


Credit :Celethatin

ပရိတ်သတ်ကြီးရေ…..မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကြောင့် အနုပညာရှင်တစ်ချို့လည်းပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်….။အခုလိုတက်ကြွစွာနဲ့ လူထုလှုပ်ရှားမှု တွေကိုလုပ်ဆောင်နေကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် ရေဗက္ကာဝင်း တစ်ယောက်လည်းအပါအဝင်ပဲဖြစ်ပါတယ်။

ရေဗက္ကာဝင်းဟာ လူထုလှုပ်ရှားမှုတွေ စတင်ခဲ့တဲ့ရက်တည်းကစကာ လှုပ်ရှားမှုတွေမှာကိုယ်တိုင်ပါဝင်အားဖြည့်နေတာလည်းဖြစ်သလို တတ်နိုင်တဲ့ဘက်ကနေလည်း လှူဒါန်းမှုတွေကိုဆက်တိုက်ပြုလုပ်နေတာကိုတွေ့ရပါတယ်။ သူမဟာ ဆက်တိုက် ဆိုသလို လိုအပ်တဲ့အစားအသောက်တွေကိုလည်း ကိုယ်တိုင်ချက်ပြုတ်ပြီး လှူဒါန်းပေးနေ တာကိုလည်း တွေ့ရပါတယ်နော်…..။

အခုဆိုရင်လည်း ရေဗက္ကာဟာ သူမရဲ့ Facebookစာမျက်နှာမှာ “ဒီနေ့ စေတနာရှင်များ ဖြစ်ကြတဲ့ မမြမြအေး မThidar Dwyer မလီလီခိုင်တို့နဲ့ ပေါင်းပြီး ထောပတ်ထမင်း ကြက်သားဟင်းမရမ်းသီးငါးပိချက် ပွဲ၂၀၀ စာ ကုသိုလ်ဖြစ် လှူဒါန်းပါတယ်ရှင်…….” ဆိုပြီးရေးသားမျှ ဝေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေ းလိုက်ပါတယ်……။

Credit :Celethatin