ပရိတ်သတ်ကြီးရေ….အနုပညာလောကမှာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ကျရာဇာတ်ရုပ်မှာပိုင်ပြင်နိုင်စွာနဲ့သရုပ်ဆောင်ရင်းပရိတ်သတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုအပြည့်အဝသိမ်းပိုက်ထားတဲ့ မင်းသားချောတစ်ယောက်ကတော့ နေဒွေးပဲဖြစ်ပါတယ်နော်.။နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်နေဒွေးဟာဆိုရင် ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားပြီး ချိုသာတဲ့အပြုံးလေးတွေကြောင့် ပရိတ်သတ်ကချစ်မဝဖြဟ်နေကြတာပဲဖြစ်ပါတယ်..။
အလှူအတန်းရက်ရောလွန်းတဲ့နေဒွေးက လတ်ရှိမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ပြည်သူတွေကိုလည်းနေ့စဉ်ရက်စက် သူတတ်နိုင်လောက်လှူဒါန်းနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်ပရိတ်သတ်ကြီးရေ.။နေဒွေးဟာဆိုရင် မိဘအပေါ်မှာလည်းအရမ်းကိုသိတတ်တဲ့သားလိမ္မာလေးတစ်ယောက်ဖြစ်သလို အမေကိုလညး်အမြဲစိတ်ချမ်းသာအောင်ထားတဲ့ မွေးရကျိုးနပ်တဲ့သားလေးတစ်ယောက်ပဲဖြစ်ပါတယ်..။
နေဒွေးဟာဆိုရင် အခုလိုအနုပညာလုပ်ငန်းတွေကိုနားထားရတဲ့အချိန်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလုပ်ကိုင်နေတာပဲဖြစ်ပါတယ်နော်။သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဂျစ်တူးအော်ဂန်းနစ်စူပါဆန်ရောင်းဝယ်ရောင်းကနေလည်း ဆန်အိတ်တွေကို အမြဲလှူဒါနိးနေတာပဲဖြစ်ပါတယ်.။ဒီကနေ့မှာဆိုရင်လည်း နေဒွေးက ဒဂုံဆိပ်ကမ်း(၆၀)ရပ်ကွက်မှ စားဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ အိမ်ထောင်စု တွေအတွက် ဆန်နဲ့ဆီတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုလှူဒါန်းဖြစ်ခဲ့ပုံကို နေဒွေးကအခုလိုပဲပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်.။”ဤနေ့ကုသိုလ်🙏🏼🙏🏼🙏🏼 ဒဂုံဆိပ်ကမ်း ၆ဝရပ်ကွက်တွင်နေထိုင်သောစားဝတ်နေရေးခက်ခဲနေသောသက်ကြီးရွယ်အိုအဖိုးအဖွားများအတွက် JITTOO အော်ဂန်းနစ်စူပါဆန် နှင့် ဆီ အလှုငွေများလှုဒါန်းခဲ့ပါသည်🥰ပူပေါင်းပါဝင်လှုဒါန်းသူများကိုလည်းကျေးဇူးအထူးပါ❤️ #JITTOO🦁”ဆိုပြီး သူရဲ့အလှူလေးကို ပုံနဲ့တကွတင်ပေးလာတာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးကလည်းနေဒွေးရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးကြပါအုံးနော်..။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။
Source ; Nay Dway Facebook acc
Credit ; Celebrity Platforms