



Credit

မင်္ဂလာပါ ပရိသတ်ကြီးရေ မနေ့ကတော့ နွေဦးတော်လှန်ရေးပြုလုပ်ကြရင်း ပြည်သူအချို့ ထိခိုက်ဒဏ်ရာတွေရရှိကြတဲ့အပြင် ကျဆုံးမှုတွေပါ ရှိနေခဲ့ပါတယ်။ မနေ့ညက မြန်မာပြည်သူပြည်သားတွေဟာလူထုလှုပ်ရှားမှုပြုလုပ်ရင်း အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေအတွက် ဖယောင်းတိုင် မီးတွေများစွာထွန်းပြီး ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ သရုပ်ဆောင်ယွန်းယွန်းက ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

သူမကတော့ လူငယ်တစ်ယောက်ဖြစ်တာနဲ့အညီ တက်တက်ကြွကြွနဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ယွန်းယွန်းတစ်ယောက်ကတော့ မနေ့ကနွေဦးတော်လှန်ရေးဆင်နွှဲကြရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်လည်း စိတ်မကောင် းဖြစ်ဝမ်းနည်းနေခဲ့ပါတယ်။သူမက ယခုမှာ ထွက်ပြေးကြရင်းအသက်ပေးလိုက်ရတာကြောင့် အာဇာနည်လို့မခေါ်ထိုက်ဘူးလို့ လာဝေဖန်နေသူတွေကို ပညာသားပါပါနဲ့ပြန်လည်ပြောဆိုလိုက်ပါတယ်။

သူမကတော့ ” ပြောထွက်တဲ့သူတွေကပြောရက်သေးတယ် ထွက်ပြေးကြရင်းအသက်ပေးလိုက်ရလို့ “အာဇာနည်” လို့မခေါ်ထိုက်ဘူးတဲ့.. တကယ်တော့ အသက်ဆုံးရှုံးရနိုင်မှန်းသိသိရက်နဲ့ နိုင်ငံ့အရေးအတွက် အိမ်ကထွက်လာကတည်းက အာဇာနည်ဖြစ် ခဲ့ပြီးသားပါ

“ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ မြန်မာပြည်သူပြည်သားတွေအားလုံး ဘေးရန်အသွယ်သွယ်မှာ ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါ တယ်။

Photo Credit: Yoon Yoon ‘ s Facebook Acc
Credit