မဂၤလာပါ ပရိသတ္ႀကီးေရ လတ္တေလာမွာ အမွန္တရားကို လိုလားၾကတဲ့ ျပည္သူျပည္သားေတြက လြတ္လပ္မွ်တတဲ့ ဒီမီုကေရစီကိုျပန္လည္ရရွိေအာင္ လူထုလႈပ္ရွားမႈေတြကို တက္ညီလက္ညီ သံၿပိဳင္ဟစ္ေႂကြးၿပီး ေန႔စဥ္ ျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္။ လူငယ္ေတြရဲ႕ အနာဂတ္လွပေအာင္ ကိုယ္ပိုင္ အခြင့္အေရးေတြကို မဆုံးရႈံးေစဖို႔အတြက္ ဘက္ေပါင္းစုံက ႏိုင္ငံ့ဝန္ထမ္းမ်ား ၊ အဖြဲ႕အစည္းမ်ား၊ ေက်ာင္းသူေက်ာင္းသားမ်ားအျပင္ အႏုပညာရွင္မ်ားစြာက ျပည္သူျပည္သားေတြနဲ႔ အတူ အျပည့္အဝရပ္ တည္ေပးခဲ့ၾကပါတယ္။

ယခုလိုလူထုလႈပ္ရွားမႈေတြကို ေန႔စဥ္ဆက္တိုက္ လႈပ္ရွားရင္း အသက္ေပးလိုက္ရတဲ့ အာဇာနည္သူရဲေကာင္းေတြ ရွိေနသလို ျပည္သူေတြနဲ႔ ေက်ာင္းသူေက်ာင္းသား လူငယ္တခ်ိဳ႕ထိန္းသိမ္းတာခံရမႈလည္းရွိပါတယ္။ လက္ရွိမွာ တခ်ိဳ႕ေသာသူေတြ ျပန္လည္လြတ္ေျမာက္လာသလို တခ်ိဳ႕လြတ္ေျမာက္လာျခင္းမရွိတဲ့ ေက်ာင္းသားလူငယ္ေတြလည္းရွိပါတယ္။ လြတ္ေျမာက္လာျခင္းမရွိေသးတဲ့ လူငယ္ေတြအတြက္ အဆိုေတာ္သ႐ုပ္ေဆာင္ ေ႐ႊထူးက သူ႔ရဲ႕လူမႈကြန္ယက္မွာ အျမန္ဆုံးလြတ္ေျမာက္ေအာင္ သိျမင္တတ္ကြၽမ္းတဲ့သူေတြကို အကူအညီနည္းလမ္းေတြကို ေရးသားေတာင္းဆိုလာခဲ့ပါတယ္။

“လက္ရွိ ထိန္းသိမ္းခံထားရတဲ့ လူငယ္ေတြကိုလြတ္ေျမာက္ေအာင္ ဘယ္လိုလုပ္လို႔ရႏိုင္မလဲဝိုင္းကူစဥ္းစားေပးၾကပါဦး … နားလည္တတ္ကြၽမ္းတဲ့ လူႀကီးေတြရွိရင္ နည္းလမ္းေလးေရးေပးၾကပါဦးခင္ဗ်ာ … သူတို႔အားလုံးကို အဲ့ထဲမွာအၾကာႀကီ းရွိမေနေစခ်င္ဘူးဗ်ာ … လက္ရွိေပ်ာက္ဆုံးေနတဲ့သူေတြေရာ … သတင္းမရအဆက္အသြယ္ ျပတ္ေနတဲ့လူေတြေရာ အရမ္းေတြ႕လာလို႔ပါ … သိတဲ့သူေတြကူညီေပးၾကပါဦးခင္ဗ်ာ” ဆိုၿပီး စိတ္မေကာင္းစြာနဲ႔ ေရးသား ထားတာ ေတြ႕ရပါတယ္။

Credit

မင်္ဂလာပါ ပရိသတ်ကြီးရေ လတ်တလောမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူပြည်သားတွေက လွတ်လပ်မျှတတဲ့ ဒီမီုကရေစီကိုပြန်လည်ရရှိအောင် လူထုလှုပ်ရှားမှုတွေကို တက်ညီလက်ညီ သံပြိုင်ဟစ်ကြွေးပြီး နေ့စဉ် ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်လှပအောင် ကိုယ်ပိုင် အခွင့်အရေးတွေကို မဆုံးရှုံးစေဖို့အတွက် ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းများ ၊ အဖွဲ့အစည်းများ၊ ကျောင်းသူကျောင်းသားများအပြင် အနုပညာရှင်များစွာက ပြည်သူပြည်သားတွေနဲ့ အတူ အပြည့်အဝရပ် တည်ပေးခဲ့ကြပါတယ်။

ယခုလိုလူထုလှုပ်ရှားမှုတွေကို နေ့စဉ်ဆက်တိုက် လှုပ်ရှားရင်း အသက်ပေးလိုက်ရတဲ့ အာဇာနည်သူရဲကောင်းတွေ ရှိနေသလို ပြည်သူတွေနဲ့ ကျောင်းသူကျောင်းသား လူငယ်တချို့ထိန်းသိမ်းတာခံရမှုလည်းရှိပါတယ်။ လက်ရှိမှာ တချို့သောသူတွေ ပြန်လည်လွတ်မြောက်လာသလို တချို့လွတ်မြောက်လာခြင်းမရှိတဲ့ ကျောင်းသားလူငယ်တွေလည်းရှိပါတယ်။ လွတ်မြောက်လာခြင်းမရှိသေးတဲ့ လူငယ်တွေအတွက် အဆိုတော်သရုပ်ဆောင် ရွှေထူးက သူ့ရဲ့လူမှုကွန်ယက်မှာ အမြန်ဆုံးလွတ်မြောက်အောင် သိမြင်တတ်ကျွမ်းတဲ့သူတွေကို အကူအညီနည်းလမ်းတွေကို ရေးသားတောင်းဆိုလာခဲ့ပါတယ်။

“လက်ရှိ ထိန်းသိမ်းခံထားရတဲ့ လူငယ်တွေကိုလွတ်မြောက်အောင် ဘယ်လိုလုပ်လို့ရနိုင်မလဲဝိုင်းကူစဉ်းစားပေးကြပါဦး … နားလည်တတ်ကျွမ်းတဲ့ လူကြီးတွေရှိရင် နည်းလမ်းလေးရေးပေးကြပါဦးခင်ဗျာ … သူတို့အားလုံးကို အဲ့ထဲမှာအကြာကြီ းရှိမနေစေချင်ဘူးဗျာ … လက်ရှိပျောက်ဆုံးနေတဲ့သူတွေရော … သတင်းမရအဆက်အသွယ် ပြတ်နေတဲ့လူတွေရော အရမ်းတွေ့လာလို့ပါ … သိတဲ့သူတွေကူညီပေးကြပါဦးခင်ဗျာ” ဆိုပြီး စိတ်မကောင်းစွာနဲ့ ရေးသား ထားတာ တွေ့ရပါတယ်။

Credit