



ချစ်ပရိသတ်ကြီးရေ မင်းသားချော စွမ်းဇာနည်ကတော့ ဇာတ်သဘင်လောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အားပေးသူပရိသတ်အခိုင်အမာရရှိပြီးသား စွမ်းဇာနည်ကတော့ ပြီးခဲ့တဲ့နှစ်တွေက လူမှုရေးပြဿနာအချို့နဲ့ ကျန်းမာေ ရးအခြေအနေကြောင့် အလုပ်တွေလုပ်ကိုင်တာ နည်းပါးသွားပေမယ့် လက်ရှိမှာတော့ အရင်အတိုင်း အလုပ်တွေကို ပြန်လည်လုပ်ကိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ စွမ်းဇာနည်ကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း စွမ်းဇာနည်ရဲ့ ပျက်ကွက်မှုတွေကို မေတ္တာနဲ့ နားလည်ပေးကြပြီး အရင်အ တိုင်းချစ်ပေး၊ အားပေးကြဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စွမ်းဇာနည်က ရုပ်သံလိုင်းတစ်ခုက ထုတ်လွှင့်ပြသမယ့် သူ့ရဲ့ဖျော်ဖြေပွဲအတွက် ရိုက်ကူးရေးတွေပြုလုပ်နေရပြီး ဇာတ်မင်းသား တစ်ယောက်ပီပီ ဝတ်စုံ၊ မိတ်ကပ်အပြည့်နဲ့ ကြိုးစားတင်ဆက်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စွမ်းဇာနည်ရဲ့ မိတ်ကပ်မျက်နှာနဲ့ ပုံရိပ်ဟာ Troller တွေကြား ထဲပျံ့နှံ့နေပြီး စနောက်ခံနေရတာကြောင့် စွမ်းဇာနည်ရဲ့ချစ်သူမိန်းကလေးက “မိန်းမချောချောနေတာကို ဘာဖြစ်နေကြတာလဲ” ဆိုပြီး တစ်ခွန်းတည်းပြောပြီး တုံ့ပြန်လာတာကို တွေ့ ရပါတယ်။

မင်းသား စွမ်းဇာနည်ရဲ့ ချစ်သူမိန်းကလေးကတော့ စွမ်းဇာနည်ရဲ့ အကောင်း အဆိုးမှန်သမျှကို ပါရမီဖြည့်ပေးခဲ့သူဖြစ်ပြီး စွမ်းဇာနည်အတွက် မရှိမဖြစ်လို့တောင်ဆိုနိုင်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်သူကို စော်ကားသလို ဝိုင်း Troll နေကြသူတွေကို တုံ့ပြန်လာတဲ့ စွမ်းဇာနည်ရဲ့ မိန်းကလေးအပေါ် နားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်…။

Source: Hnin Wutt Yi Aung’s fb
Credit – Cele Connections