Credit– Cele Zone
ချစ်လှစွာသောပရိတ်သတ်ကြီးရေ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသား နေထူးနိုင်ပဲ ဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားတွေကို ကိုယ်ပိုင်စိတ်ကူးတွေနဲ့ ဖန်တီးရိုက်ကူးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နေထူးနိုင် အနေနဲ့ ရိုက်ကူးခဲ့တဲ့အက်ရှင် ဇာတ်ကားအချို့ကို ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့်လည်း အားမလျော့ဘဲ ဆက်ကြိုးစားခဲ့တာကြောင့် ပရိသတ်အများစုရဲ့ အသိအမှတ်ပြုအားပေးဝန်းရံမှုကိုရရှိခဲ့တာပါ..။
အက်ရှင်မင်းသားချော နေထူးနိုင်ဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေမရှိသေးဘဲ အိမ်မှာ မိသားစုနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ သာယာအေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားလို့ ပရိသတ်တွေကလည်း အားကျ ချစ်ခင်ေ နကြတာပါ..။
ကွီး နေထူးနိုင်ကတော့ ဒီနေ့မှာကျရောက်တဲ့ ချစ်ဇနီးလေးမွေးနေ့မှာ အမှတ်တရ အနေနဲ့ ကုသိုလ် တစ်ခု ပြုလုပ်ခဲ့ပါတယ် ။ ဒါကတော့ ချောက်မြို့ မတ်တစ်​ထောင် နဂါးကုန်း​တော်​ပေါ်မှာ ဗောဓိပင်နှင့်ခ​ရေပင် (110) အား​ အောင်မြင်စွာစိုက်ပျိုးခဲ့တာပဲဖြစ်ပါတယ်။ ဗောဓိပင် နဲ့ ခရေပင်ကို ကိုယ်တိုင် အစအဆုံးစိုက်ပျိုးနေတဲ့ပုံရိပ်လေးတွေနဲ့အတူ ” ချစ်ဇနီးရဲ့ဒီ​နေ့၃၈နှစ်ပြည့်​မွေး​နေ့အမှတ် တရအဖြစ် ​ချောက်မြို့မတ်တစ်​ထောင် နဂါးကုန်း​တော်​ပေါ် တွင် ​ဗောဓိ ပင်နှင့်ခ​ရေပင် (110) အား​အောင်မြင်စွာစိုက် ပျိုးခဲ့ပါသည် ” ဟုဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ဖတ်ရှူ
ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Photo – Nay Htoo Naing