Source ; Cele Gabar
ပရိတ်သတ်ကြီးရေ…တစ်ခောတ်တစ်ခါကဂီတလောကမှာ သီချင်းကောင်းလေးတွေကို သီဆိုရင်းပရိတ်သတ်အားပေးမှုကိုအပြည့်အဝရရှိခဲ့တဲ့တေးသံရှင်ကတော့ နော်လီဇာပဲဖြစ်ပါတယ်နော်။အန်တီနော်လီဇာဟာ ဆိုရင် ဂီတလောကမှာ ထူးခြားတဲ့အသံကိုပိုင်ဆိုင်ထားတဲ့ အပြင် သူမ ကိုချစ်တဲ့ပရိတ်သတ်တွေက မြန်မာပြည်ရဲ့ဒစ္စကိုဘုရင်မ လို့တောင်တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့အထိကို အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်…။
အန်တီနော်လီဇာ က ရင်သားကင်ဆာရောဂါကို ကြံံ့ကြံ့ခိုင်ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်နော်။ရင်သားကင်စာဖြစ်နေတာကိုသိခဲ့တာဟာ တစ်နှစ်လောက်နောက်ကျသွားခဲ့တာပဲဖြစ်ပါတယ်။အရမ်းပြင်းလွန်းတဲ့ ကီမိုဆေးတွေသွင်းခဲ့ရတဲ့အတွက် သူမရဲ့ခြေထောက်တွေဟာမလှုပ်ရှားနိုင်တော့တဲ့အထိဖြစ်ခဲ့ရပါတယ်…။
ဒီကနေ့မှာဆိုရင်တော့ မြန်မာပြည်ရဲ့ဒစ္စကိုဘုရင်မ အန်တီနော်လီဇာ ဟာကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။အန်တီနော်လီဇာသီဆိုခဲ့တဲ့ ” မာလာဆောင်ကိုမေမာင်မလာ”သီချင်းလေးနားဆင်တိုင်း ပရိတ်သတ်တွေကအမြဲတမ်းသတိရနေမှာပါနော်။အန်တီနော်လီဇာ တစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာအနားယူနိုင်ပါစေ။တန်ဖိုးရှိလှတဲ့ အနုပညာရှင်ကြယ်တစ်ပွင့် ဆုံးရှုံးခဲ့ရတဲ့အတွက် မိသားစုနဲ့ထပ်တူဝမး်နည်းစိတ်မကောင်းဖြစ်ရပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်….။
Source ; Cele Gabar
Credit ; Celebrity Platforms