


Source: Htoo Khant’s fb

ချစ်ပရိသတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင်မင်းသမီး ရွှေမှုံရတီတို့က နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်လွန်းတဲ့ ဇနီးမောင်နှံတွေပဲ ဖြစ်ပါတယ်။မင်းသမီး ရွှေမှုံရတီက သရုပ်ဆောင်လောကမှာ ထိပ်ဆုံးက ရပ်တည်နေသလို အဆိုတော် ရွှေထူးကလည်း အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကကတော့ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကြောင့်သာမက ကြည်နူးစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် အိမ်ထောင်သက် (၂) နှစ်ကျော်ရှိခဲ့ပြီဖြစ်တဲ့ အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင်မင်းသမီး ရွှေမှုံရတီတို့က တစ်ယောက်နဲ့တစ်ယောက် တူညီတဲ့အချက်လေးတွေနဲ့ သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရွှေမှုံရတီက လမ်းဘေးတစ်နေရာမှာ ချို့တဲ့စွာနေနေတဲ့သူကို မြင်မြင်ချင်း သူ့ကိုယ်သူဘယ်သူဘယ်ဝါဆိုတာမေ့ထားကာ ကားရပ်ပြီး ပိုက်ဆံသွားလှူတဲ့ ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့ လေးစားဖွယ်ကောင်းတဲ့ အပြုအမူလေးကို ဗီဒီယိုလေးရိုက်ပြီး အခုလိုပဲ မှတ်တမ်းတင်လာတာကို တွေ့ရပါတယ်။

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင်မင်းသမီး ရွှေမှုံရတီတို့ကတော့ နှစ်ယောက်စလုံးက စိတ်တူကိုယ်တူနဲ့ ကြင်နာတတ်ကြပြီး အလှူသေးသေးကြီးကြီးကိုမဆို မကြာခဏပြုလုပ်တတ်ကြသူတွေ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ ရွှေထူးတို့ ဇနီးမောင်နှံလေး အခုထက်မက လှူနိုင်တန်းနိုင်ပြီး စီးပွားလာဘ်လာဘတွေလည်း တိုးတက်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်….။

Source: Htoo Khant’s fb
credit– Cele Connections