unicode
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ Beauty Blogger တစ်ယောက်ဖြစ်တဲ့နေခြည်ဦးဟာဆိုရင် အနုပညာလမ်းကြောင်းမှာ နေရာတစ်နေရာရရှိနေတာဖြစ်ပြီး ပရိတ်သတ်အားပေးမှုကို အပြည့်အဝရရှိခဲ့တာပဲဖြစ်ပါတယ်။ ​နေခြည်ကတော့ အကောင်းစား ပစ္စည်းတွေကိုသုံးထားနိုင်သူဖြစ်တာကြောင့် ဆယ်ကျော်သက် အရွယ်လေးတွေရှေ့မှာတော့ အားကျစရာမင်းသမီးလေးတစ်ပါးလို ဖြစ်နေတော့တာပဲဖြစ်ပါတယ်။ နေခြည်ကတော့ အဖေ့အရှိန်အဝါနဲ့ ဖြစ်လာတဲ့ အစွမ်းအစတွေနဲ့ ပရိသတ်တွေရှေ့မှာ ကြွားဝါပြနေခဲ့တာကိုလည်း ပရိသတ်က အချစ်မပျက်ခဲ့သေးပါဘူး..။
နေခြည်ဦးက လတ်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း အစပိုင်းမှာတော့ ပြည်သူလူထုနဲ့အတူရပ်တည်သလိုနဲ ့နောက်ပိုင်းတော့ ငြိမ်ချက်သားကောင်းသွားတာပဲဖြစ်ပါတယ်။ အကြောင်းကတော့ သူမတို့မိသားစုက စစ်တပ်အသိုင်းအဝိုင်းကဖြစ်တဲ့အတွက် နိုင်ငံရေးကိုဟန်ပြသာလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း ပရိတ်သတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရတာပဲဖြစ်ပါတယ်..။
ဒီတစ်ခါမှာတော့ နေခြည်ဦးတစ်ယောက်က မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေကြောင့် စစ်ဘေးရှောင်နေရသူတွေများပြားနေတဲ့အတွက် သူမရဲ့အဝတ်အစားတွေကို လှူဒါန်းသွားဖို့ ပြင်ဆင်နေတဲ့ ပုံလေးကို Myday မှာတင်လာခဲ့တာ ဖြစ်ပါတယ်။ အားလုံးရဲ့ဝေဖန်မှုတွေကိုခံနေရတဲ့အတွက် ဒီလိုပုံစံမျိုးနဲ့ ပရိတ်သတ်ဆီကို ပြန်လည်ချဉ်းကပ်လာတာမျိုးလည်းဖြစ်န်ိုင်ပါတယ်။ နေခြည်ဦးနဲ့ပတ်သက်ပြီးပရိတ်သတ်တွေရဲ့အမြင်လေးတွေကိုလည်းရေးသားခဲ့ပါအုံးနော်။ ဖတ်
ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit