တာျဖစ္ျပီး အခုဆိုရင္ နိုင္ငံေက်ာ္ အဆိုေတာ္မေလးတစ္ေယာက္အျဖစ္ ေအာင္ျမင္ေနျပီပဲ ျဖစ္ပါတယ္။ ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ ေအာင္ျမင္တဲ့ လမ္းေၾကာင္းအေပၚ ေရာက္ရိွေနသူျဖစ္ျပီး မိဘေတြဂုဏ္ယူရေအာင္ ဂီတထူးခြ်န္ဆုေတြ မ်ားစြာကို ဆြတ္ခူးထားနိုင္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ခ်မ္းေျမ့ေမာင္ခ်ိဳက JOOX မွခ်ီးျမွင့္တဲ့ Popular song award ဆုေတြ လက္ဝယ္ပိုင္ဆိုင္ခဲ့ေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။

ခ်မ္းေျမ့ေမာင္ခ်ိဳက “Popular song award “ falling “ & “angwe athet myar “ 🤍 အခုလိုမ်ိဳး ဆုေပးတဲ့ JOOX Myanmar ေရာ ဆုရေအာင္ vote ေတြေပးၾကတဲ့ milestones တေယာက္ခ်င္းဆီတိုင္းေရာ falling သီခ်င္းကိုေရးေပးပီးေတာ့ တီးေပးတဲ့ ကိုႀကီး Daniel saw ကိုလဲေက်းဇူးတင္ပါတယ္ အေငြ႕အသက္မ်ား ကိုဆိုဖို႔ကမ္းလွမ္းတဲ့ ကို ah boy Kyaw Phyo Tun ပီးေတာ့ chorus ေရးေပးတဲ့ ကိုသားႀကီးကိုလဲေက်းဇူးတင္ပါတယ္။ အမ်ားႀကီးဆက္ျပီးႀကိဳးစားသြားပါ့မယ္ ဒီ ၂၀၂၁ မွာလဲ သီခ်င္းအသစ္ေတြလာဦးမွာမို႔လို႔ ဆက္လက္ပီးေတာ့ ေစာင့္ၾကည့္ေပးပါဦးဗ် 🤍 ေက်းဇူးတင္ပါတယ္ ႀကိဳးစားလ်က္ 🤍” ဆိုျပီး ပရိသတ္ေတြကို ကတိစကားေလးဆိုလာပါတယ္။

ခ်မ္းေျမ့ေမာင္ခ်ိဳရဲ့ေဖေဖ ဦးေမာင္ခ်ိဳကေတာ့ သမီးေလးရဲ့ ေအာင္ျမင္မႈအသီးအပြင့္ေတြကိုၾကည့္ျပီး ၾကည္နူးပီတိျဖစ္ရသလို ေမာင္ခ်ိဳေလးကလည္း ေဖေဖ၊ ေမေမ ဂုဏ္ယူရေလာက္တဲ့ သမီးအလိမၼာေလးတစ္ေယာက္ျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: ChanMyae MgCho’s fb

ချစ်ပရိသတ်ကြီးရေ အဆိုတော်ကြီး အိအိရဲ့ သမီးရင်းဖြစ်သူ ချမ်းမြေ့မောင်ချိုကတော့ မိခင်ဖြစ်သူရဲ့ နာမည်ကို အသုံးချခြင်းမရှိပဲ သူမကိုယ်တိုင် Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း လူသိများလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုကတော့ အသက်နှစ်ဆယ်စွန်းစွန်းအရွယ်မှာတင် ပြိုင်ပွဲဝင်ပြိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် နိုင်ငံကျော် အဆိုတော်မလေးတစ်ယောက်အဖြစ် အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုကတော့ အောင်မြင်တဲ့ လမ်းကြောင်းအပေါ် ရောက်ရှိနေသူဖြစ်ပြီး မိဘတွေဂုဏ်ယူရအောင် ဂီတထူးချွန်ဆုတွေ များစွာကို ဆွတ်ခူးထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ချမ်းမြေ့မောင်ချိုက JOOX မှချီးမြှင့်တဲ့ Popular song award ဆုတွေ လက်ဝယ်ပိုင်ဆိုင်ခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။

ချမ်းမြေ့မောင်ချိုက “Popular song award “ falling “ & “angwe athet myar “ 🤍 အခုလိုမျိုး ဆုပေးတဲ့ JOOX Myanmar ရော ဆုရအောင် vote တွေပေးကြတဲ့ milestones တယောက်ချင်းဆီတိုင်းရော falling သီချင်းကိုရေးပေးပီးတော့ တီးပေးတဲ့ ကိုကြီး Daniel saw ကိုလဲကျေးဇူးတင်ပါတယ် အငွေ့အသက်များ ကိုဆိုဖို့ကမ်းလှမ်းတဲ့ ကို ah boy Kyaw Phyo Tun ပီးတော့ chorus ရေးပေးတဲ့ ကိုသားကြီးကိုလဲကျေးဇူးတင်ပါတယ်။ အများကြီးဆက်ပြီးကြိုးစားသွားပါ့မယ် ဒီ ၂၀၂၁ မှာလဲ သီချင်းအသစ်တွေလာဦးမှာမို့လို့ ဆက်လက်ပီးတော့ စောင့်ကြည့်ပေးပါဦးဗျ 🤍 ကျေးဇူးတင်ပါတယ် ကြိုးစားလျက် 🤍” ဆိုပြီး ပရိသတ်တွေကို ကတိစကားလေးဆိုလာပါတယ်။

ချမ်းမြေ့မောင်ချိုရဲ့ဖေဖေ ဦးမောင်ချိုကတော့ သမီးလေးရဲ့ အောင်မြင်မှုအသီးအပွင့်တွေကိုကြည့်ပြီး ကြည်နူးပီတိဖြစ်ရသလို မောင်ချိုလေးကလည်း ဖေဖေ၊ မေမေ ဂုဏ်ယူရလောက်တဲ့ သမီးအလိမ္မာလေးတစ်ယောက်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Credit – Cele Connections