အနုပညာအလုပ်တွေမလုပ်ပဲ ဆရာဝန် တစ်ယောက်သာ ဆက်လုပ်ဖြစ်ခဲ့ရင် လက်ရှိဖြစ်နေမယ့်သူမရဲ့အခြေအနေကို မြင် ယောင်ကြည့်မိခဲ့တဲ့ ချစ်သုဝေရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

ပရိသတ်တွေ ချစ်ကြတဲ့ နိုင်ငံကျော် သရုပ်ဆောင် နဲ့ အဆိုတော်ဖြစ်သူ ချစ်သုဝေက ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူ တစ်ဦးပါ။ ချစ်သုဝေက လက်ရှိမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ထိန်းကျောင်းရင်းနဲ့ အနုပညာလုပ်ငန်းတွေ၊ ပရဟိတအလုပ်တွေ

ကို တွဲဖက် လုပ်ကိုင်နေလျက်ရှိပါတယ်။ ဆရာဝန် တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေက တရားဝင်ဆေးကုသခွင့်လက်မှတ် ကိုင်ဆောင်ခွင့်မရှိပေမယ့် သူမရဲ့ ငယ်သူငယ်ချင်း ဆရာဝန်တွေကို လိုအပ်တဲ့ ဆေးဝါးပစ္စည်းကအစ ထောက်ပံ့ ပေးနေခဲ့တာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ချစ်သုဝေက သူမသာ ဆရာဝန် တစ်ယောက်သာ ဆက်လုပ်ဖြစ်ခဲ့ရင်ဆိုပြီး လက်ရှိသူမရဲ့အခြေအနေကို မြင်ယောင်ကြည့်မိခဲ့ကြောင်း အခုလိုပဲ

ပြောပြလာပါတယ်။ “ဒီနေ့ NOGH ရဲ့ emergency ဌာနကို emergency bed trolley တွေလှူဖို့သွားရင်း house surgeonဘဝကိုသတိအတော်ရမိတယ်..သူငယ်ချင်းတွေရောပဲ။ သြော် ငါသာ ဆရာဝန် ဆက် လုပ်ဖြစ်ရင် ခုချိန် အရမ်းတက်ကြွနေတဲ့ ဆရာဝန်မတစ်ယောက်ဖြစ်နေမှာပဲလို့လည်းတွေးမိတယ်။ မစည်ကားအပ်တဲ့နေရာမှာ လူနာတွေအတော်များ ဆရာဝန်တွေမနားရ…ဒီကြားထဲ ကိုယ့်ကို ‘ မကြောက်နဲ့နော် လာ ဝင်ခဲ့တို့ လိုက်ကြည့်ပါ ‘ တို့ပြောရင် အတော်

ကို အားတုံ့အားနာဖြစ်ရတယ်။ ကိုယ်က ခဏလာ တာလေ။ ရှိနေတဲ့ဆရာဝန်တွေအားလုံး နေမနားညမအား လုပ်နေကြရတာကိုလေ…”စည်းကမ်းရှိစွာကူညီပေးလိုက်ကြပါနော်” အရမ်းပင်ပမ်းနေပေမယ့် မပင်ပမ်း သလို မမောတမ် းမပမ်းတမ်းလုပ်နေကြရတာမို့ပါ” ဆိုပြီး ဆရာဝန်တွေကို အနီးကပ်မြင်ခွင့်ရတဲ့ အကြောင်းကိုလည်း ပြောပြလာပါတယ်။

ချစ်သုဝေ ကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ဖို့ ဆရာဝန်ဆိုတဲ့ လမ်းကြောင်းကို စွန့်လွှတ်ခဲ့ရပေမယ့် သူမရဲ့ အသွေးအသားကတော့ လူနာတွေကို ကူညီ
စောင့်ရှောက်ဖို့ အမြဲတမ်း ဆန္ဒရှိနေသူတစ် ယောက်ပဲ ဖြစ်ပါတယ်။ အစမှ အဆုံးဖတ် ပေးသော Cele top stars ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ် ။အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော cele top stars page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်…


zaw gyi

အႏုပညာအလုပ္ေတြမလုပ္ပဲ ဆရာဝန္ တစ္ေယာက္သာ ဆက္လုပ္ျဖစ္ခဲ့ရင္ လက္ရွိျဖစ္ေနမယ့္သူမရဲ႕အေျခအေနကို ျမင္ေယာင္ၾကည့္မိခဲ့တဲ့ ခ်စ္သုေဝရဲ႕အေၾကာင္းေလးကို cele top stars ပရိတ္သတ္ႀကီးအတြက္ ျပန္လည္မွ်ေဝလိုက္ပါတယ္။

ပရိသတ္ေတြ ခ်စ္ၾကတဲ့ ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္ နဲ႔ အဆိုေတာ္ျဖစ္သူ ခ်စ္သုေဝက ဆရာဝန္တစ္ဦးျဖစ္ေပမယ့္ သူမခ်စ္တဲ့ အႏုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေနသူ တစ္ဦးပါ။ ခ်စ္သုေဝက လက္ရွိမွာေတာ့ သူမရဲ႕ ခ်စ္စရာေကာင္းတဲ့ သမီးေလးႏွစ္ေယာက္ကို ထိန္းေက်ာင္းရင္းနဲ႔ အႏုပညာလုပ္ငန္းေတြ၊ ပရဟိတအလုပ္ေတြ

ကို တြဲဖက္ လုပ္ကိုင္ေနလ်က္ရွိပါတယ္။ ဆရာဝန္ တစ္ေယာက္ျဖစ္တဲ့ ခ်စ္သုေဝက တရားဝင္ေဆးကုသခြင့္လက္မွတ္ ကိုင္ေဆာင္ခြင့္မရွိေပမယ့္ သူမရဲ႕ ငယ္သူငယ္ခ်င္း ဆရာဝန္ေတြကို လိုအပ္တဲ့ ေဆးဝါးပစၥည္းကအစ ေထာက္ပံ့ေပးေနခဲ့တာပဲ ျဖစ္ပါတယ္။
ဒီကေန႔မွာေတာ့ ခ်စ္သုေဝက သူမသာ ဆရာဝန္ တစ္ေယာက္သာ ဆက္လုပ္ျဖစ္ခဲ့ရင္ဆိုၿပီး လက္ရွိသူမရဲ႕အေျခအေနကို ျမင္ေယာင္ၾကည့္မိခဲ့ေၾကာင္း အခုလိုပဲ

ေျပာျပလာပါတယ္။ “ဒီေန႔ NOGH ရဲ႕ emergency ဌာနကို emergency bed trolley ေတြလႉဖို႔သြားရင္း house surgeonဘဝကိုသတိအေတာ္ရမိတယ္..သူငယ္ခ်င္းေတြေရာပဲ။ ေၾသာ္ ငါသာ ဆရာဝန္ ဆက္လုပ္ျဖစ္ရင္ ခုခ်ိန္ အရမ္းတက္ႂကြေနတဲ့ ဆရာဝန္မတစ္ေယာက္ျဖစ္ေနမွာပဲလို႔လည္းေတြးမိတယ္။ မစည္ကားအပ္တဲ့ေနရာမွာ လူနာေတြအေတာ္မ်ား ဆရာဝန္ေတြမနားရ…ဒီၾကားထဲ ကိုယ့္ကို ‘ မေၾကာက္နဲ႔ေနာ္ လာ ဝင္ခဲ့တို႔ လိုက္ၾကည့္ပါ ‘ တို႔ေျပာရင္ အေတာ္

ကို အားတုံ႔အားနာျဖစ္ရတယ္။ ကိုယ္က ခဏလာတာေလ။ ရွိေနတဲ့ဆရာဝန္ေတြအားလုံးေနမနားညမအား လုပ္ေနၾကရတာကိုေလ…”စည္းကမ္းရွိစြာကူညီေပးလိုက္ၾကပါေနာ္” အရမ္းပင္ပမ္းေနေပမယ့္ မပင္ပမ္း သလို မေမာတမ္းမပမ္းတမ္းလုပ္ေနၾကရတာမို႔ပါ” ဆိုၿပီး ဆရာဝန္ေတြကို အနီးကပ္ျမင္ခြင့္ရတဲ့ အေၾကာင္းကိုလည္း ေျပာျပလာပါတယ္။

ခ်စ္သုေဝကေတာ့ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ဖို႔ ဆရာဝန္ဆိုတဲ့ လမ္းေၾကာင္းကို စြန႔္လႊတ္ခဲ့ရေပမယ့္ သူမရဲ႕ အေသြးအသားကေတာ့ လူနာေတြကို ကူညီ
ေစာင့္ေရွာက္ဖို႔ အၿမဲတမ္း ဆႏၵရွိေနသူတစ္ ေယာက္ပဲ ျဖစ္ပါတယ္။ အစမွ အဆုံးဖတ္ ေပးေသာ Cele top stars ပရိတ္သတ္ႀကီးအားေက်းဇူးတင္ပါတယ္ ။အႏုပညာရွင္ေတြရဲ႕ သတင္းေတြကို အစဥ္အပ်က္ တင္ဆက္ေပးေနေသာ cele top stars page ေလးကို like and share ေလးျပဳလုပ္ေပးက်ပါအုံးေနာ္…