ဇနီးသည်ရဲ့ အရိပ်အကဲမကြည့်တတ်တဲ့ ဏကြီးရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက်
ပြန်လည်မျှဝေလိုက်ပါတယ်။ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံ နှစ်ဦးကတော့ အနုပညာကို ချစ်မြတ်နိုးကြတာခြင်း တူသူတွေမို့
ဝါသနာပါရာအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူ လျှောက်လှမ်းနေကြတာပါ။
အိမ်ထောင်သက် (၂) နီးပါးရှိနေပြီဖြစ်တဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ ဇနီးမောင်နှံကတော့ အခုချိန်ထိ ရင်သွေးရတနာမယူဖြစ်သေးပဲ
ကိုယ်စီအလုပ်တွေကိုသာ အားသွန်ခွန်စိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ ဏကြီးထက် အသက်ငယ်ရွယ်သူလေးတစ်ယောက်ပီပီ
ဏကြီးအပေါ် ကလေးဆိုးလေးတစ်ယောက်လို ဆိုးတတ်ပြီး ဏကြီးကတော့ သူ့ရဲ့ ပုံစံအတိုင်း အေးတိအေးစက်သာ နေတတ်တာပဲ
ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပိုင်ဖြိုးသုက အိမ်ထောင်သက် (၂) နှစ်ပြည့်ခါနီးထိတောင် ဇနီးသည်ရဲ့ အရိပ်အကဲမကြည့်တတ်တဲ့
ဏကြီးအကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။“တစ်နေ့သောအခါ ဒေါ်သုတစ်ယောက် Apollo-13 ရုပ်ရှင်ကားကြီးကြည့်ပြီးသွားစဉ်
ထုံးစံအတိုင်းဘေးမှာ i pad ရယ် ဖုန်းရယ် laptopရယ်ကြားအလုပ်ရှုပ်နေတဲ့ ဦးရေခဲဘက်သို့လှည့်၍ “Boo Bearသိလား?
သုသုကလေအခု Apollo13ရယ် Martianရယ် Gravityရယ်ကြည့်ပြီးစဉ်းစားမိတာကလေ သုသုကိုလေ NASAကလူတွေက
spaceထဲကိုအလကားလိုက်ပို့ပေးမယ် ပိုက်ဆံမယူဘူးဆိုရင်တောင်မသွားဘူး သိလား? Boo Bear ကိုပြန်မတွေ့ရတော့မှာကြောက်လို့
🥰 Boo Bear ကိုပါခေါ်လို့ရမှသွားမှာ…Boo Bear ဆိုရင်ရောသုသုမပါဘဲတစ်ယောက်တည်းသွားမှာလားဟင်…???”
😍🥰❤️ဟုအင်မတန်မှချိုအီပစ်လဲနေသောအသံနှင့် မျက်တောင်လေးများတစ်ဖျတ်ဖျတ်ခပ်၍ မျှော်လင့်ချက်များပြည့်နှက်နေသော
ပြူးကျယ်ဝိုင်းစက်သည့်မျက်လုံးအစုံကိုဝင့်ကြည့်ပြီးမေးခွန်းထုတ်လိုက်စဉ်…”“ဦးရေခဲကlaptop screen မှ
မျက်နှာတစ်ချက်ပင်မခွာဘဲပြတ်သွားစွာဤသို့ဖြေချလိုက်ပေသည်…..😏 “ဟမ်…Spaceလား?…ကျွန်တော်ကတော့သွားမှာ…
ကျွန်တော်Spaceထဲကိုရောက်ဖူးချင်တယ်…”😡😡😡 ဦးရေခဲရဲ့အဖြေအဆုံးတွင်ဒေါ်သု၏နဂိုပြူးနေသောမျက်လုံးမှာ
ထက်ဝက်ခန့်မှေးစင်းသွားပြီးမျက်စောင်းကိုဒိုင်းခနဲထိုး”ဟွန့်”ဟူသောမြည်တမ်းသံကိုပြု 😤 မရှိရှိတဲ့ဆံပင်တိုတိုလေးကို
ဝဲကနဲဖြစ်အောင်လည်ပင်းအကြောညပ်မတတ်ခါပစ်လိုက်၍ဦးရေခဲကိုကျောခိုင်းပစ်ကာ စိတ်ကောက်ခြင်းခရီးရှည်ကိုစတင်လိုက်ပေ၏….
(စိတ်ကောက်ခြင်းကိုခရီးရှည်ဟုတင်စားရခြင်းမှာတကယ်လည်းစစိတ်ကောက်သည့်အချိန်မှစ၍၂၄နာရီအတွင်းမိမိ
စိတ်ကောက်နေကြောင်းကိုထိုလူကြီးရိပ်မိခြင်းအလျင်းမရှိမည်ဖြစ်ကြောင်းကိုမိမိကြိုတင်သိနေခြင်းကြောင့်ဖြစ်ပေတော့သည်)
😡😤😡” ဆိုပြီး ပြောပြလာပါတယ်။ပိုင်ဖြိုးသုကတော့ ကလေးဆိုးကြီးတစ်ယောက်လို နွဲ့နွဲ့နှောင်းနှောင်းနဲ့ချစ်စကားဆိုပေမယ့်
ဏကြီးကတော့ ချစ်ဇနီးရဲ့ အရိပ်အကဲကို မသိပဲ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တာကြောင့် စိတ်ကောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။
ဦးဏကြီးကတော့ အခုချိန်လောက်ဆို သုသုကို စိတ်ဆိုးပြေအောင် ချော့နေရမှာ အသေအချာပါပဲနော်။ အစမှ အဆုံးဖတ်
ပေးသော Cele top stars ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ် ။အနုပညာရှင်တွေရဲ့ သတင်းတွေကို
အစဉ်အပျက် တင်ဆက်ပေးနေသော cele top stars page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်…
ဖတ်ရှုပေးကြတဲ့ Cele top stars ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။