Knockouts မှာ အနိုင်ရရှိခဲ့ပေ မယ့်လည်း စင်နောက်မှာမိသားစုအကြောင်းပြောရင်း မျက်ရည်ကျခဲ့မိတဲ့အကြောင်းအရင်းကို ပြောပြလာတဲ့ ခင်ရတနာစိုး
ရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

The Voice Myanmar Season (3) သီချင်းဆိုပြိုင်ပွဲကြီး ကတော့ ရက်သတ္တပတ် တစ်ပတ် ထက် တစ်တစ်ပတ် ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းလာပါပြီ။ ပြိုင်ပွဲဝင်တွေက ကြိုးကြိုးစားစားနဲ့ သီဆိယှဉ်ပြိုင်ကြပြီး ပြုတ်တဲ့ သူတွေက ပြုတ်သွားကြသလို နောက်တဆင့်တက်သွားတဲ့သူတွေကလည်း Live Show မှာ သီဆိုဖို့အတွက် ဆက်လက်ကြိုးစား နေကြပြီ ဖြစ်ပါတယ်။

ထိုထဲကမှ Team Ni Ni ကနေ ပါဝင် ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင် ခင်ရတနာစိုး ကလည်း Knock Out မှာ အနိုင်ရရှိခဲ့ပြီး Live Show မှာ သီဆိုဖို့ အခွင့်အရေးရခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ခင်ရတနာစိုးက Knock Out မှာ အနိုင်ရရှိခဲ့ ပေမယ့်လည်း စင်နောက်မှာ မိသားစုအကြောင်းပြောရင်း မျက်ရည်ကျခဲ့မိတာကြောင့် သူမရဲ့ဖြစ်စဉ်နဲ့ ပက်သတ်ပြီး အခုလိုပဲ ဖြေရှင်းလာပါတယ်။ “ညီမအစောကထဲကမျက်ရည်မထိန်းနိုင်ခဲ့လို့ အပြောခံရမယ်ဆိုတာသိပါတယ်ရှင်။

ဒါပေမယ့်လဲ ညီမပျော်နိုင်တဲ့ခံစားချက်ကို ညီမမထိန်းနိုင် လို့ဖြစ်ခဲ့ရသည့်အတွက် အနူးအညွတ်တောင်းပန်ပါတယ်ရှင်ရှေ့ဆက်လဲပိုကြိုးစားပါ့မယ်။ ပရိတ်သတ်Votingနဲ့ ညီမတက်လမ်းကဆက်လျှောက်ရမှာဖြစ်တဲ့အတွက် ညီမကိုနောက်အဆင့်တွေမှာ Voteဖို့လဲ တောင်းဆိုချင်ပါတယ်ရှင် ကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီး ပွင့်ပွင့်လင်းလင်းပြောလာခဲ့ပါတယ်။

ခင်ရတနာစိုးကတော့ ပြိုင်ပွဲစတင်ယှဉ်ပြိုင်ကတည်းက မြန်မာ သီချင်းတွေနဲ့သာ ပါဝင်ယှဉ်ပြိုင်တာများပြီး သူမရဲ့ ကြည်လင်ပြတ်သားတဲ့ အသံကြောင့် ပရိသတ်အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နောက်အဆင့်တွေမှာ ခင်ရတနာစိုးကို ဆက်လက်အားပေးဖို့ မမေ့ကြပါနဲ့နော်။

အစမှ အဆုံးဖတ် ပေးသော Cele top stars ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ် ။အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော cele top stars page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်…

Zaw gyi






