ဖြူစင်တဲ့အပြုံးလေးနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ရွှေသမီးကတော့ နာမည်ရနေတဲ့အနုပညာရှင်တစ်ဦးဖြစ်ပေမယ့် လုပ်အားခအကုန်မိခင်ကိုပဲပြန်အပ်ပြီးဈေးကြီးတာတွေ ဝယ်သုံးလေ့မရှိဘူးလို့ဆိုပါတယ်။

ရွှေသမီးကတော့ “ဈေးကြီးတဲ့ပစ္စည်းတွေ မကြိုက်ဘူးလားမေးရင်တော့ ကြိုက်တာပဲလေ နော့် ကြိုက်တဲ့မိန်းကလေးထဲမှာပါတယ် ဒါပေမယ့် ကိုယ့်အနေထားနဲ့အခြေအနေကိုကြည့်ပြီးမှ သုံးစွဲတယ် နောင်ကျလို့ နာမည်ကြီးလာပြီး စီးပွားရေးအဆင်ပြေလာလို့ ငွေပိုလျှံလာရင်လည်း ဝယ်ဖြစ်သုံးဖြစ်မှာပေါ့နော် တော်တော်များများ brand မဟုတ်တာတွေပဲ ကိုင်ဖြစ်တာများပါတယ် ” လို့ဆိုထားပါတယ်။

လုပ်အားခကို အမေ့ကိုအကုန်အပ်တယ်ဆိုတဲ့ ရွှေသမီးကတော့ “ကိုယ်အလုပ်လုပ်တဲ့ပိုက်ဆံကို မေမေ့ကိုပဲ အကုန်အပ်တယ် ရွှေ တပြားတချပ်မှမသုံးဘူး ကိုင်လည်းမကိုင်ဘူး စာချုပ်တွေဘာတွေချုပ်ကတည်းက ရွှေလက်မှတ်ပဲထိုးတယ် ပိုက်ဆံတွေမေမေ့ကိုပဲပေးပါလို့ပြောထားတယ် မေမေပဲကိုင်တယ် မေမေပဲစေ့စေ့စပ်စပ်လေးလုပ်ပေးတယ် ”

“ရွှေသုံးစရာရှိရင် လက်ဖြန့်ပြီးပြန်တောင်းရတယ် မန်းလေးပြန်ရင်လည်း သူငယ်ချင်းတွေနဲ့သိပ်မထွက်ဖြစ်ဘူး ထွက်ရင်လည်း မုန့်ဝယ်စားတာဆိုတော့ ပိုက်ဆံတောင်းရပြီ ပထမတစ်ရက်ကတောင်းထားတယ် ဒုတိယရက်ကျတော့ သိပ်မရှိတော့ဘူး ထပ်တောင်းရင် မနေ့ကယူသွားတယ်လေ…

မနေ့ကပဲအများကြီးယူသွားတယ်လေဆိုတော့ တစ်ခါတည်းများများယူသွားလိုက်တယ် ယူသွားတဲ့ပိုက်ဆံကလည်း မုန့်စားဖို့အတွက်ပဲ ဘာအဆာပလာသုံးဖို့ဝယ်ဖို့လည်းမဟုတ်ဘူး ရန်ကုန်မှာဆိုလည်းအဲ့လိုပဲ မုန့်ဝယ်စားဖို့အတွက်ပဲ ပိုက်ဆံမကိုင်ဘူး မေမေ့ကိုပဲပေးထားတယ်” လို့ဆိုပါတယ်။

မိခင်ဆီက ငွေထုတ်ပုံနဲ့ စာရင်းပြန်တင်ရတဲ့အကြောင်းလေးကိုလည်း “တစ်ခါတစ်လေ ကြိုနှိုက်ထားတာမျိုးတွေရှိတယ် ၅သောင်းလောက်နှိုက်ထားလိုက်တယ် မေမေက အပြင်သွားဖို့ ၈သောင်းလောက်ပေးတယ်ဆိုရင် ခိုင်သွားပြီလေ..

နောက်တစ်ခါပြန်တောင်းဖို့မလိုတော့ဘူး အများကြီးပြန်တောင်းပြီးရင် ပိုရင်လည်း အမေ့ကိုပြန်အပ်တယ် အများကြီးစားမိလို့ကုန်ရင် မေမေကစစ်တယ် နင်ဘာတွေစားထားတာလဲတို့ ဘာတို့ပေါ့” လို့ သူ့အဖြစ်အပျက်လေးကို ပြောပြထားပါသေးတယ်။

ရတဲ့ငွေကြေးနဲ့ လောက်အောင်မျှမျှတတသုံးတယ်ဆိုတဲ့ ရွှေသမီးကတော့“ပထမဦးဆုံးရတဲ့အနုပညာကြေးက သုံးသိန်း အဲ့တာဘာလဲဆိုတော့ စလုပ်တဲ့အချိန်ပေါ့ ၁၀တန်းဖြေပြီးတဲ့အချိန် ရှန်ပူ Product တစ်ခုမှာ ရှိုးပွဲဝင်ပြိုင်တေည့ သုံးသိန်းရတယ် အဲ့တာ ပထမဆုံးရတဲ့လစာပေါ့”

“ပိုက်ဆံအများကြီးသုံးတဲ့နေရာကတော့ မုန့်စားတာပဲ ဈေးကြီးတဲ့ပစ္စည်းတွေ မကြိုက်ဘူးလားမေးရင်တော့ ကြိုက်တာပဲလေ နော့် ကြိုက်တဲ့မိန်းကလေးထဲမှာပါတယ် ဒါပေမယ့် ကိုယ့်အနေထားနဲ့အခြေအနေကိုကြည့်ပြီးမှ သုံးစွဲတယ် ကိုယ်တွေအတွက် အရမ်းခက်ခဲခဲ့တဲ့အချိန်ဆိုတာရှိတယ်ပေါ့နော်..

ငွေရဲ့တန်ဖိုး အခုအချိန် ကိုယ်တိုင်အလုပ်လုပ်တဲ့အချိန်မှာပိုသိလာတယ် အဲ့တာကြောင့်လိုအပ်တဲ့အရာတွေပဲရွှေဝယ်တယ် နောင်ကျလို့ နာမည်ကြီးလာပြီး စီးပွားရေးအဆင်ပြေလာလို့ ငွေပိုလျှံလာရင်လည်း ဝယ်ဖြစ်သုံးဖြစ်မှာပေါ့နော် ကိုယ်လည်းဈေးကြီးတာတွေကြိုက်တဲ့ထဲမှာ ပါတယ်လေနော် တော်တော်များများ brand မဟုတ်တာတွေပဲ ကိုင်ဖြစ်တာများပါတယ် ”

“အဓိကစိတ်ပေါ့ ကိုယ့်ကိုကိုယ်လည်းဆုံးမတယ် ကိုယ့်ရဲ့အခြေအနေနဲ့ရောင့်ရဲတင်းတိမ်ရမယ် ကိုယ်ရှိတာနဲ့လှအောင်သုံးတတ်ရမယ် လောက်အောင်သုံးတတ်ရမယ်ပေါ့ မိသားစုအတွက်လည်း လိုအပ်တဲ့နေရာတွေရှိနေသေးတာဖြစ်တဲ့အတွက် မိသားစုအတွက်အများဆုံးသုံးဖြစ်တာပေါ့” လို့ Myanmar Celebrity နဲ့ အင်တာဗျူးမှာဖြေဆိုထားတာပါ။

အဆုံးထိဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်စီတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်ခဗျာ။

CeleWiki

Zawgyi***

ေဈးႀကီးတဲ့ Branded ေတြကို လုံးဝ ဝယ္မသုံး ဘူးဆိုတဲ႔ သ႐ုပ္ေဆာင္ ေ႐ႊသမီး

ျဖဴစင္တဲ့အၿပဳံးေလးနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတတ္တဲ့ ေ႐ႊသမီးကေတာ့ နာမည္ရေနတဲ့အႏုပညာရွင္တစ္ဦးျဖစ္ေပမယ့္ လုပ္အားခအကုန္မိခင္ကိုပဲျပန္အပ္ၿပီးေဈးႀကီးတာေတြ ဝယ္သုံးေလ့မရွိဘူးလို႔ဆိုပါတယ္။

ေ႐ႊသမီးကေတာ့ “ေဈးႀကီးတဲ့ပစၥည္းေတြ မႀကိဳက္ဘူးလားေမးရင္ေတာ့ ႀကိဳက္တာပဲေလ ေနာ့္ ႀကိဳက္တဲ့မိန္းကေလးထဲမွာပါတယ္ ဒါေပမယ့္ ကိုယ့္အေနထားနဲ႔အေျခအေနကိုၾကည့္ၿပီးမွ သုံးစြဲတယ္ ေနာင္က်လို႔ နာမည္ႀကီးလာၿပီး စီးပြားေရးအဆင္ေျပလာလို႔ ေငြပိုလွ်ံလာရင္လည္း ဝယ္ျဖစ္သုံးျဖစ္မွာေပါ့ေနာ္ ေတာ္ေတာ္မ်ားမ်ား brand မဟုတ္တာေတြပဲ ကိုင္ျဖစ္တာမ်ားပါတယ္ ” လို႔ဆိုထားပါတယ္။

လုပ္အားခကို အေမ့ကိုအကုန္အပ္တယ္ဆိုတဲ့ ေ႐ႊသမီးကေတာ့ “ကိုယ္အလုပ္လုပ္တဲ့ပိုက္ဆံကို ေမေမ့ကိုပဲ အကုန္အပ္တယ္ ေ႐ႊ တျပားတခ်ပ္မွမသုံးဘူး ကိုင္လည္းမကိုင္ဘူး စာခ်ဳပ္ေတြဘာေတြခ်ဳပ္ကတည္းက ေ႐ႊလက္မွတ္ပဲထိုးတယ္ ပိုက္ဆံေတြေမေမ့ကိုပဲေပးပါလို႔ေျပာထားတယ္ ေမေမပဲကိုင္တယ္ ေမေမပဲေစ့ေစ့စပ္စပ္ေလးလုပ္ေပးတယ္ ”

“ေ႐ႊသုံးစရာရွိရင္ လက္ျဖန႔္ၿပီးျပန္ေတာင္းရတယ္ မန္းေလးျပန္ရင္လည္း သူငယ္ခ်င္းေတြနဲ႔သိပ္မထြက္ျဖစ္ဘူး ထြက္ရင္လည္း မုန႔္ဝယ္စားတာဆိုေတာ့ ပိုက္ဆံေတာင္းရၿပီ ပထမတစ္ရက္ကေတာင္းထားတယ္ ဒုတိယရက္က်ေတာ့ သိပ္မရွိေတာ့ဘူး ထပ္ေတာင္းရင္ မေန႔ကယူသြားတယ္ေလ…

မေန႔ကပဲအမ်ားႀကီးယူသြားတယ္ေလဆိုေတာ့ တစ္ခါတည္းမ်ားမ်ားယူသြားလိုက္တယ္ ယူသြားတဲ့ပိုက္ဆံကလည္း မုန႔္စားဖို႔အတြက္ပဲ ဘာအဆာပလာသုံးဖို႔ဝယ္ဖို႔လည္းမဟုတ္ဘူး ရန္ကုန္မွာဆိုလည္းအဲ့လိုပဲ မုန႔္ဝယ္စားဖို႔အတြက္ပဲ ပိုက္ဆံမကိုင္ဘူး ေမေမ့ကိုပဲေပးထားတယ္” လို႔ဆိုပါတယ္။

မိခင္ဆီက ေငြထုတ္ပုံနဲ႔ စာရင္းျပန္တင္ရတဲ့အေၾကာင္းေလးကိုလည္း “တစ္ခါတစ္ေလ ႀကိဳႏႈိက္ထားတာမ်ိဳးေတြရွိတယ္ ၅ေသာင္းေလာက္ႏႈိက္ထားလိုက္တယ္ ေမေမက အျပင္သြားဖို႔ ၈ေသာင္းေလာက္ေပးတယ္ဆိုရင္ ခိုင္သြားၿပီေလ..

ေနာက္တစ္ခါျပန္ေတာင္းဖို႔မလိုေတာ့ဘူး အမ်ားႀကီးျပန္ေတာင္းၿပီးရင္ ပိုရင္လည္း အေမ့ကိုျပန္အပ္တယ္ အမ်ားႀကီးစားမိလို႔ကုန္ရင္ ေမေမကစစ္တယ္ နင္ဘာေတြစားထားတာလဲတို႔ ဘာတို႔ေပါ့” လို႔ သူ႔အျဖစ္အပ်က္ေလးကို ေျပာျပထားပါေသးတယ္။

ရတဲ့ေငြေၾကးနဲ႔ ေလာက္ေအာင္မွ်မွ်တတသုံးတယ္ဆိုတဲ့ ေ႐ႊသမီးကေတာ့“ပထမဦးဆုံးရတဲ့အႏုပညာေၾကးက သုံးသိန္း အဲ့တာဘာလဲဆိုေတာ့ စလုပ္တဲ့အခ်ိန္ေပါ့ ၁၀တန္းေျဖၿပီးတဲ့အခ်ိန္ ရွန္ပူ Product တစ္ခုမွာ ရႈိးပြဲဝင္ၿပိဳင္ေတည့ သုံးသိန္းရတယ္ အဲ့တာ ပထမဆုံးရတဲ့လစာေပါ့”

“ပိုက္ဆံအမ်ားႀကီးသုံးတဲ့ေနရာကေတာ့ မုန႔္စားတာပဲ ေဈးႀကီးတဲ့ပစၥည္းေတြ မႀကိဳက္ဘူးလားေမးရင္ေတာ့ ႀကိဳက္တာပဲေလ ေနာ့္ ႀကိဳက္တဲ့မိန္းကေလးထဲမွာပါတယ္ ဒါေပမယ့္ ကိုယ့္အေနထားနဲ႔အေျခအေနကိုၾကည့္ၿပီးမွ သုံးစြဲတယ္ ကိုယ္ေတြအတြက္ အရမ္းခက္ခဲခဲ့တဲ့အခ်ိန္ဆိုတာရွိတယ္ေပါ့ေနာ္..

ေငြရဲ႕တန္ဖိုး အခုအခ်ိန္ ကိုယ္တိုင္အလုပ္လုပ္တဲ့အခ်ိန္မွာပိုသိလာတယ္ အဲ့တာေၾကာင့္လိုအပ္တဲ့အရာေတြပဲေ႐ႊဝယ္တယ္ ေနာင္က်လို႔ နာမည္ႀကီးလာၿပီး စီးပြားေရးအဆင္ေျပလာလို႔ ေငြပိုလွ်ံလာရင္လည္း ဝယ္ျဖစ္သုံးျဖစ္မွာေပါ့ေနာ္ ကိုယ္လည္းေဈးႀကီးတာေတြႀကိဳက္တဲ့ထဲမွာ ပါတယ္ေလေနာ္ ေတာ္ေတာ္မ်ားမ်ား brand မဟုတ္တာေတြပဲ ကိုင္ျဖစ္တာမ်ားပါတယ္ ”

“အဓိကစိတ္ေပါ့ ကိုယ့္ကိုကိုယ္လည္းဆုံးမတယ္ ကိုယ့္ရဲ႕အေျခအေနနဲ႔ေရာင့္ရဲတင္းတိမ္ရမယ္ ကိုယ္ရွိတာနဲ႔လွေအာင္သုံးတတ္ရမယ္ ေလာက္ေအာင္သုံးတတ္ရမယ္ေပါ့ မိသားစုအတြက္လည္း လိုအပ္တဲ့ေနရာေတြရွိေနေသးတာျဖစ္တဲ့အတြက္ မိသားစုအတြက္အမ်ားဆုံးသုံးျဖစ္တာေပါ့” လို႔ Myanmar Celebrity နဲ႔ အင္တာဗ်ဴးမွာေျဖဆိုထားတာပါ။

အဆုံးထိဖတ္ရႈေပးတဲ့ ပရိတ္သတ္တစ္ေယာက္စီတိုင္းကို အထူးပဲ ေက်းဇူးတင္ပါတယ္ခဗ်ာ။

CeleWiki