ထက်ထက်ပြောပြတဲ့ အောင်မြင်ခြင်းရဲ့ လျို့ဝှက်ချက်အကြောင်းလေးကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ထက်ထက်

ဘဝအတွက် အောင်မြင်ခြင်းရဲ့ နံပါတ်တစ်က ဘာများဖြစ်မလဲ။ထက်ထက်မိုးဦးက ပရိသတ်တွေအတွက် လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာ

ပေါ်ကနေ သူမအကြောင်းလေးတွေ ပြောပြနေသူပါ။ ဒီတစ်ခေါက်မှာလည်း သူမ ခံယူထားတဲ့ အောင်မြင်ခြင်းရဲ့ လျို့ဝှက်ချက်အကြောင်း

ကို အခုလို ပွင့်ပွင့်လင်းလင်းပြောပြခဲ့တာ တွေ့ရပါတယ်။ ဘဝမှာ အောင်မြင်ခြင်းရဲ့ နံပါတ် တစ်ကတော့ သည်းခံနိုင်မှုပါပဲတဲ့။“ဘဝ

မှာ အောင်မြင်ခြင်းရဲ့ နံပါတ် ၁ က သည်းခံနိုင်မှုပဲ။ ဘဝမှာ ပင်ပန်းခက်ခဲခဲ့တယ်။ ဘယ်အရာမှ အလကားမရဘူးဆိုတာသိနေတဲ့အ

တွက် အရမ်းကြိုးစားတယ်။ ယဉ်ကျေးအောင်နေတယ်။ စိတ်ရောလူရော ထည့်ပြီး အလုပ်လုပ်တယ်၊ အခုချိန် ပြန်ပြီးအလုပ်တွေလုပ်

လာတဲ့အခါ၊အားလုံးက ချစ်ပေးကြတဲ့အခါမှာလည်း လက်လွတ်စပယ် မလုပ်ဘူး။ ကိုယ့်အယူအဆတွေမှားသွားရင် သူများထောက်စရာဖြစ်

မှာကြောင့် သေချာလေ့လာတယ်။ အလုပ်အပေါ် သစ္စာရှိတယ်။ ဝါသနာပါလို့ လုပ်တာဆိုတော့ လဲခဲ့ရတာတွေ၊ အပေးအယူလုပ်ခဲ့ရတာ

တွေ အများကြီး ရှိပေမဲ့ဘယ်တော့မှ မလုပ်ချင်တော့ဘူးဆိုတာမျိုး မရှိခဲ့ဘူး”လို့ သူမက ဆိုပါတယ်။ဒါ့အပြင် သူမဘဝမှာ နေ့စဥ် အလုပ်

လုပ်တဲ့အချိန်တွေမှာ အလုပ်ပေါ် ဘယ်လိုစေတနာထားခဲ့ကြောင်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေဆိုလည်း အမြဲတမ်းနားထောင်ပြီး ပိုကောင်း

အောင် ပြင်ဆင်လေ့ရှိကြောင်းကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။“နေ့စဉ် အလုပ်လုပ်တဲ့ အခါတိုင်းမှာ အချိန်ကုန်ရင် ငါအိမ်ပြန်

ရမှာပဲလို့ ဘယ်တော့မှမတွေးဘူး။ကိုယ်လုပ်လို့ မရောင်းရမှာ၊ပရိသတ်တွေမကြိုက်မှာ၊ client အဆင်မပြေမှာပဲတွေးတယ်။ ဒါကြောင့် နေ့စဉ်

အမြဲမပြတ် လေ့လာရတယ်။ စာကျက်ရတယ်။ ပရိသတ်ရဲ့ အားပေးစကားတွေ၊ဝေဖန်တာတွေ အမြဲနားထောင်ရတယ်၊ အားပေးတာ

တွေ အတွက် စိတ်ခွန်အားရသလို ဝေဖန်မှုတွေဆိုလည်း ကိုယ့်ကိုချစ်လို့ ပြောပေးတာမို့ ပြင်ဆင်တယ် ပိုပြီးကောင်းအောင် ကြိုးစား

တယ်။ ဇီးထုတ်ကြော်ငြာဆိုလည်း အလှဆုံးပြင်ပြီး အားစိုက်တာပဲ။ ရွှေဆိုင်ကြော်ငြာလည်း အားစိုက်တာပဲ။ အခု Live တွေ လွှင့်ပြီး ရောင်

းရတဲ့အချိန်မှာ တစ်ထောင်တန်လည်း အကောင်းဆုံးစိတ်စေတနာထား၊ သေချာ ကုန်ပစ္စည်းအကြောင်း သိအောင်လုပ်ပြီး ရောင်

းတယ်။ သိန်း ၃၀၀၀ တန်လည်း သေသေချာချာ လေ့လာပြီးမှ ရောင်းတယ်” ဆိုပြီး အလုပ်ပေါ် အားစိုက်မှုကို သေသေချာချာ

လေး ပြောပြထားတာတွေ့ရပါတယ်။သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ Covid ကာလအတွင်းမှာ ရတနာပစ္စည်းတွေကိုLive လွှင့်

ရောင်းခဲ့ရာ ပရိသတ်တွေ ၊ အနုပညာရှင်တွေရဲ့ အားပေးမှုများကို တခဲနက် ရရှိခဲ့ပြီး အခုဆိုရင် ဇိမ်ခံပစ္စည်းတွေဖြစ်တဲ့ အိမ်တွေ ကား

တွေကိုပါ ရောင်းချပေးနေတာတွေ့ရပါတယ်။သူမရဲ့ ရောင်းအားများက သူများတွေရဲ့ ရောင်းအားနဲ့ မတူဘဲ အရမ်းကို ရောင်းအားကောင်း

နေတာကလည်း ပရိသတ်တွေအတွက် အံ့သြစရာနဲ့ ချီးကျူးစရာ တစ်ခု ဖြစ်လို့နေခဲ့ပါတယ်။ထက်ထက်မိုးဦးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်

ခုကျော်က ကြော်ငြာလောကမှာ အအောင်မြင်ဆုံးသူဖြစ်ခဲ့ပြီး ကလေးရော၊ လူကြီးပါ မကျန် အား‌ေပေးမှုကို ရခဲ့သူဖြစ်ပါတယ်။ သူမ ရိုက်

ကူးခဲ့တဲ့ ကြော်ငြာတွေက ထောင်ချီရှိနေခဲ့တယ်လို့သိရပြီး ရုပ်ရှင်လောကမှာလည်း သူမဟာ ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့အပြင် အကယ်

ဒမီဆုတွေ ဆွတ်ခူးရရှိခဲ့သူဖြစ်ပါတယ်။အဲဒီနောက် ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်

လာခဲ့ပြီး ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံး

အကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အ

ကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ သူ ဖြစ်ပါတယ်။အစမှ အဆုံးဖတ် ပေးသော ပရိတ်သတ်ကြီးအားကျေးဇူးတင်


ပါတယ် ။အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော Cele Top Stars page လေးကို like and

share လေးပြုလုပ်ပေးကျပါအုံးနော်.

ထက္ထက္ေျပာျပတဲ့ ေအာင္ျမင္ျခင္းရဲ႕ လ်ိဳ႕ဝွက္ခ်က္အေၾကာင္းေလးကို ပရိသတ္ေတြအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။ ထက္ထက္

ဘဝအတြက္ ေအာင္ျမင္ျခင္းရဲ႕ နံပါတ္တစ္က ဘာမ်ားျဖစ္မလဲ။ထက္ထက္မိုးဦးက ပရိသတ္ေတြအတြက္ လူမႈကြန္ယက္ေဖ့စ္ဘြတ္စာမ်က္ႏွာ

ေပၚကေန သူမအေၾကာင္းေလးေတြ ေျပာျပေနသူပါ။ ဒီတစ္ေခါက္မွာလည္း သူမ ခံယူထားတဲ့ ေအာင္ျမင္ျခင္းရဲ႕ လ်ိဳ႕ဝွက္ခ်က္အေၾကာင္း

ကို အခုလို ပြင့္ပြင့္လင္းလင္းေျပာျပခဲ့တာ ေတြ႕ရပါတယ္။ ဘဝမွာ ေအာင္ျမင္ျခင္းရဲ႕ နံပါတ္ တစ္ကေတာ့ သည္းခံႏိုင္မႈပါပဲတဲ့။“ဘဝ

မွာ ေအာင္ျမင္ျခင္းရဲ႕ နံပါတ္ ၁ က သည္းခံႏိုင္မႈပဲ။ ဘဝမွာ ပင္ပန္းခက္ခဲခဲ့တယ္။ ဘယ္အရာမွ အလကားမရဘူးဆိုတာသိေနတဲ့အ

တြက္ အရမ္းႀကိဳးစားတယ္။ ယဥ္ေက်းေအာင္ေနတယ္။ စိတ္ေရာလူေရာ ထည့္ၿပီး အလုပ္လုပ္တယ္၊ အခုခ်ိန္ ျပန္ၿပီးအလုပ္ေတြလုပ္

လာတဲ့အခါ၊အားလုံးက ခ်စ္ေပးၾကတဲ့အခါမွာလည္း လက္လြတ္စပယ္ မလုပ္ဘူး။ ကိုယ့္အယူအဆေတြမွားသြားရင္ သူမ်ားေထာက္စရာျဖစ္

မွာေၾကာင့္ ေသခ်ာေလ့လာတယ္။ အလုပ္အေပၚ သစၥာရွိတယ္။ ဝါသနာပါလို႔ လုပ္တာဆိုေတာ့ လဲခဲ့ရတာေတြ၊ အေပးအယူလုပ္ခဲ့ရတာ

ေတြ အမ်ားႀကီး ရွိေပမဲ့ဘယ္ေတာ့မွ မလုပ္ခ်င္ေတာ့ဘူးဆိုတာမ်ိဳး မရွိခဲ့ဘူး”လို႔ သူမက ဆိုပါတယ္။ဒါ့အျပင္ သူမဘဝမွာ ေန႔စဥ္ အလုပ္

လုပ္တဲ့အခ်ိန္ေတြမွာ အလုပ္ေပၚ ဘယ္လိုေစတနာထားခဲ့ေၾကာင္း ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြဆိုလည္း အၿမဲတမ္းနားေထာင္ၿပီး ပိုေကာင္း

ေအာင္ ျပင္ဆင္ေလ့ရွိေၾကာင္းကိုလည္း ဆက္လက္ေျပာျပထားပါေသးတယ္။“ေန႔စဥ္ အလုပ္လုပ္တဲ့ အခါတိုင္းမွာ အခ်ိန္ကုန္ရင္ ငါအိမ္ျပန္

ရမွာပဲလို႔ ဘယ္ေတာ့မွမေတြးဘူး။ကိုယ္လုပ္လို႔ မေရာင္းရမွာ၊ပရိသတ္ေတြမႀကိဳက္မွာ၊ client အဆင္မေျပမွာပဲေတြးတယ္။ ဒါေၾကာင့္ ေန႔စဥ္

အၿမဲမျပတ္ ေလ့လာရတယ္။ စာက်က္ရတယ္။ ပရိသတ္ရဲ႕ အားေပးစကားေတြ၊ေဝဖန္တာေတြ အၿမဲနားေထာင္ရတယ္၊ အားေပးတာ

ေတြ အတြက္ စိတ္ခြန္အားရသလို ေဝဖန္မႈေတြဆိုလည္း ကိုယ့္ကိုခ်စ္လို႔ ေျပာေပးတာမို႔ ျပင္ဆင္တယ္ ပိုၿပီးေကာင္းေအာင္ ႀကိဳးစား

တယ္။ ဇီးထုတ္ေၾကာ္ျငာဆိုလည္း အလွဆုံးျပင္ၿပီး အားစိုက္တာပဲ။ ေ႐ႊဆိုင္ေၾကာ္ျငာလည္း အားစိုက္တာပဲ။ အခု Live ေတြ လႊင့္ၿပီး ေရာင္

းရတဲ့အခ်ိန္မွာ တစ္ေထာင္တန္လည္း အေကာင္းဆုံးစိတ္ေစတနာထား၊ ေသခ်ာ ကုန္ပစၥည္းအေၾကာင္း သိေအာင္လုပ္ၿပီး ေရာင္

းတယ္။ သိန္း ၃၀၀၀ တန္လည္း ေသေသခ်ာခ်ာ ေလ့လာၿပီးမွ ေရာင္းတယ္” ဆိုၿပီး အလုပ္ေပၚ အားစိုက္မႈကို ေသေသခ်ာခ်ာ

ေလး ေျပာျပထားတာေတြ႕ရပါတယ္။သ႐ုပ္ေဆာင္ ထက္ထက္မိုးဦးကေတာ့ Covid ကာလအတြင္းမွာ ရတနာပစၥည္းေတြကိုLive လႊင့္

ေရာင္းခဲ့ရာ ပရိသတ္ေတြ ၊ အႏုပညာရွင္ေတြရဲ႕ အားေပးမႈမ်ားကို တခဲနက္ ရရွိခဲ့ၿပီး အခုဆိုရင္ ဇိမ္ခံပစၥည္းေတြျဖစ္တဲ့ အိမ္ေတြ ကား

ေတြကိုပါ ေရာင္းခ်ေပးေနတာေတြ႕ရပါတယ္။သူမရဲ႕ ေရာင္းအားမ်ားက သူမ်ားေတြရဲ႕ ေရာင္းအားနဲ႔ မတူဘဲ အရမ္းကို ေရာင္းအားေကာင္း

ေနတာကလည္း ပရိသတ္ေတြအတြက္ အံ့ၾသစရာနဲ႔ ခ်ီးက်ဴးစရာ တစ္ခု ျဖစ္လို႔ေနခဲ့ပါတယ္။ထက္ထက္မိုးဦးဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ႏွစ္

ခုေက်ာ္က ေၾကာ္ျငာေလာကမွာ အေအာင္ျမင္ဆုံးသူျဖစ္ခဲ့ၿပီး ကေလးေရာ၊ လူႀကီးပါ မက်န္ အား‌ေေပးမႈကို ရခဲ့သူျဖစ္ပါတယ္။ သူမ ႐ိုက္

ကူးခဲ့တဲ့ ေၾကာ္ျငာေတြက ေထာင္ခ်ီရွိေနခဲ့တယ္လို႔သိရၿပီး ႐ုပ္ရွင္ေလာကမွာလည္း သူမဟာ ပရိသတ္အားေပးမႈမ်ားစြာရရွိခဲ့တဲ့အျပင္ အကယ္

ဒမီဆုေတြ ဆြတ္ခူးရရွိခဲ့သူျဖစ္ပါတယ္။အဲဒီေနာက္ ၁၉၉၁ ခုႏွစ္က အႏုပညာေလာကထဲကို ပထမဆုံးအႀကိမ္ စတင္ဝင္ေရာက္

လာခဲ့ၿပီး ၁၉၉၆ ခုႏွစ္မွာေတာ့ ပန္းသခင္ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ပထမဆုံး

အႀကိမ္ ရရွိခဲ့ပါတယ္။ ေနာက္ထပ္လည္း ‘’ သမီးမိုက္’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ဒုတိယအႀကိမ္ေျမာက္ အ

ေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကိုရရွိခဲ့ သူ ျဖစ္ပါတယ္။အစမွ အဆုံးဖတ္ ေပးေသာ ပရိတ္သတ္ႀကီးအားေက်းဇူးတင္


ပါတယ္ ။အႏုပညာရွင္ေတြရဲ႕ သတင္းေတြကို အစဥ္အပ်က္ တင္ဆက္ေပးေနေသာ Cele Top Stars page ေလးကို like and

share ေလးျပဳလုပ္ေပးက်ပါအုံးေနာ္.