ပြည်သူချစ် ဇာတ်ပို့သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ် တို့ကတော့ ဇာတ်ပို့သရုပ်ဆောင်တွေအဖြစ် အနုပညာလောကထဲမှာ ကျင်လည်ခဲ့ပြီး ဖူးစာဆုံခဲ့ကြသူတွေ ဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်နဲ့ ကိုဘင်း တို့က အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသလို စီးပွားရေးလုပ်ငန်းလေးတွေကိုလည်း ကြိုးကြိုးစားစားလုပ်ကိုင်ခဲ့တာကြောင့် အခုဆိုရင် အဆင်ပြေတာ ထက်ကျော်လွန်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။

ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့က အလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်သလို သူတို့ရဲ့ တစ်ဦးတည်းသော သားလေးအတွက်လည်း မိဘကောင်းတွေအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိ အနုပညာအလုပ်တွေ ရှားပါးချိန်မှာတော့ နှိုင်းယှဉ်မြင့်မိုရ်က ဖေ့စ်ဘုတ်ကနေပြီး Live လွှင့်စျေးရောင်းပေးရင်း အားရက်မရှိ အလုပ်တွေကို လုပ်ကိုင်နေရတာပဲ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ အလုပ်အဆင်ပြေပြီး စုဆောင်းမိလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်က သူမရဲ့ ခင်ပွန်း ကိုဘင်းအတွက် တန်ဖိုးကြီးတဲ့ နောက်ဆုံးပေါ် iPhone 12 ကြီးကို ဦးဦးဖျားဖျား လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကိုဘင်းက ချစ်ဇနီးဝယ်ပေးထားတဲ့ iPhone 12 ကြီးကို လက်ဝယ်ပိုင်ဆိုင်ခဲ့ပြီး စိတ်တိုင်းကျကျေနပ်နေတဲ့အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ ဇနီးမောင် နှံကတော့ ခက်ခဲတဲ့အချိန်မှာ တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်ရင်း အတူတူ ကြိုးစားခဲ့ကြသလို အဆင်ပြေချောင်လည်လာချိန်မှာလည်း တစ်ယောက်ရဲ့ လိုအင်ဆန္ဒတွေ တစ်ယောက်ဖြည့်ဆည်းပေးနေတာ အရမ်းကို ချစ်စရာကောင်းလှပါတယ်။ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ မိသားစုလေး အခုလိုပဲ အစဉ် ထာဝရပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Zaw Gyi

ျပည္သူခ်စ္ ဇာတ္ပို႔သ႐ုပ္ေဆာင္ႏွစ္ေယာက္ျဖစ္တဲ့ ကိုဘင္းနဲ႔ ႏႈိင္းယွဥ္ျမင့္မိုရ္ တို႔ကေတာ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ေတြအျဖစ္ အႏုပညာေလာကထဲမွာ က်င္လည္ခဲ့ၿပီး ဖူးစာဆုံခဲ့ၾကသူေတြ ျဖစ္ပါတယ္။ ႏႈိင္းယွဥ္ျမင့္မိုရ္နဲ႔ ကိုဘင္း တို႔က အႏုပညာအလုပ္ေတြကိုလည္း လုပ္ကိုင္ေနသလို စီးပြားေရးလုပ္ငန္းေလးေတြကိုလည္း ႀကိဳးႀကိဳးစားစားလုပ္ကိုင္ခဲ့တာေၾကာင့္ အခုဆိုရင္ အဆင္ေျပတာ ထက္ေက်ာ္လြန္တဲ့ အေျခအေနတစ္ခုကို ေရာက္ရွိလာၿပီပဲ ျဖစ္ပါတယ္။

ကိုဘင္းနဲ႔ ႏႈိင္းယွဥ္ျမင့္မိုရ္တို႔က အလုပ္ေတြကိုလည္း ႀကိဳးစားလုပ္ကိုင္သလို သူတို႔ရဲ႕ တစ္ဦးတည္းေသာ သားေလးအတြက္လည္း မိဘေကာင္းေတြအျဖစ္ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။

လက္ရွိ အႏုပညာအလုပ္ေတြ ရွားပါးခ်ိန္မွာေတာ့ ႏႈိင္းယွဥ္ျမင့္မိုရ္က ေဖ့စ္ဘုတ္ကေနၿပီး Live လႊင့္ေစ်းေရာင္းေပးရင္း အားရက္မရွိ အလုပ္ေတြကို လုပ္ကိုင္ေနရတာပဲ ျဖစ္ပါတယ္။ တစ္ေန႔ထက္တစ္ေန႔ အလုပ္အဆင္ေျပၿပီး စုေဆာင္းမိလာတဲ့ ႏႈိင္းယွဥ္ျမင့္မိုရ္က သူမရဲ႕ ခင္ပြန္း ကိုဘင္းအတြက္ တန္ဖိုးႀကီးတဲ့ ေနာက္ဆုံးေပၚ iPhone 12 ႀကီးကို ဦးဦးဖ်ားဖ်ား လက္ေဆာင္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ကိုဘင္းက ခ်စ္ဇနီးဝယ္ေပးထားတဲ့ iPhone 12 ႀကီးကို လက္ဝယ္ပိုင္ဆိုင္ခဲ့ၿပီး စိတ္တိုင္းက်ေက်နပ္ေနတဲ့အေၾကာင္းကို သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာလာပါတယ္။

ကိုဘင္းနဲ႔ ႏႈိင္းယွဥ္ျမင့္မိုရ္တို႔ ဇနီးေမာင္ ႏွံကေတာ့ ခက္ခဲတဲ့အခ်ိန္မွာ တစ္ေယာက္လက္ တစ္ေယာက္ ဆုပ္ကိုင္ရင္း အတူတူ ႀကိဳးစားခဲ့ၾကသလို အဆင္ေျပေခ်ာင္လည္လာခ်ိန္မွာလည္း တစ္ေယာက္ရဲ႕ လိုအင္ဆႏၵေတြ တစ္ေယာက္ျဖည့္ဆည္းေပးေနတာ အရမ္းကို ခ်စ္စရာေကာင္းလွပါတယ္။ ကိုဘင္းနဲ႔ ႏႈိင္းယွဥ္ျမင့္မိုရ္တို႔ မိသားစုေလး အခုလိုပဲ အစဥ္ ထာဝရေပ်ာ္႐ႊင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။