ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Source & Video Credit-Thun Thit Sar Zaw’s FB Acc
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ MRTV 4 ဇာတ်လမ်းတွဲမင်းသမီးချောလေး တစ်ယောက်ဖြစ်တဲ့ သွန်းသစ္စာဇော်က မနေ့ကဆိုရင် သူမတို့ဆိုင်ကယ် အခိုးခံ လိုက်ရတဲ့ဖြ စ်စဉ်ကို CCTV မှတ်တမ်းနဲ့အတူ ပြသလိုက်တာ ဖြစ်ပါတယ်။ သွန်းသစ္စာဇော်က ဆိုင်ထဲဝင်ပြီး ငွေချေနေတုန်း မိနစ်ပို င်းအတွင်းမှာပဲ ဆိုင်ကယ်က အခိုးခံလိုက်ရတာ ဖြစ်ပါတယ်..။
ခိုးသွားတဲ့ပုံစံကတော့ လူသုံးယောက်ပေါင်းပြီး အကွက်ကျကျ စီစဉ်သွားတာကို CCTV မှတ်တမ်းကတစ်ဆင့် မြင်တွေ့ရ တာပဲ ဖြစ်ပါတ ယ် ။ ပထမဆုံးအနေနဲ့ သွန်းသစ္စာဇော် တို့ရပ်ထားတဲ့ ဆိုင်ကယ်အနားကို လူနှစ်ယောက်က ဆိုင်ကယ်တစ်စီးနဲ့ ချည်းကပ်လာခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ နောက်တစ်ယောက်ရောက်လာပြီး ဆိုင်ကယ်သော့ဖျက်နေတာကို တစ်ယောက်ကလည်း ဘေးကနေ စောင့်ကြည့်ပေးနေတာ ဖြစ်ပါတယ်..။
ဒါ့အပြင် အဲ့ဒီလူသုံးယောက်ထဲက တစ်ယောက်ကလည်း ဆိုင်ထဲကိုဝင်ပြီး အခြေအနေကြည့်ပေးနေ တာကို ဗီဒီယိုထဲမှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။ သူများဆိုင်ကယ်ကို မတရားတဲ့နည်းလမ်းနဲ့ ခိုးယူသွားတဲ့သူတွေကိုတော့ သွန်းသစ် စာဇော်က ” လူတွေလည်း ငတ်ပြတ်နေပြီထင်ပါတယ် အရင်လိုမဟုတ် တော့ဘူး ပိုက်ဆံလေးဝင်ချေတုန်း ဘယ်နှစ်မိနစ်မှတောင် မကြာလိုက် ဘူး ပါသွားတာ သူတို့ထဲက တစ်ယောက်ကလည်း အထဲဝင်လာပြီး check ပေးသေးတာ နေရာအထားမှားတဲ့ ကိုယ်တွေအပြစ်လည်းမကင်း တော့ ဘာမှမပြောချင်တော့ပါဘူး သူများဒုက္ခရောက်နေချိန် အခုလိုအလွယ်လုပ်တဲ့သူများ ကျန်းမာကြပါစေရှင် 😢😞 ” ဟုဆို ပြီး ပြောထား တာ ဖြစ်ပါတယ် ။ ပြ ည်သူတွေလည်း သတိထားလို့ရအောင် ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ဖတိရှုပေးကြတဲ့
ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိ်ုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit ; MMLoad