မဂၤလာပါ ပရီသတ္ႀကီးေရ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ပိုင္တံခြန္ ကေတာ့ အေနအထိုင္ ေအးေဆး ၿပီး အရြယ္ နဲ႔ မလိုက္ေအာင္ တည္ၿငိမ္သူ တစ္ေယာက္ ျဖစ္တာ ေၾကာင့္ ပရိသတ္ေတြ ရဲ့ အခ်စ္ကို ပိုင္ဆိုင္ ရရွိထားတာ ျဖစ္ပါတယ္။ ပိုင္တံခြန္ ကေတာ့ သူ႔ရဲ့ အမိုက္စား ခႏၶာကိုယ္ နဲ႔ အရမ္းလန္း တဲ့ တက္တူး ေတြေၾကာင့္ လည္း နိုင္ငံတကာ က ပရိသတ္ေတြရဲ့ အာ႐ုံစိုက္ ခံရတယ္ဆိုလည္း မမွားပါဘူး။

အိမ္နီးခ်င္း ထိုင္းနိုင္ငံမွာ Fan Meeting ျပဳလုပ္ရ တဲ့အထိ ေအာင္ျမင္ တဲ့ ပိုင္တံခြန္ က ဂ်ပန္ ၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္ စတဲ့ အာရွ နိုင္ငံမ်ား အျပင္ ဘရာဇီး ၊ ၾသစေတးလ် ၊ ဂ်ာမနီ စတဲ့ အေနာက္တိုင္း နိုင္ငံေတြအထိပါ ေပါက္ေရာက္ ေအာင္ျမင္ေနတာပဲ ျဖစ္ပါတယ္။

လတ္တေလာ မွာ ျမန္မာနိုင္ငံ ဒီမိုကေရစီ ရရွိေရး အတြက္ တိုက္ပြဲ ဝင္ ေနတဲ့ ပိုင္တံခြန္ က အိမ္နီးခ်င္း ထိုင္းနိုင္ငံက ဒီမိုကေရစီ တိုက္ပြဲ အတြက္လည္း သူ႔ရဲ့ ေဖ့စ္ဘုတ္ စာမ်က္ႏွာ ကေန အာေပး စကားေျပာလာ တာကို ေတြ႕ရပါတယ္။ပိုင္တံခြန္ က “ထိုင္းနိုင္ငံက ညီအစ္ကို ေမာင္ႏွမေတြ အားလုံး ကိုယ့္ကို ကိုယ္ ဂ႐ုစိုက္ၾကၿပီးကာကြယ္ ေစာင့္ေရွာက္ၾကပါ။ ကၽြန္ေတာ္ ခင္ဗ်ားတို႔ နဲ႔ အတူတူ ရပ္တည္ ေပးေနၿပီး ဆုေတာင္း ေပးေနပါတယ္။ ကၽြန္ေတာ္တို႔ နိုင္ငံမွာလည္း ဒီမိုကေရစီရရွိေရးအတြက္ တိုက္ပြဲ ဝင္ေနပါတယ္။ ကၽြန္ေတာ္တို႔ အတူတူ အားလုံး ဒါေတြကို ေက်ာ္ျဖတ္ၾကမယ္” ဆိုၿပီး ေျပာလာ တာပဲ ျဖစ္ပါတယ္။

ပိုင္တံခြန္ ကေတာ့ ကိုယ့္နိုင္ငံ ဒီမိုကေရစီ ရရွိေရး အတြက္ တိုက္ ပြဲဝင္ ေနသလို အိမ္နီးခ်င္း ထိုင္းနိုင္ငံက ပရိသတ္ေတြ အတြက္လည္း ဆုေတာင္း ေမတၱာပို႔ေပးေနတာပဲ ျဖစ္ပါတယ္။ အားလုံး ေမၽွာ္မွန္းထားတဲ့ ပန္းတိုင္ ကို ေအာင္ျမင္စြာ ေရာက္ရွိနိုင္ ၾကပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ ပရိသတ္ႀကီး အားလုံး သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ နိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပး လိုက္ပါတယ္ေနာ္….။

Credit ; celeupdatenews

မင်္ဂလာပါ ပရီသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော ပိုင်တံခွန် ကတော့ အနေအထိုင် အေးဆေး ပြီး အရွယ် နဲ့ မလိုက်အောင် တည်ငြိမ်သူ တစ်ယောက် ဖြစ်တာ ကြောင့် ပရိသတ်တွေ ရဲ့ အချစ်ကို ပိုင်ဆိုင် ရရှိထားတာ ဖြစ်ပါတယ်။ ပိုင်တံခွန် ကတော့ သူ့ရဲ့ အမိုက်စား ခန္ဓာကိုယ် နဲ့ အရမ်းလန်း တဲ့ တက်တူး တွေကြောင့် လည်း နိုင်ငံတကာ က ပရိသတ်တွေရဲ့ အာရုံစိုက် ခံရတယ်ဆိုလည်း မမှားပါဘူး။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ Fan Meeting ပြုလုပ်ရ တဲ့အထိ အောင်မြင် တဲ့ ပိုင်တံခွန် က ဂျပန် ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ အာရှ နိုင်ငံများ အပြင် ဘရာဇီး ၊ သြစတေးလျ ၊ ဂျာမနီ စတဲ့ အနောက်တိုင်း နိုင်ငံတွေအထိပါ ပေါက်ရောက် အောင်မြင်နေတာပဲ ဖြစ်ပါတယ်။

လတ်တလော မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး အတွက် တိုက်ပွဲ ဝင် နေတဲ့ ပိုင်တံခွန် က အိမ်နီးချင်း ထိုင်းနိုင်ငံက ဒီမိုကရေစီ တိုက်ပွဲ အတွက်လည်း သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ ကနေ အာပေး စကားပြောလာ တာကို တွေ့ရပါတယ်။ပိုင်တံခွန် က “ထိုင်းနိုင်ငံက ညီအစ်ကို မောင်နှမတွေ အားလုံး ကိုယ့်ကို ကိုယ် ဂရုစိုက်ကြပြီးကာကွယ် စောင့်ရှောက်ကြပါ။ ကျွန်တော် ခင်ဗျားတို့ နဲ့ အတူတူ ရပ်တည် ပေးနေပြီး ဆုတောင်း ပေးနေပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲ ဝင်နေပါတယ်။ ကျွန်တော်တို့ အတူတူ အားလုံး ဒါတွေကို ကျော်ဖြတ်ကြမယ်” ဆိုပြီး ပြောလာ တာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန် ကတော့ ကိုယ့်နိုင်ငံ ဒီမိုကရေစီ ရရှိရေး အတွက် တိုက် ပွဲဝင် နေသလို အိမ်နီးချင်း ထိုင်းနိုင်ငံက ပရိသတ်တွေ အတွက်လည်း ဆုတောင်း မေတ္တာပို့ပေးနေတာပဲ ဖြစ်ပါတယ်။ အားလုံး မျှော်မှန်းထားတဲ့ ပန်းတိုင် ကို အောင်မြင်စွာ ရောက်ရှိနိုင် ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်….။

Credit ; celeupdatenews