



မင်္ဂလာပါပရိသတ်ကြီးရေ ပရိသတ်တွေချစ်ကြတဲ့ သရုပ်ဆောင်မင်းသားချော ပိုင်တံခွန်ကတော့ လူငယ်တစ်ယောက်ပီပီ အောင်မြင်မှုလမ်းကြောင်းကို ပြည်တွင်း၊ ပြည်ပထိ ထိုးဖောက်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ လက်ရှိမှာလည်း ပြည်တွင်းနိုင်ငံရေးအခြေအနေတွေကြားထဲမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခေါင်းဆောင်များကို အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုနေပြီး ဒီမိုကရေစီလွတ်လပ်ရေးကို ရရှိနိုင်ဖို့ ပြည်သူတွေနဲ့အတူတူ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းမှုကို လိုလားသလို အာဏာရှင်စနစ်ကို ဆန့်ကျင်ရှုံ့ချတဲ့ ပိုင်တံခွန်က ဒီကနေ့မှ ာလည်း ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ညီအစ်ကိုတွေကို မေတ္တာရပ်ခံလာတာကို တွေ့ရပါတယ်။ ပိုင်တံခွန်က “ညီအကိုတွေ သွေးအရမ်းမဆူမိပါစေနဲ့။ ငြိမ်းချမ်းစွာ ဆန္ဒပြပါ။ လိုအပ်ရင်တော့ တဦးကို တဦး ကူညီပေးပါ။ စစ်အာဏာရှင်ရဲ့ အရိပ်အောက်မှာ အရိုးကိုက်ကြီးလာတဲ့ သူတွေလိုမရိုင်းမိပါစေနဲ့” ဆိုပြီး သတိပေးလာတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ အာဏာရှင်ရဲ့ အရိပ်အောက်မှာ အရိုးကိုက်ကြီးလာတဲ့သူတွေလို မရိုင်းမိစေဖို့ ဆန္ဒပြညီအစ်ကိုတွေကို မေတ္တာရပ်ခံလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်….။

Source: Paing Takhon’s fb
Credit– Cele Connections