ဆေးရုံရောက်ပြီး (၄) ရက်အတွင်းမှာ အနံ့ပြန်ရခဲ့တဲ့အကြောင်းကို ရယ်စရာအမှတ်တရလေးတွေနဲ့ ပြောပြလာခဲ့တဲ့ နေလင်းပြည်သူချစ်

ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နေလင်းကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်လမ်းဇာတ်အိမ်ကို

အရှိန်အဟုန်မြင့်စေအောင် ကူညီပံ့ပိုးပေးရတဲ့ အရေးပါတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေလင်းက

Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရလို့ ဧရာဝတီကိုဗစ်စင်တာမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ ကိုဗစ်လူနာဖြစ်ပေမယ့်

ဆရာဝန်ကြီးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကြောင့် တစ်နေ့ထက်တစ်နေ့ နေကောင်းသက်သာလာတဲ့ နေလင်းက ဒီကနေ့မှာတော့

ဆေးရုံရောက်တဲ့ (၄) ရက်အတွင်းမှာ အနံ့ပြန်ရခဲ့တဲ့အကြောင်း ရယ်စရာအမှတ်တရလေးတွေနဲ့ အခုလိုပဲ ပြောပြလာပါတယ်။“မင်္ဂလာပါ။

ဒီနေ့မနက်အစကတော့တကယ့်ကို မင်္ဂလာပါပဲ အိပ်ယာနိုးလို့ထပြီး Maskလေးတပ် မျက်နှာသစ်ဖို့ရေချိုးခန်းကိုရောက်

သွားချိန်မှာအရမ်းကိုပျော်သွားပါတယ်။ ဆပ်ပြာအနံ့ပေါင်းစုံဟာ ကျွန်တော်လိုအနံ့ပျောက်သတ္တဝါလေးရဲ့နှာ‌ခေါင်းကို

Maskရဲ့အကာအကွယ်ကိုကျော်ဖြတ်လို့ရောက်ရှိလာပါတော့တယ်။ ကျွန်တော်ရဲ့အာရုံခံစနစ်များဟာ မောင်ငဗစ်ကိုစတင်တိုက်ခိုက်အနိုင်ယူနေပြီဆိုတာ

ကိုသိလိုက်ရလို့ပါပဲ။ ဒါတင်ပဲလားဆိုတော့မကသေးပါဘူး။ အိမ်သာထဲဝင်ကမုတ်ကိုဖွင့်ထိုင်လိုက်ချိန်မှာလည်း အင်မတန်မှတန်ဖိုးရှိသော

အနံ့ကလေးကလည်း ကျွန်တော့်ကိုထပ်ဆင့်ပျော်စေရပါတယ်”“လူတစ်ယောက်အတွက်ဘာအရေးကြီးဆုံးလဲဆိုတာကိုအယ့်မှာပိုသိသွားခဲ့ရပါတယ်။

ဆာလောင်နေသူအတွက်ကဝမ်းပြည့်ဖို့ဟာအဓိကပါ။ ပူလောင်သူအတွက်အေးချမ်းဖို့ကလည်းအရေးကြီးဆုံးပါပဲ။ အဲ့ဒါကြောင့်

အနံ့ပျောက်သူအတွက်ဟာ အနံ့တိုင်းဟာ တန်ဖိုးရှိနေတော့တာပါပဲ။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်အနံ့ပြန်ရတဲ့နေ့မှာပဲ

ကျွန်တော့်ကိုခွန်အားဖြစ်စေခဲ့တဲ့ PPE အောက်ကမျက်ဝန်းတစုံလေးဟာဘယ်ကိုပျောက်သွားမှန်းမသိ ရှာဖွေလို့မရတော့ပါဘူးခင်ဗျာ။

အော် ကံဆိုးကံကောင်းပါလားနော် အနံ့လေးတောင် မရှူလိုက်ရပါလား 😁😁😁😂😂😂💪” ဆိုပြီး ရယ်စရာပြောလာပါတယ်။

နေလင်းကတော့ ကိုဗစ်ရောဂါပိုးကို ကူးစက်ခံထားရတယ်ဆိုပေမယ့် စိတ်ဓာတ်လုံးဝမကျပဲ မှန်ကန်တဲ့ ဆေးကုသမှုတွေ ခံယူရင်း

ပေ့ါပေါ့ပါးပါးသာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ နေလင်းတစ်ယောက် အမြန်ဆုံး ရောဂါပျောက်ကင်းပြီး ဆေးရုံပေါ်က


ဆင်းရပါစေနော်။အစမှ အဆုံးဖတ် ပေးသော ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ် ။အနုပညာရှင်တွေရဲ့ သတင်းတွေကို

အစဉ်အပျက် တင်ဆက်ပေးနေသော Cele Top Stars page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်..

ဖတ်ရှုပေးကြတဲ့ Cele top stars ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို

ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ေဆး႐ုံေရာက္ၿပီး (၄) ရက္အတြင္းမွာ အနံ႔ျပန္ရခဲ့တဲ့အေၾကာင္းကို ရယ္စရာအမွတ္တရေလးေတြနဲ႔ ေျပာျပလာခဲ့တဲ့ ေနလင္းျပည္သူခ်စ္

ဇာတ္ပို႔၊ ဇာတ္ရံ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေနလင္းကေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာ ဇာတ္လမ္းဇာတ္အိမ္ကို

အရွိန္အဟုန္ျမင့္ေစေအာင္ ကူညီပံ့ပိုးေပးရတဲ့ အေရးပါတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေနလင္းက


Covid-19 ေရာဂါပိုးကူးစက္ခံခဲ့ရလို႔ ဧရာဝတီကိုဗစ္စင္တာမွာ ေဆးကုသမႈခံယူေနရတာပဲ ျဖစ္ပါတယ္။ ကိုဗစ္လူနာျဖစ္ေပမယ့္

ဆရာဝန္ႀကီးေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြေၾကာင့္ တစ္ေန႔ထက္တစ္ေန႔ ေနေကာင္းသက္သာလာတဲ့ ေနလင္းက ဒီကေန႔မွာေတာ့

ေဆး႐ုံေရာက္တဲ့ (၄) ရက္အတြင္းမွာ အနံ႔ျပန္ရခဲ့တဲ့အေၾကာင္း ရယ္စရာအမွတ္တရေလးေတြနဲ႔ အခုလိုပဲ ေျပာျပလာပါတယ္။“မဂၤလာပါ။


ဒီေန႔မနက္အစကေတာ့တကယ့္ကို မဂၤလာပါပဲ အိပ္ယာႏိုးလို႔ထၿပီး Maskေလးတပ္ မ်က္ႏွာသစ္ဖို႔ေရခ်ိဳးခန္းကိုေရာက္

သြားခ်ိန္မွာအရမ္းကိုေပ်ာ္သြားပါတယ္။ ဆပ္ျပာအနံ႔ေပါင္းစုံဟာ ကြၽန္ေတာ္လိုအနံ႔ေပ်ာက္သတၱဝါေလးရဲ႕ႏွာ‌ေခါင္းကို

Maskရဲ႕အကာအကြယ္ကိုေက်ာ္ျဖတ္လို႔ေရာက္ရွိလာပါေတာ့တယ္။ ကြၽန္ေတာ္ရဲ႕အာ႐ုံခံစနစ္မ်ားဟာ ေမာင္ငဗစ္ကိုစတင္တိုက္ခိုက္အႏိုင္ယူေနၿပီဆိုတာ

ကိုသိလိုက္ရလို႔ပါပဲ။ ဒါတင္ပဲလားဆိုေတာ့မကေသးပါဘူး။ အိမ္သာထဲဝင္ကမုတ္ကိုဖြင့္ထိုင္လိုက္ခ်ိန္မွာလည္း အင္မတန္မွတန္ဖိုးရွိေသာ


အနံ႔ကေလးကလည္း ကြၽန္ေတာ့္ကိုထပ္ဆင့္ေပ်ာ္ေစရပါတယ္”“လူတစ္ေယာက္အတြက္ဘာအေရးႀကီးဆုံးလဲဆိုတာကိုအယ့္မွာပိုသိသြားခဲ့ရပါတယ္။

ဆာေလာင္ေနသူအတြက္ကဝမ္းျပည့္ဖို႔ဟာအဓိကပါ။ ပူေလာင္သူအတြက္ေအးခ်မ္းဖို႔ကလည္းအေရးႀကီးဆုံးပါပဲ။ အဲ့ဒါေၾကာင့္

အနံ႔ေပ်ာက္သူအတြက္ဟာ အနံ႔တိုင္းဟာ တန္ဖိုးရွိေနေတာ့တာပါပဲ။ ဒါေပမယ့္ တိုက္တိုက္ဆိုင္ဆိုင္ ကြၽန္ေတာ္အနံ႔ျပန္ရတဲ့ေန႔မွာပဲ

ကြၽန္ေတာ့္ကိုခြန္အားျဖစ္ေစခဲ့တဲ့ PPE ေအာက္ကမ်က္ဝန္းတစုံေလးဟာဘယ္ကိုေပ်ာက္သြားမွန္းမသိ ရွာေဖြလို႔မရေတာ့ပါဘူးခင္ဗ်ာ။

ေအာ္ ကံဆိုးကံေကာင္းပါလားေနာ္ အနံ႔ေလးေတာင္ မရႉလိုက္ရပါလား 😁😁😁😂😂😂💪” ဆိုၿပီး ရယ္စရာေျပာလာပါတယ္။

ေနလင္းကေတာ့ ကိုဗစ္ေရာဂါပိုးကို ကူးစက္ခံထားရတယ္ဆိုေပမယ့္ စိတ္ဓာတ္လုံးဝမက်ပဲ မွန္ကန္တဲ့ ေဆးကုသမႈေတြ ခံယူရင္း

ေပ့ါေပါ့ပါးပါးသာ ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ေနလင္းတစ္ေယာက္ အျမန္ဆုံး ေရာဂါေပ်ာက္ကင္းၿပီး ေဆး႐ုံေပၚက


ဆင္းရပါေစေနာ္။အစမွ အဆုံးဖတ္ ေပးေသာ ပရိတ္သတ္ႀကီးအားေက်းဇူးတင္ပါတယ္ ။အႏုပညာရွင္ေတြရဲ႕ သတင္းေတြကို

အစဥ္အပ်က္ တင္ဆက္ေပးေနေသာ Cele Top Stars page ေလးကို like and share ေလးျပဳလုပ္ေပးက်ပါအုံးေနာ္..

ဖတ္ရႈေပးၾကတဲ့ Cele top stars ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို

ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။