


Source: Si Phyo’s fb

ချစ်ပရိသတ်ကြီးရေ နိုင်ငံကျော် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ စည်ဖြိုးကတော့ ဘဝကို အေးအေးချမ်းချမ်းသာ ဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။ အနုပညာအလုပ်၊ စီးပွားရေးအလုပ်တွေမှာလည်း အောင်မြင်ပြီးသား စည်ဖြိုးကတော့ လူငယ် တစ်ယောက်ဖြစ်သလို သူ့ရဲ့အချစ်ရေးကိုလည်း အဖုအထစ်မရှိပဲ တည်ဆောက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ စည်ဖြိုးရဲ့ချစ်သူ ခင်လွှမ်းကလည်း အနုပညာအသိုင်းအဝိုင်းထဲကဖြစ်ပြီး စည်ဖြိုးနဲ့ စိတ်တူကိုယ်တူရှိသူလေးမို့ ပရိသတ်တွေက နေနဲ့လ ရွှေနဲ့မြလို့ သက်မှတ် ထားကြတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ပထမဦးဆုံးသမီးလေးကို ပိုင်ဆိုင်ရတော့မှာဖြစ်တဲ့ ခင်လွှမ်းနဲ့ စည်ဖြိုးတို့က လူ့လောကထဲကို ရောက်မလာသေးတဲ့ သမီးလေးအတွက် စိတ်ကူးနဲ့ ရူးနေရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း စည်ဖြိုးက ချစ်ဇနီးခင်လွှမ်းရဲ့ ပုံလေးကို သူ့ရဲ့ ဖေ့စ်ဘုတ် My Day မှာတင်ပြီး “နှစ်ယောက်ပေါင်းတဲ့ ရုပ်က ဒါမျိုးများလား” ဆိုပြီး ခင်လွှမ်းရဲ့ ဗိုက်ထဲမှာပဲရှိနေသေးတဲ့ ချစ်ဇနီးလေးရဲ့ မျက်နှာကို အမျိုးမျိုးပုံဖော်နေတာကို တွေ့ရပါတယ်။

မင်းသား စည်ဖြိုးကတော့ မကြာခင်လပိုင်းအတွင်းမှာ ပထမဦးဆုံးသမီးလေးကို ပိုင်ဆိုင်ရတော့မှာမို့ တစ်နေ့ပြီးတစ်နေ့ စိတ်လှုပ်ရှားရင်ခုန်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖခင်လောင်း စည်ဖြိုးရဲ့ စိတ်ခံစားချက်ကို နားလည်နိုင်မယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်။

Source: Si Phyo’s fb
Credit– Cele Connections