မြန်မာနိုင်ငံရဲ့အသံပါဝါအားကောင်းလွန်းတဲ့ နာမည်ကျော် အဆိုတော်ကြီးတစ်လက်ဖြစ်တဲ့ Rဇာနည်နဲ့ ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်။ Rဇာနည်ရဲ့ ထွက်ရှိသမျှ သီချင်းတိုင်း ဟာဆိုရင် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေလျက်ရှိပါတယ်။ သူဟာဆိုရင် ချောမောလှပလွန်းတဲ့ ဇနီးချောလေးနဲ့ သားနှစ်ယောက်သမီးတစ်ယောက်တို့နဲ့ အတူ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။
အာဇာနည်ကတော့ အားလပ်ချိန်တိုင်း ကလေးတွေကို အချိန်ပေးရင်း သာယာတဲ့နေ့ရက်လေးတွေကို ဖြတ်သန်းလျက်ရှိပါတယ်။ မိသားစုလိုက်ပျော်ရွှင်နေတဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကိုလည်း လူမှုကွန် ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိတဲ့သူတစ်ဦးပါပဲနော်။ နိုဝင်ဘာ(၁၂)ရက်နေ့မှာတော့ အာဇာနည်က သမီးငယ်လေး မစ်မစ်တုန်ရဲ့ အိပ်ချိန်ရောက် တာတောင်မအိပ်သေးပဲ ဆော့နေတာလေးကို တစိမ့်စိမ့်ကြည့်ပြီး အသည်းယားလို့ ခိုးရိုက်ထားတဲ့ ပုံရိပ်လေးကို လူမှုကွန်ယက်စာမျက်နှာ Mydayပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။
သမီးငယ်လေး မစ်မစ်တုန်ရဲ့ လည်လွန်းပြီး ချစ်စရာ ကောင်းလွန်းတဲ့ ပုံရိပ်လေးကို ပရိသတ်တွေအတွက် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Zaw Gyi