ခ်စ္လွစြာေသာပရိတ္သႀကီးေရ သ႐ုပ္ေဆာင္ ေမာ္ဒယ္ စူးရွထက္ကေတာ့ ခုလတ္တေလာ မွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ေဖေဖာ္ဝါရီလထဲကေန ဒီေန႔အထိ ျပည္သူလူထုနဲ႔အတူရပ္တည္ကာ လမ္းေပၚထြက္ လႈပ္ရွားမႈေတြကို အားတတ္သေရာ ျပဳလုပ္ခဲ့သူတစ္ေယာက္ပါ။ ဒါ့အျပင္ အစားအေသာက္မ်ားကို ကိုယ္တိုင္ခ်က္ျပဳတ္ကာ လႈပ္ရွားမႈ ျပဳလုပ္ေနတဲ့ ျပည္သူေတြအျပင္ ညကင္းေစာင့္တဲ့ သူရဲေကာင္းေတြကိုလည္း လိုက္ေဝငွလႉဒါန္းရင္း ရရာေနရာကေန တတ္နိုင္သေလာက္ ကူညီ အားျဖည့္ခဲ့တာျဖစ္ပါတယ္..။

ခုလို အရာရာ ခက္ခဲလြန္းတဲ့ ေတာ္လွန္ေရး ကာလႀကီး မွာလည္း စားဝတ္ေနေရး အဆင္မေျပျဖစ္ေနတဲ့ ျပည္သူေတြကို သူမရဲ့ ေခၽြးနည္းစာေလးနဲ႔ လိုအပ္တာမွန္သမၽွကို တတ္နိုင္သေလာက္ ေထာက္ပံ့ေဝမၽွေပးခဲ့တာေၾကာင့္ အားလုံးက ေလးစား ခ်စ္ခင္ေနရတာပါ ။ သူမကိုယ္တိုင္လည္း ေခၽြတာကာ အင္တိုက္ အားတိုက္ လႉဒါန္းခဲ့ၿပီး ကိုယ္က်ိဴးမၾကည့္ဘဲ လုပ္ေဆာင္ေနသူ တစ္ေယာက္လည္းျဖစ္ပါတယ္..။

မၾကာခင္နာရီပိုင္းေလာက္ကလည္း သူမရဲ့ ပို႔စ္ေအာက္မွာ လာေရာက္ အကူအညီေတာင္းခံထားတဲ့ ကေလးမိခင္တစ္ဦးကို တတ္နိုင္သေလာက္ အလႉေငြ ( ၅၀၀၀၀ ) လႉဒါန္းျဖစ္ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ အလႉခံသူမွာ ဆင္းရဲခ်ိဳ႕တဲ့ ၿပီး အစားလည္း ပုံမွန္မစားနိုင္လို႔ နို႔မထြက္တာေၾကာင့္ ကေလးျဖစ္သူကို နို႔မႈန႔္ေလး ဝယ္ေပးခ်င္ လို႔ အလႉခံရျခင္းျဖစ္ေၾကာင္း သ႐ုပ္ေဆာင္ စူးရွထက္ရဲ့ ပို႔စ္ေလးမွာ ေရးသားခဲ့တာေတြ႕ရပါတယ္ ။သ႐ုပ္ေဆာင္ စူးရွထက္ရဲ့ စိတ္ထားေလးကို ေလးစားမိတာေၾကာင့္ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။ဖတ္ရႈေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့
ေန႔ေလးတစ္ေန႔ကို ပိ္ုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Source & Photo Credit : Zar Chi Facebook Page

ချစ်လှစွာသောပရိတ်သကြီးရေ သရုပ်ဆောင် မော်ဒယ် စူးရှထက်ကတော့ ခုလတ်တလော မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလထဲကနေ ဒီနေ့အထိ ပြည်သူလူထုနဲ့အတူရပ်တည်ကာ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေကို အားတတ်သရော ပြုလုပ်ခဲ့သူတစ်ယောက်ပါ။ ဒါ့အပြင် အစားအသောက်များကို ကိုယ်တိုင်ချက်ပြုတ်ကာ လှုပ်ရှားမှု ပြုလုပ်နေတဲ့ ပြည်သူတွေအပြင် ညကင်းစောင့်တဲ့ သူရဲကောင်းတွေကိုလည်း လိုက်ဝေငှလှူဒါန်းရင်း ရရာနေရာကနေ တတ်နိုင်သလောက် ကူညီ အားဖြည့်ခဲ့တာဖြစ်ပါတယ်..။

ခုလို အရာရာ ခက်ခဲလွန်းတဲ့ တော်လှန်ရေး ကာလကြီး မှာလည်း စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေကို သူမရဲ့ ချွေးနည်းစာလေးနဲ့ လိုအပ်တာမှန်သမျှကို တတ်နိုင်သလောက် ထောက်ပံ့ဝေမျှပေးခဲ့တာကြောင့် အားလုံးက လေးစား ချစ်ခင်နေရတာပါ ။ သူမကိုယ်တိုင်လည်း ချွေတာကာ အင်တိုက် အားတိုက် လှူဒါန်းခဲ့ပြီး ကိုယ်ကျိူးမကြည့်ဘဲ လုပ်ဆောင်နေသူ တစ်ယောက်လည်းဖြစ်ပါတယ်..။

မကြာခင်နာရီပိုင်းလောက်ကလည်း သူမရဲ့ ပို့စ်အောက်မှာ လာရောက် အကူအညီတောင်းခံထားတဲ့ ကလေးမိခင်တစ်ဦးကို တတ်နိုင်သလောက် အလှူငွေ ( ၅၀၀၀၀ ) လှူဒါန်းဖြစ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ အလှူခံသူမှာ ဆင်းရဲချို့တဲ့ ပြီး အစားလည်း ပုံမှန်မစားနိုင်လို့ နို့မထွက်တာကြောင့် ကလေးဖြစ်သူကို နို့မှုန့်လေး ဝယ်ပေးချင် လို့ အလှူခံရခြင်းဖြစ်ကြောင်း သရုပ်ဆောင် စူးရှထက်ရဲ့ ပို့စ်လေးမှာ ရေးသားခဲ့တာတွေ့ရပါတယ် ။သရုပ်ဆောင် စူးရှထက်ရဲ့ စိတ်ထားလေးကို လေးစားမိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့
နေ့လေးတစ်နေ့ကို ပိ်ုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit