ပရိသတ္ႀကီး မင္းသားေနေဒြးကေတာ့ လက္ရွိ ျမန္မာနိုင္ငံ မွာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ျပည္သူ ပရိသတ္ေတြနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္။ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ ရရာေနရာ ကေနတတ္နိုင္သေလာက္ပါဝင္ကူညီအားျဖည့္ေနၾကတဲ့ ျပည္သူေတြအားလုံးနဲ႔အတူ ေနေဒြးကလည္း အလႉေလးေတြနဲ႔ တစ္တပ္တစ္အားပါဝင္ေနတာျဖစ္ပါတယ္။

ေန႔တိုင္းလိုလို လိုအပ္တဲ့ေနရာမ်ားကို သြားေရာက္ကာ သူကိုယ္တိုင္ေရာင္းခ်လ်က္ရွိေနတဲ့ ဆန္မ်ားကို လႉဒါန္းခဲ့သလို မိတ္ေဆြသူငယ္ခ်င္းမ်ားနဲ႔လည္း စုေပါင္းကာ အလႉေငြမ်ား လိုအပ္တဲ့ အစားအေသာက္မ်ားကို လႉဒါန္းလ်က္ရွိတာကို ေလးစားစြာေတြ႕ျမင္ရပါတယ္။

အခုလည္း မင္းသား ေနေဒြး တစ္ေယာက္ စုေပါင္းအလႉေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ ေျမာက္ဥကၠလာ ၂ရပ္ကြက္ မွာေနထိုင္တဲ့ စားဝတ္ေနေရးခက္ခဲေနေသာ အဖိုးအဖြား ျပည္သူမ်ားအတြက္ အေျခခံ စားေသာက္ကုန္မ်ားကို သြားေရာက္ လႉဒါန္းေပးခဲ့ပါတယ္။ ခုလိုခ်ိန္မွာ မရွိအတူ ရွိအတူမို႔ လိုအပ္ေနသူေတြကို တတ္နိုင္သေလာက္ ေဝမၽွေပးမယ့္ အေၾကာင္းေလးကိုလည္း ေဖာ္ျပထားပါေသးတယ္။ ေနေဒြးလည္း ဒီထက္မက လႉဒါန္းမႈေတြ ျပဳလုပ္နိုင္ပါေစ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္…။

Credit– Cele Zone
Photo – Nay Dway

ပရိသတ်ကြီး မင်းသားနေဒွေးကတော့ လက်ရှိ မြန်မာနိုင်ငံ မှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူ ပရိသတ်တွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။တော်လှန်ရေးတိုက်ပွဲကြီးမှာ ရရာနေရာ ကနေတတ်နိုင်သလောက်ပါဝင်ကူညီအားဖြည့်နေကြတဲ့ ပြည်သူတွေအားလုံးနဲ့အတူ နေဒွေးကလည်း အလှူလေးတွေနဲ့ တစ်တပ်တစ်အားပါဝင်နေတာဖြစ်ပါတယ်။

နေ့တိုင်းလိုလို လိုအပ်တဲ့နေရာများကို သွားရောက်ကာ သူကိုယ်တိုင်ရောင်းချလျက်ရှိနေတဲ့ ဆန်များကို လှူဒါန်းခဲ့သလို မိတ်ဆွေသူငယ်ချင်းများနဲ့လည်း စုပေါင်းကာ အလှူငွေများ လိုအပ်တဲ့ အစားအသောက်များကို လှူဒါန်းလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း မင်းသား နေဒွေး တစ်ယောက် စုပေါင်းအလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ မြောက်ဥက္ကလာ ၂ရပ်ကွက် မှာနေထိုင်တဲ့ စားဝတ်နေရေးခက်ခဲနေသော အဖိုးအဖွား ပြည်သူများအတွက် အခြေခံ စားသောက်ကုန်များကို သွားရောက် လှူဒါန်းပေးခဲ့ပါတယ်။ ခုလိုချိန်မှာ မရှိအတူ ရှိအတူမို့ လိုအပ်နေသူတွေကို တတ်နိုင်သလောက် ဝေမျှပေးမယ့် အကြောင်းလေးကိုလည်း ဖော်ပြထားပါသေးတယ်။ နေဒွေးလည်း ဒီထက်မက လှူဒါန်းမှုတွေ ပြုလုပ်နိုင်ပါစေ ဆုတောင်းပေး လိုက်ပါတယ်နော်…။

Credit– Cele Zone
Photo – Nay Dway