


Credit – Cele Zone

ချစ်လှစွာသောပရိတ်သတ်ကြီးရေ ဝါရင့် သရုပ်ဆောင်မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော် ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မင်းသမီးပဲဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင် ပိုင်းမှာတော့ ဘယ်လိုဇာတ်ကောင်တွေကို မဆို သဘာဝကျကျ အကောင်းဆုံး ကြိုးစားအားထုတ်မှုတွေကြောင့်လည်း အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန် ရရှိထားတာ ဖြစ်ပါတယ်..။

အကယ်ဒမီ ခင်ဇာခြည်ကျော် ကတော့ ယနေ့အချိန်ထိ ဆယ်ကျော် သက်တွေလို ငယ်ရွယ်နုပျို ချောမောနေပြီး စိတ်သဘောထားပြည့်ဝတာကြောင့် ချစ်ခင်သူများပေါ်များနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခင်ဇာခြည်ကျော်က မိသားစုကို လိုလေသေးမရှိအောင် ထားပေးပြီး ချစ်ရတဲ့ သားနဲ့ သမီးကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက် ပြုစုပျိုးထောင် ပေးခဲ့တာလည်းဖြစ်ပါတယ်..။

ယနေ့ ဇွန်လ (၁၅) ရက်နေ့လေးကတော့ သူမရဲ့ အသက် (၄၅) နှစ်ပြည့်မွေးနေ့ပဲဖြစ်ရာ မွေးနေ့မှာ ချစ်ရတဲ့ မိသားစုနဲ့အတူ အိမ်မှာပဲ ဘုန်းကြီး (၅) ပါးကို နေ့ဆွမ်းကပ်ပြီး အလှူအတန်း ပြုလုပ်ခဲ့ကြောင် းဖော်ပြလာပါတယ် ။ မိသားစု ကောင်းမှုပြုလုပ်နေတဲ့ အလှူပုံရိပ်တွေနဲ့ အတူ ” ဒီနေ့ ဇာ့ရဲ့ အသက် ၄၅နှစ်ပြည့် မွေးနေ့ က မွေးနေ့ မွေးရက် မွေးလ တိုက်ပါတယ်…အိမ်မှာမိသားစု နဲ့အတူ ဘုန်းကြီး၅ပါး နေ့ဆွမ်းကပ်ပြီး အလှူ လေးပြုလုပ်ခဲ့ပါတယ်… ၄၅ နှစ်ပြည့် မွေးနေ့မှစ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာ စွာ နဲ့ သာသနာပြု နိုင်ပါရစေ…ကံကောင်းခြင်းတွေအမြန်ဆုံး ရောက်လာ ပါစေရှင်.. ” ဟုရေးသားဖော် ပြထားရာ ပရိသတ်ကြီးအတွက် ဖော်ပြပေး လိုက်ပါတယ် ။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေ
လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Photo – Khin Zarchi Kyaw