အေရးေတာ္ပုံႀကီး ေအာင္ျမင္ဖို႔အတြက္ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ ျပည္သူေတြအားလုံး တက္ညီလက္ညီ စည္းစည္းလုံးလုံးနဲ႔ ႀကိဳးစားေတာ္လွန္တိုက္ပြဲဝင္ေနၾကတာကေတာ့ ယေန႔အထိပါပဲ..။ျပည္သူ(၈၀၀) ေက်ာ္ အသက္ေပးက်ဆုံးသြားၾကၿပီး ျပည္သူေတြနဲ႔အတူ ဖမ္းဆီးထိန္းသိမ္း အက်ဥ္းခ်ခံထားရတဲ့ အႏုပညာရွင္ေတြရွိၾကသလို ေတာထဲေတာင္ထဲ အပင္ပန္းခံ ဆက္လက္တိုက္ပြဲဝင္ေနသူေတြကလည္း အမ်ားအျပားရွိေနဆဲ…။

ေဖေဖာ္ဝါရီလ (၁)ရက္ေန႔ကတည္းက တစ္ရက္မွ မပ်က္ လမ္းေပၚထြက္လႈပ္ရွားမႈေတြျပဳလုပ္ကာ လက္ရွိအေျခအေနေတြမွာလည္း နယ္စပ္တစ္ေနရာမွာ ေရာက္ရွိေနတဲ့ ေမဦးကေတာ့ ေတာ္လွန္ေရးတိုက္ပြဲမွာ ပါဝင္ခဲ့ရလို႔ ဂုဏ္ယူေနတဲ့အေၾကာင္း ေျပာျပလာပါတယ္…။

ဖယ္ဒရယ္ဒီမိုကေရစီအတြက္ စြန႔္လႊတ္မႈေတြနဲ႔ ေတာထဲေတာင္ထဲမွာ အေနဆင္းရဲ အစားဆင္းရဲ ကိုယ္တိုင္အပင္ပန္းခံကာ ႀကိဳးစားေတာ္လွန္ေနရလို႔ ေဂး တစ္ေယာက္အေနနဲ႔ ဂုဏ္ယူေနမိတဲ့ အေၾကာင္းေတြကို ေျပာျပထားတာပါ..။“Myanmar LGBTQ 🏳️‍🌈အားလုံးကိုယ္စားFederal democracy အတြက္ေတာ္လွန္ခဲ့ရလို႔Gay တစ္ေယာက္အေနနဲ႔ ပိုဂုဏ္ယူမိတယ္💪🏻❤️🏳️‍🌈Pride2021 pridemonth2021..” ဆိုၿပီး ေမဦးက ေရးသားေျပာျပထားတာ ျဖစ္ပါတယ္..။ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ က်ရာေနရာကေန အင္တိုက္အားတိုက္နဲ႔ အပင္ပန္းခံကာ အားျဖည့္ပါဝင္ႀကိဳးစားေနတဲ့ ေမဦးကိုေတာ့ အားလုံးက ေလးစားခ်ီးက်ဴးေနၾကတာ ျဖစ္ပါတယ္…။

SOURCE: May Oo’s Fb Acc
crd :MM Load

အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေအားလုံး တက်ညီလက်ညီ စည်းစည်းလုံးလုံးနဲ့ ကြိုးစားတော်လှန်တိုက်ပွဲဝင်နေကြတာကတော့ ယနေ့အထိပါပဲ..။ပြည်သူ(၈၀၀) ကျော် အသက်ပေးကျဆုံးသွားကြပြီး ပြည်သူတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံထားရတဲ့ အနုပညာရှင်တွေရှိကြသလို တောထဲတောင်ထဲ အပင်ပန်းခံ ဆက်လက်တိုက်ပွဲဝင်နေသူတွေကလည်း အများအပြားရှိနေဆဲ…။

ဖေဖော်ဝါရီလ (၁)ရက်နေ့ကတည်းက တစ်ရက်မှ မပျက် လမ်းပေါ်ထွက်လှုပ်ရှားမှုတွေပြုလုပ်ကာ လက်ရှိအခြေအနေတွေမှာလည်း နယ်စပ်တစ်နေရာမှာ ရောက်ရှိနေတဲ့ မေဦးကတော့ တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့ရလို့ ဂုဏ်ယူနေတဲ့အကြောင်း ပြောပြလာပါတယ်…။

ဖယ်ဒရယ်ဒီမိုကရေစီအတွက် စွန့်လွှတ်မှုတွေနဲ့ တောထဲတောင်ထဲမှာ အနေဆင်းရဲ အစားဆင်းရဲ ကိုယ်တိုင်အပင်ပန်းခံကာ ကြိုးစားတော်လှန်နေရလို့ ဂေး တစ်ယောက်အနေနဲ့ ဂုဏ်ယူနေမိတဲ့ အကြောင်းတွေကို ပြောပြထားတာပါ..။“Myanmar LGBTQ 🏳️‍🌈အားလုံးကိုယ်စားFederal democracy အတွက်တော်လှန်ခဲ့ရလို့Gay တစ်ယောက်အနေနဲ့ ပိုဂုဏ်ယူမိတယ်💪🏻❤️🏳️‍🌈Pride2021 pridemonth2021..” ဆိုပြီး မေဦးက ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။တော်လှန်ရေးတိုက်ပွဲကြီးမှာ ကျရာနေရာကနေ အင်တိုက်အားတိုက်နဲ့ အပင်ပန်းခံကာ အားဖြည့်ပါဝင်ကြိုးစားနေတဲ့ မေဦးကိုတော့ အားလုံးက လေးစားချီးကျူးနေကြတာ ဖြစ်ပါတယ်…။

SOURCE: May Oo’s Fb Acc
crd :MM Load