ထီဖွင့်ပြီး ရက်အတော်ကြာမှ သိန်းထီဆုပေါက်ကြောင်း သိခွင့်ရခဲ့တဲ့ မေကဗျာ

ပရိသတ်ကြီးရေ မေကဗျာကတော့ ဗီဒီယိုခေတ်ကတည်းက ဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်နော်။အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်းမှန်လုပ်ဆောင်နေပြီး ရုပ်ရုင်ဇာတ်ကားကြီးတွေနဲ့ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေတာဖြစ်ပါတယ်နော်။

မေကဗျာက အခုလိုကိုဗစ်ကာလမှာတော့ ရိုက်ကူးရေးတွေလည်း နားထားရတာဖြစ်လို့ စီးပွားရေးလေးကို တိုးတက်အောင်လုပ်ဆောင်နေတာဖြစ်ပါတယ်။

ယနေ့မှာတော့ သူမအနေနဲ့ သနားစိတ်နဲ့ ထီဝယ်ထိုးရာကနေ ထီဖွင့်ပြီး ကိုးရက်ကြာမှ သိန်းထီဆု ဆွတ်ခူးနိုင်တဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်။

E Lan live လွှင့်မဲ့နေက studio ထိပ်မှာ ထီသည်တွေ့တော့ မှန်သောစကားပါ အော်ထီသည်တွေထိုးမယ့် သူရောရှိရဲ့လားမသိဘူးဆိုပြီး ကားရပ်ပေး ထီထိုးမယ်ဆိုပြီးထိုးလိုက်တဲ့ ထီက တစ်သိန်းဆုပေါက်တယ်။

ဒီနေ့မှထီတိုက်ကြည့်လိုက်တာ သူတို့ဆက်ရင်လည်းဆက်မှာပေါ့ အလုပ်ဖုန်းပေးမိလိုက်တော့ မကိုင်မိတာလည်းဖြစ်ချင်ဖြစ်မှာ ဘာပဲဖြစ်ဖြစ် သူများကိုကူညီတဲ့ စေတနာ ချက်ချင်းအကျိုးပေးတယ်ဆိုတာသိပ်မှန်တာပဲ” ဆိုပြီးတော့ သူမရဲ့ လေူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

မေကဗျာကတော့ သူမရဲ့ စေတနာကသူမကိုပြန်လည်အကျိုးပေးခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်နော် ပရိသတ်များလည်း သူမနဲ့အတူ ဝမ်းသာနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်နော် ပရိတ်သတ်ကြီးတို့ရေ။

အဆုံးထိဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာတဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Zawgyi







