ခ်စ္ပရိတ္သတ္ႀကီးေရ….မိဘႏွစ္ပါး အေပၚ ေက်းဇူးသိတတ္တဲ့ သားလိမၼာေလး တစ္ဦး ျဖစ္တာေၾကာင့္ ပရိသတ္ေတြသာမက အႏုပညာရွင္ ညီအစ္ကို ေမာင္ႏွမေတြ ရဲ့ ခ်စ္ျခင္းေတြကို ရရွိထားသူကေတာ့ သ႐ုပ္ေဆာင္ မင္းသား ေခ်ာေလး ပိုင္တံခြန္ပဲ ျဖစ္ပါတယ္။ သူဟာ နိုင္ငံတကာက ေမာ္ဒယ္ မင္းသားေတြ နဲ႔ ရင္ေဘာင္ တန္းလို႔ ရေလာက္ေအာင္ကိုပင္ ေခ်ာေမာခန႔္ညားလြန္းသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ျမန္မာနိုင္ငံက အမ်ိဳးသမီးပရိသတ္ ေတြရဲ့ အားေပးမႈေတြသာမကဘဲ ထိုင္းမေလးေတြကပါ ပိုင္တံခြန္ရဲ့ Style ေလးကို ေႂကြေနၾကတာလည္း ျဖစ္ပါတယ္။

သူဟာ လတ္တေလာမွာေတာ့ ေၾကာ္ျငာေလး ျပန္လည္ ရိုက္ကူးေနၿပီပဲ ျဖစ္ပါတယ္။ သူ႔ရဲ့ ပင္တိုင္ဓာတ္ပုံဆရာ ကိုလည္း အျခားအျပင္လူကို မခန႔္ထားဘဲ အစ္မအရင္းကိုသာ ရိုက္ကူးခိုင္းေလ့ရွိတာေၾကာင့္ သူမတူတဲ့ ပုံစံေလးေတြကို အျမဲျမင္ ေတြ႕ေနရတာလည္း ျဖစ္ပါတယ္။ အစ္မျဖစ္သူကလည္း ေမာင္ေလးရဲ့ လႈပ္ရွားမႈေတြတိုင္းကို အျမဲမွတ္တမ္းတင္ကာ ရိုက္ကူးေပးေလ့ ရွိတာလည္း ျဖစ္ပါတယ္။

မၾကာေသးခင္ နာရီပိုင္းာက္ကလည္း ပိုင္တံခြန္ ရဲ့ အစ္မျဖစ္သူ ေမခ်စ္ေသြးရဲ့ Facebook Story မွာ ပုံေလး တစ္ပုံ တင္ထားတာပဲ ျဖစ္ပါတယ္။ ဒါကေတာ့ သူမရဲ့ဆံပင္ပုံစံနဲ႔တစ္ထပ္တည္းတူတဲ့ေမာင္ျဖစ္သူရဲ့ပုံကိုမရရ ေအာင္ရွာေဖြၿပီး စကားေလးတစ္ခြန္းနဲ႔ထိမိေအာင္စေနာက္လိုက္တာပဲ ျဖစ္ပါတယ္။ ” ငါ့ဆံပင္ပုံနဲ႔ တူပါတယ္လို႔ငါမေျပာဘူးလား ခ်ိဖ ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြ အတြက္ ဒီသတင္းေလးကို တစ္ဆင့္ ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd- May Chit Thway’s and Paing Takhon’s Facebook Account

Crd

ချစ်ပရိတ်သတ်ကြီးရေ….မိဘနှစ်ပါး အပေါ် ကျေးဇူးသိတတ်တဲ့ သားလိမ္မာလေး တစ်ဦး ဖြစ်တာကြောင့် ပရိသတ်တွေသာမက အနုပညာရှင် ညီအစ်ကို မောင်နှမတွေ ရဲ့ ချစ်ခြင်းတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသား ချောလေး ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ သူဟာ နိုင်ငံတကာက မော်ဒယ် မင်းသားတွေ နဲ့ ရင်ဘောင် တန်းလို့ ရလောက်အောင်ကိုပင် ချောမောခန့်ညားလွန်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးပရိသတ် တွေရဲ့ အားပေးမှုတွေသာမကဘဲ ထိုင်းမလေးတွေကပါ ပိုင်တံခွန်ရဲ့ Style လေးကို ကြွေနေကြတာလည်း ဖြစ်ပါတယ်။

သူဟာ လတ်တလောမှာတော့ ကြော်ငြာလေး ပြန်လည် ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပင်တိုင်ဓာတ်ပုံဆရာ ကိုလည်း အခြားအပြင်လူကို မခန့်ထားဘဲ အစ်မအရင်းကိုသာ ရိုက်ကူးခိုင်းလေ့ရှိတာကြောင့် သူမတူတဲ့ ပုံစံလေးတွေကို အမြဲမြင် တွေ့နေရတာလည်း ဖြစ်ပါတယ်။ အစ်မဖြစ်သူကလည်း မောင်လေးရဲ့ လှုပ်ရှားမှုတွေတိုင်းကို အမြဲမှတ်တမ်းတင်ကာ ရိုက်ကူးပေးလေ့ ရှိတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းာက်ကလည်း ပိုင်တံခွန် ရဲ့ အစ်မဖြစ်သူ မေချစ်သွေးရဲ့ Facebook Story မှာ ပုံလေး တစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့ဆံပင်ပုံစံနဲ့တစ်ထပ်တည်းတူတဲ့မောင်ဖြစ်သူရဲ့ပုံကိုမရရ အောင်ရှာဖွေပြီး စကားလေးတစ်ခွန်းနဲ့ထိမိအောင်စနောက်လိုက်တာပဲ ဖြစ်ပါတယ်။ ” ငါ့ဆံပင်ပုံနဲ့ တူပါတယ်လို့ငါမပြောဘူးလား ချိဖ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- May Chit Thway’s and Paing Takhon’s Facebook Account

Crd