



ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မောင်နဲ့ သရုပ်ဆောင် ရီရီပွင့်ဖြူတို့ကတော့ အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပေမယ့် သူတို့နှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ (၇) နှစ်တိုင်တိုင် အချစ်လမ်းခရီးကိုလျှောက်လှမ်းခဲ့ကြပြီး လက်ရှိအချိန်ထိလည်း တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီရင်း သာယာတဲ့ ချစ်သူဘဝကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စိတ်တူကိုယ်တူရှိပြီး ချစ်စရာကောင်းလွန်းတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့နှစ်ယောက်စလုံးရဲ့ လှုပ်ရှားမှုတိုင်းကို ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲ ဖြစ်ပါတယ်။

ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ အတွင်းသိ၊ အကြောင်းသိဖြစ်လာခဲ့တဲ့ မောင်နဲ့ ရီရီပွင့်ဖြူက တစ်ယောက်နဲ့တစ်ယောက် ချစ်သူသမီးရည်းစားဆိုတာထက် သူငယ်ချင်းလိုဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရီရီပွင့်ဖြူက ပရိသတ်တွေမသိသေးတဲ့ မောင့်ရဲ့ အကြောင်းကို “ငါ့ရည်စားလည်း အသက်ကြီးလာရင် ဘယ်လိုနေမလဲမသိဘူး။ ဇီဇာကြောင်ချက်က တရားလွန်ကြီး..” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ရီရီပွင့်ဖြူကတော့ အသက်မကြီးခင်ကတည်းက ဇီဇာကြောင်လွန်းတဲ့ မောင့်ရဲ့ကြောင်းကို ဖောက်သည်ချပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ မောင်ကတော့ ချစ်သူ ရီရီပွင့်ဖြူရဲ့အပြောကြောင့် အခုချိန်လောက်ဆို စိတ်ကောက်နေပြီလား စဉ်းစားစရာပါပဲ။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်….။

Source: Yi Yi Pwint Phyu’s fb
Credit – Cele Connections