



ချစ်ပရိသတ်ကြီးရေ ပြည်သူချစ် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ထူးခန့်ကျော်ကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အောင်မြင်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိ MRTV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာလည်း လူမိုက်ကြီး ဗေဒါအဖြစ် ပီပြင်စွာသရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်အားပေးမှုကို ရရှိနေတဲ့ ထူးခန့်ကျော်က ဒီကနေ့မှာလည်း “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲမှ ဒိုက်ငယ်ဘဝအဖြစ် သရုပ်ဆောင်ထားတဲ့ ကလေးသရုပ်ဆောင်လေးရဲ့ ဂါရဝပြုကန်တော့ခြင်းခံခဲ့ရတဲ့အကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

ထူးခန့်ကျော်က “မမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲမှ ဒိုက်ငယ်ဘဝအဖြစ်သရုပ်ဆောင်သော သားငယ်လေးမောင်ကောင်းခန့်ကျော်မှ ဗေဒါကြီးဘုရားဆွမ်းကပ်ဖို့အတွက်ဆိုပြီး လာရောက်ကာလှူဖွယ်ပစ္စည်းများနှင့် ဂါဝရတရားရှေ့ထားပြီးကန်တော့ရှာသောသားငယ်လေးမောင်ကောင်းခန့်ကျော်တို့မိသားစုဒိထက်မအောင်မြင်ကျော်ကြားပြီး တစ်နေ့တစ်ခြားစီးပွားလာဘ်လာဘများဒီရေလားသကဲ့သို့ကြီးပွားတိုးတက်ကြ၍ ကပ်ကြီးသုံးပါးတို့မှလည်းကင်းဝေးကြပါစေနော်။ ကျွန်တော်ရင်ဘတ်ထဲကပရိတ်သတ်အမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေနော်🙏🙏🙏🙏🙏” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

သရုပ်ဆောင် ထူးခန့်ကျော်ကတော့ “မမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲနဲ့ သူ့ဘဝရဲ့ အနုပညာမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ “မမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲလေးကလည်း အခုဆိုရင် ဇာတ်ရှိန်မြင့်နေပြီမို့ ဦးဗေဒါကြီးတစ်ယောက် ဒိုက်နဲ့ ရှင်ကွဲကွဲရတော့မှာလားဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ ဖတ်ရှုပေးကြတဲ့ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Htoo Khantkyaw ‘s fb
Credit – Cele Connections