






Credit

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားနေဒွေးကတော့ အနုပညာပိုင်းမှာ အောင်မြင်စွာရပ်တည်နေသလို စီးပွားရေးဘက်မှာလည်း ဆန်လုပ်ငန်းကို တစိုက်မတ်မတ်လုပ်ဆောင်နေကာ အောင်မြင်မှုတွေ ရရှိထားသူပဲ ဖြစ်ပါ တယ်..။

နေဒွေးကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူပရိသတ်တွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာကိုလည်း မကြာခဏတွေ့ရပါတယ်..။

သူ့ရဲ့JITTOO အော်ဂန်းနစ်ဆန်အိတ် ၁၀၀ နဲ့ ဆီပိဿာ ၁၀၀ တို့ကို စားဝတ်နေရေးခက်ခဲနေတဲ့ပြည်တွေအတွက် လှူဒါန်းမယ့်အကြောင်းလေးကို ပြောပြရင်း စေတနာရှင်အလှူရှင်တွေလည်း ပါဝင်လှူဒါန်းနိုင်ဖို့အတွက် စီစဉ်ထားပါေ သးတယ်..။

ကိုယ်တိုင်ကိုယ်ကျ ဆန်နဲ့ဆီတွေ လှူဒါန်းမယ့်အပြင် JITTIO အော်ဂန်းနစ်ရွှေဆန်ကို ဝယ်ယူလှူဒါန်းကြမယ့် အလှူရှင်တွေကိုလည်း ၆ပြည်တအိတ်ကို ၅၀၀၀ စီ လျော့ကာ ထပ်မံလှူဒါန်းသွားမှာ ဖြစ်တယ်လို့ နေဒွေးက ပြောပြထား တာပါ..။

“စားဝတ်နေရေး ခက်ခဲနေသော ပြည်သူများကိုလှူဒါန်းဖို့ ကျွန်တော့်ရဲ့ JITTOO အော်ဂန်းနစ်ဆန်အိတ် ၁၀၀ နှင့် ဆီပိဿာ ၁၀၀ ကိုစတင်လှူဒါန်းပါမည် ခင်ဗျ🙏🏼🙏🏼🙏🏼

ပူပေါင်းပါဝင်လှူချင်သူများ အနေဖြင့်လည်း JITTIO အော်ဂန်းနစ်ရွှေဆန် ၆ပြည်တအိတ်ကို လက်ရှိရောင်းဈေး ၁၄၀၀၀ နှင့်ဝယ် လှူစရာမလိုပဲ ၆ပြည်တအိတ်ကို ငွေကျပ် ၉၀၀၀ ဖြင့် ပါဝင်လှူဒါန်းနိုင်ပါသည် ခင်ဗျ🙏🏼🙏🏼🙏🏼

ပါဝင်လှူဒါန်းသူများ၏ ဆန်အိတ်တအိတ်တိုင်းမှာ ကျွန်တော်တို့ရဲ့ အမြတ်နှင့်အရင်းငွေ ၅၀၀၀ ကျပ်စီ ထပ်မံပါဝင်ခြင်း ဖြစ်ပါတယ်ခင်ဗျ 🦁❤️..” ဆိုပြီး နေဒွေးက ဝေမျှကာ အသိပေးပြောပြထားတာဖြစ်ပြီး သာဓုခေါ်စရာအလှူလေးကို ပြည်သူပရိသတ်တွေနဲ့အတူ လှူဒါန်း လိုက်တာပါ..။

Credit